Gunners’ Side – နောက်ဆုံးရအာဆင်နယ်သတင်းများ (7Apr)

တီယာနေရဲ့ ဒဏ်ရာအခြေအနေက တော်တော်ဆိုးရွားကြောင်း ချားလ်ဝက်စ်ပြော

အာဆင်နယ်နောက်ခံအစွန်လူ တီယာနေရဲ့ ဒဏ်ရာအနေအထားဟာ ဘယ်အချိန်ပြန်ကောင်းမယ်ဆိုတာ မသိရသေးတဲ့အပြင်  လာမယ့်ရာသီအကြို ခြေစမ်းပွဲကာလရောက်မှသာ ပြန်လည်ကစားနိုင်ဖွယ်ရှိတယ်လို့   နာမည်ကျော်သတင်းထောက် ချားလ်ဝက်စ်က ပြောဆိုလာပါတယ်။  “  ကျွန်တော် အာဆင်နယ်အသင်းနဲ့ နီးစပ်သူအတော်များများနဲ့စကားပြောထားပါတယ် .. သူတို့ကတော့  ဂျူလိုင်လလောက်မှာ တီယာနေတစ်ယောက် အလုံးစုံပြန်ကောင်းလာဖို့ပဲ ရည်မှန်းထားကြတယ်လို့ပြောပါတယ် ..  ဒီတော့ ဇွန်လမှာကစားဖို့ရှိတဲ့ နိုင်ငံတကာပွဲစဥ်ကိုလဲ သူလွဲချော်ဖို့ရှိပါတယ် “  လို့ပြောဆိုလာခဲ့တာဖြစ်ပါတယ်။

တာဗာရက်စ်ကို စိတ်ပူနေတဲ့ ဂန္တဝင်

အာဆင်နယ်အသင်းရဲ့ ဂန္တဝင် ကီဗင်ကင်းဘဲလ်က နောက်ခံအစွန်လူ တာဗာရက်စ်အနေနဲ့ ဖိအားတွေအလွန်များပြီး စိတ်ပိုင်းဆိုင်ရာအခြေအနေလည်း ကျဆင်းနေတာကြောင်း  အသင်းနဲ့ အနာဂတ်ကုန်သွားမယ့်အဖြစ်မျိုးကို စိုးရိမ်ကြောင်းထုတ်ပြောလာပါတယ်။

“ သူက တော်တော်လေးကို ယုံကြည်ချက်ပျောက်ဆုံးနေပါတယ် ..  ကျွန်တော်ကတော့ သူ့ကို ပြန်တည်ဆောက်ဖို့ ကြိုးစားပေးချင်ပါတယ် .. ပွဲမကစားရတာလဲ ကြာပြီဆိုတော့ ပုံစံတော်တော်လေးပျက်စီးနေပါတယ် … အရိုးသားဆုံးပြောရအောင်ဗျာ … ကောင်းကောင်းသာကစားနိုင်ရင် သူလဲ ကစားသမားကောင်းတစ်ယောက်ပဲမဟုတ်လား  “  ဆိုပြီး  Highbury Squad အစီအစဥ်ကနေတဆင့်ပြောခဲ့တာဖြစ်ပါတယ်။

တကယ်ကူညီပေးနိုင်တဲ့ တိုက်စစ်မှုးလိုအပ်နေကြောင်း အီယန်ရိုက်ပြောဆိုလာ

ကစားသမားဟောင်းကြီး အီယန်ရိုက်ကတော့ သူ့ရဲ့ ကိုယ်ပိုင်အစီအစဥ်မှတစ်ဆင့် အသင်းဟာ  လိုအပ်ချိန်မှာ အမှန်တကယ် ကူညီပေးနိုင်မယ့် တိုက်စစ်မှုးလိုအပ်နေပြီဖြစ်ကြောင်းပြောဆိုလာပါတယ်။

“  ကျွန်တော်တို့ တစ်ခုခုလုပ်ရပါတော့မယ် .. အသင်းက တစ်ယောက်ယောက်ကိုတွေ့ထားပြီးသားလဲဖြစ်နိုင်ပါတယ် .. နောက်တစ်ဆင့်ထပ်ပြီး တိုးတက်နိုင်ဖို့အတွက်  အမှန်တကယ်အလုပ်ဖြစ်တဲ့ တိုက်စစ်မှုးတစ်ယောက်လိုအပ်ပါတယ်  “  ဆိုပြီး လာကာဇက်ကို မှီခိုလို့မရတော့တာကိုထောက်ပြလာတာဖြစ်ပါတယ်။

ဂျော်ဂျီယာလူငယ်ကို အာဆင်နယ်နဲ့ နာပိုလီအပြိုင်စောင့်ကြည့်နေ

အာဆင်နယ်အသင်းနဲ့ နာပိုလီအသင်းတို့ဟာ  ဂျော်ဂျီယာတိုက်စစ်မှုး  ကဗာရတ်စ် ခီလီယား   ကိုအပြိုင်ကြိုးစားနေကြကြောင်း Area Napoli  ကို  ကိုးကားပြီး Just Arsenal  ကဖော်ပြလာပါတယ်။ ယခင်က ရူဘင်ကာဆင်မှာ ကစားခဲ့ပြီး  ရုရှား – ယူကရိန်းအရေးဖြစ်လာတဲ့နောက် ဒိုင်နမို ဘာတူမီမှာ အငှားထွက်ကစားနေတဲ့ ဂျော်ဂျီယာကြယ်ပွင့်ဟာ   အသက် ၂၁ နှစ်သာရှိသေးပြီး ပွဲပေါင်း ၁၀၀ ခန့်ကစားပြီးသူဖြစ်တာကြောင့်  အာဆင်နယ်လူငယ်အင်အားစုထဲကို လာရောက်ပါဝင်ဖို့ သင့်တော်တဲ့ လူငယ်တိုက်စစ်မှုးဖြစ်ကြောင်းရေးသားနေကြပါတယ်။

ဗီလာနောက်ခံလူကို အာတီတာသဘောကျနေကြောင်း ရေးသားနေကြ

အက်စတွန်ဗီလာရဲ့ ဗဟိုနောက်ခံလူ အက်စရီကွန်ဇာကို  အာဆင်နယ်တို့စိတ်ဝင်စားနေကြောင်း Football Insider ကဖော်ပြလာပါတယ်။ အာဆင်နယ်ဟာ  လက်ရှိဗဟို ခံစစ်အတွဲကို အားဖြည့်ဖို့  ပြင်ဆင်နေဆဲဖြစ်ပြီး  အသက် ၂၃ နှစ်အရွယ် ကွန်ဇာဟာ  အာတီတာရဲ့ နွေရာသီပစ်မှတ်ဖြစ်တယ်လို့ အဆိုပါသတင်းကဆိုပါတယ်။ လက်ရှိအချိန်မှာ အငှားချလူငယ်လေး ဆာလီဘာနဲ့လည်း ပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုကို မချရသေးပေမယ့် နောက်တန်းကိုတော့သေချာပေါက်ဖြည့်တင်းသွားမှာဖြစ်ကြောင်း သတင်းများကရေးသားနေကြပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: