တကယ်လို့ ရာသီအစ ၃ ပွဲအပြီးမှာသာ ပရိသတ်တွေကို “ရာသီကုန် အာဆင်နယ်အသင်း ယူရိုပါလိဂ်၀င်ခွင့်ပဲရမယ်ဆို ကျေနပ်မလား” လို့ မေးရင် အလွယ်တကူ ခေါင်းညိမ့်မိကြမှာပါ။ ခုအချိန် ဒီမေးခွန်းကို မေးရင်တော့ “ဒီလောက်နဲ့တော့ မကျေနပ်နိုင်ပါဘူး”လို့ ဖြေကြမှာဖြစ်ပါတယ်။
ဘောလုံးပွဲတစ်ပွဲရလဒ်မကောင်းတဲ့အခါ ၃ – ၄ ရက်လောက်ထိအရှိန်ပါသွားတတ်တာဖြစ်လို့ အာဆင်နယ်ပရိတ်သတ်တွေဟာ ပဲလေ့စ်ရှုံးပွဲကနေ နာလံထူဖို့ ကြိုးစားနေရဆဲဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမတိုင်မီမှာ ခြင်္သေ့ပြာတွေရဲ့ အဆင့်သုံးနေရာကိုပဲ ဂန်းနားတွေ တက်သိမ်းတော့မလားဆိုပြီး မျှော်လင့်နေရာက သုံးဂိုးပြတ်အရှုံးဆိုတဲ့ ရလဒ်ကို ကြုံလိုက်ရတဲ့အခါ ပရီတ်သတ်တွေဟာ သက်ပြင်းချရုံကလွဲ ဘာမှ မတတ်နိုင်ခဲ့ကြပါဘူး။
အရံအင်အားနဲပါးခြင်း ၊ ငယ်ရွယ်လွန်းလှတဲ့လူစာရင်း၊ အတွေ့အကြုံရှာနေဆဲ လူငယ်မန်နေဂျာ တစ်ယောက်နဲ့ ရုပ်လုံးတစ်ခုပေါ်လာစ အသင်းဟာ ချန်ပီယံလိဂ် ၀င်ခွင့်ကို စိန်ခေါ်နိုင်မယ့် အနေအထားမှာရှီနေတယ်လို့ ဘယ်သူမှ မတွေးမိခဲ့လောက်ပါဘူး။ဒါပေမယ့် အာတီတာနဲ့ သူ့ရဲ့လူငယ်လေးတွေဟာ ပရီတ်သတ်တွေ မမျှော်လင့်ထားလောက်အောင် ကောင်းပြခဲ့ပါတယ်။ချဲလ်ဆီးကို ဘယ်နည်းနဲ့မှ လိုက်မမီနိုင်ဘူးလို့ ထင်ခဲ့ဖူးပေမယ့် ပဲလေ့စ်နဲ့ပွဲမတိုင်မီမှာ အာဆင်နယ်ဟာ ချဲလ်ဆီးကို ကျော်ဖြတ်တော့မလားလို့တောင် မျှော်လင့်နိုင်တဲ့ အနေအထားကိုရောက်ခဲ့ပါတယ်။

သို့သော် မတူညီတဲ့အမြင်တွေကြားထဲမှာ အာဆင်နယ်အသင်းဟာ လေးစားမှုတစ်ခုကို မရရှိထားသေးပါဘူး။ ပီးယားစ်မော်ဂန်တို့လို ပရိတ်သတ်တွေအမြင်မှာ အာတီတာသည် မည်သို့သော အကြောင်းပြချက်နဲ့မှ ဒီနေရာမှာရှိမနေသင့်ဘူးဆိုတဲ့အယူအဆဟာ ခိုင်မြဲနေပြီး ပြောင်းလဲဖို့လဲမလွယ်ပါဘူး။ ထိုအမြင်ကို လက်ခံထားတဲ့ အားပေးသူတွေကလည်း အာတီတာကို ဘာလုပ်ပြပြလက်ခံလာမယ့်သဘောမရှိပါဘူး။ တဖက်မှာလည်း အာတီတာဟာ သူ့ရဲ့အလားအလာတွေကို ဘယ်လောက်အထိလက်တွေ့အကောင်အထည်ဖော်နိုင်မလဲဆိုတာက ဒီမေးခွန်းကို တစိတ်တပိုင်းအဖြေပေးနိုင်မှာဖြစ်ပါတယ်။
တဖက်မှာလည်း ဘောလုံးအသင်းတွေမှာဖြစ်တတ်တဲ့ Out Of Form ဖြစ်ခြင်း ၊ ပွဲပန်းခြင်းတွေကြောင့် အသင်းရှုံးတဲ့အခါ အတိမ်းအစောင်းမခံတဲ့အခြေအနေရောက်နေတဲ့အသင်းအဖို့ ဖိအားတွေကိုပိုများစေပါတယ်။
ပဲလေ့စ်ကိုရှုံးတဲ့ပွဲအပြီးမှာ လက်ကျန်ကစားဖို့ ၉ ပွဲရှိနေပါသေးတယ်။ မန်ယူ၊စပါး၊ချဲလ်ဆီးတို့နဲ့ ရင်ဆိုင်ရဖို့ရှိသေးတယ်။ လက်ကျန်ပွဲစဉ်တွေဟာ ခက်ခဲမှာဖြစ်လို့ အမှားအယွင်းလေးတစ်ခုလောက် ရှိရင်တောင် ချန်ပီယံလိဂ် အိပ်မက်ကို စွန့်ပစ်လိုက်ရနိုင်ပါတယ်။ ချန်ပီယံလိဂ် ၀င်ခွင့်ကိုသာ လွဲခဲ့ရရင် လာမယ့် နွေရာသီမှာ ကစားသမားကောင်းတွေခေါ်ယူဖို့ ခက်ခဲလာနိုင်တယ်။ အသင်းက ကစားသမားအချို့ကိုလည်း ဆုံးရှုံးကောင်း ဆုံးရှုံးရနိုင်တယ်။ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကိုလည်း ထိခိုက်လာနိုင်တယ်။
ယေဘူယျကျကျသုံးသပ်ရရင်တော့ အာဆင်နယ်တို့ရဲ့ ရာသီကုန်ရပ်တည်မှုဟာဘယ်နည်းနဲ့မဆို Europa Conference League အောက်ကို ကျသွားဖို့မရှိဘူးလို့ ယူဆရပါတယ်။ သို့သော် ချန်ပီယံလိ်ဂ်မှအပ အခြားသောအခြေအနေနဲ့ သာဇာတ်သိမ်းခဲ့ရင်တော့ နွေရာသီတစ်ခုလုံးမှာ အာတီတာနဲ့ပတ်သတ်တဲ့ငြင်းခုံမှုတွေဟာ အဓိက ခေါင်းစဥ်တွေဖြစ်လာမှာအသေအချာပါပဲ။ အာတီတာဟာ Profile နိမ့်ပါးနေသေးတဲ့နည်းပြဖြစ်တာကြောင့် ကျွမ်းကျင်သူတွေနဲ့ အချို့ပရိတ်သတ်တွေရဲ့ အထင်ကြီးလေးစားမှုကို လုံးဝမရရှိသေးတာကလဲလက်တွေ့ဖြစ်ပါတယ်။
Leave a Reply