ဂါဘရီယယ်နဲ့ ပေါင်သန်း၂၀ကျော်တန် စာချုပ်အသစ်ချုပ်ဆိုဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ သူတို့ရဲ့ ဘရာဇီးနောက်ခံလူကို စာချုပ်အသစ်ချုပ်ဖို့ ပြင်ဆင်နေပြီး စာချုပ်အသစ်မှာ သဘောတူညီချက်အသစ်တွေနဲ့ အခုထက်ပိုကောင်းတဲ့ လစာနှုန်းထားတွေပါ၀င်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ 

အသက်၂၄နှစ်အရွယ်ကစားသမားဟာ လက်ရှိမှာ အသင်းဖော် ဘန်ဝှိုက်နဲ့ တွဲဖက်ပြီး အကောင်းဆုံးခြေစွမ်းပြသထားနိုင်နေတာ ဖြစ်ပါတယ်။ ပေးဂိုးမရှိ ပရီးမီးယားပွဲစဉ်၁၃ပွဲအထိ အသင်းနဲ့အတူ ရယူထားနိုင်ပြီး သွင်းဂိုး၃ဂိုးကိုလည်း သွင်းယူထားနိုင်ခဲ့ပါတယ်။ ဂါဘရီယယ်ဟာ ၂၀၂၀မှာ လိုင်လီကနေ အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး အသင်းမှာ အလျင်အမြန်အထိုင်ကျကာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် မန်နေဂျာ၊ အသင်းဖော်နဲ့ ပရိသတ်တွေရဲ့ နှစ်သက်မှုကို ရရှိထားပါတယ်။ 

CBS Sports ရဲ့အဆိုအရ အာဆင်နယ်ဟာ သူတို့ရဲ့ကစားသမားကို အမ်းမရိတ်မှာ နှစ်ရှည်ထိန်းသိမ်းထားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အလျင်အမြန်တော့ ဖြစ်လာနိုင်ချေ မရှိသေးပါဘူး။ 

ဘရာဇီးလ်သားရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၄-၂၅ရာသီမှသာ ကုန်ဆုံးဖို့ ရှိနေတာ ကြောင့် အာဆင်အနေနဲ့ အသင်းရဲ့ လူငယ်ကြယ်ပွင့် ဆာကာကိုပဲ စာချုပ်သက်တမ်းတိုးဖို့ ဦးစားပေးပြီး အလျင်အမြန်ကြိုးစားလာဖို့ ရှိနေပါတယ်။ ဆာကာဟာ ဥရောပရဲ့ အကောင်းဆုံးလူငယ်ကစားသမားတွေထဲက တစ်ဦးဖြစ်တာကြောင့် လာမယ့်နွေရာသီမှာ ဥရောပ ထိပ်သီးအသင်းတွေက သူ့ကို ခေါ်ယူဖို့ ကြိုးစားလာနိုင်ချေရှိပါတယ်။ ဒါကြောင့် အာဆင်နယ်အနေနဲ့ ဆာကာကို လက်ရှိလစာနှုန်းထားထက် အများကြီးပိုပေးပြီး စာချုပ်အသစ်ချုပ်ဆို ဖို့ရှိနေတာ ဖြစ်ပါတယ်။ 

ဂါဘရီယယ်ဟာ အာဆင်နယ်အသင်းအတွက် ၆၁ပွဲကစားထားခဲ့ပြီး ၆ဂိုးသွင်း ၊ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ဂါဘရီယယ်ရဲ့ ခြေစွမ်းကြောင့် မကြာသေးမီကပဲ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ပထမဆုံးရွေးချယ်ခံထားရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: