လာမယ့်နွေရာသီမှာ အာဆင်နယ်အနေနဲ့ ပေပေရဲ့နေရာကိုအစားထိုးဖို့ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ တောင်ပံကစားသမား ဇာဟာကို ခေါ်ယူဖို့ ကစားသမားဟောင်း ပေါလ်မာဆင်က အကြံပေးခဲ့ပါတယ်။
လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက အာဆင်နယ်ဟာ ဇာဟာ ကို ပေါင်းသန်း၄၀နဲ့ ခေါ်ယူဖို့ ခရစ္စတယ်ပဲလေ့စ်ကို ကမ်းလှမ်းခဲ့ပေမယ့် ပဲလေ့စ်က ဒီထက်ပိုများပြားတဲ့ ငွေကြေးပမာဏကို အလိုရှိနေခဲ့တာကြောင့် အဆင်မပြေခဲ့ပါဘူး။ ဒါကြောင့် အဲ့ဒီအချိန်တုန်းက အသင်းရဲ့ မန်နေဂျာဖြစ်သူ အူနိုင်းအမ်မရီက ဇာဟာအစား ပေပေကို လိုင်လီကနေ အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်၇၂သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ပေပေဟာ အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့ပြီးကတည်းက ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေခဲ့ရပြီး လက်ရှိရာသီမှာ ပွဲထွက်ခွင့်ပါ ပျောက်ဆုံးနေခဲ့ပါတယ်။
ဒါကြောင့် ပေါလ်မာဆင်က အာဆင်နယ်အနေနဲ့ ဇာဟာကို ခေါ်ယူဖို့ ပြန်ကြိုးစားသင့်တယ်လို့ ဆိုလာတာ ဖြစ်ပါတယ်။

“အာတီတာအတွက် ဇာဟာကို ခေါ်ယူဖို့ အချိန်ကောင်းတစ်ခုပါပဲ။အခုချိန်ခေါ်ရင် အရင်ကထက် သက်သာတဲ့ ဈေးနဲ့ရနိုင်သလို ဇာဟာကလည်း အာဆင်နယ်ခေါ်ဖို့ ကြိုးစားခဲ့တုန်းကထက်ပိုကောင်းလာခဲ့ပါပြီ။”
“ ဇာဟာက အသင်းအတွက် အပြောင်းအလဲတစ်ခု ပြုလုပ်ပေးနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။သူက နီကိုလပ်စ်ပေပေထက်ကောင်းပါတယ်။သူက (ပြိုင်ဘက်)ကစားသမားတွေကို သူ့ဆီဆွဲခေါ်တတ်ပြီး တစ်ခုခုဖြစ်လာအောင် လုပ်ဆောင်တတ်ပါတယ်”
ဇာဟာဟာ ပေပေထက် ကောင်းမွန်တဲ့ ခြေစွမ်းကို ပြသထားနိုင်တာတော့ အမှန်ပဲ ဖြစ်ပါတယ်။လက်ရှိရာသီမှာ အသင်းအတွက် ပရီးမီးယားလိဂ် သွင်းဂိုးတစ်ဂိုးသာ ရယူထားနိုင်ပြီး အာတီတာရဲ့ ပွဲထွက်လူစာရင်းအတွက် ဆာကာ၊စမစ်ရိုးတို့ရဲ့ နောက်မှာသာ ရှိနေတာ ဖြစ်ပါတယ်။
လာမယ့်နွေရာသီမှာတော့ ပေပေဟာ အမ်းမရိတ်ကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး အာဆင်နယ်အနေနဲ့ တောင်ပံကစားသမားတစ်ယောက်ကို ပြန်လည်ခေါ်ယူနိုင်ချေရှိနေတာကြောင့် ပေါလ်မာဆင်က ခုလို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

Original Article Here
Leave a Reply