
ဦးဆောင်ကစားနိုင်ပေမယ့် သရေနဲ့ပွဲသိမ်းခဲ့ရတဲ့ အာဆင်နယ်လူငယ်များ
အာဆင်နယ် U23 အသင်းဟာ မန်စီးတီးအသင်းနဲ့ပွဲစဥ်မှာ ၃ – ၁ နဲ့အပြတ်ဦးဆောင်ထားနိုင်ခဲ့ပေမယ့် နောက်ဆုံးမိနစ်ချေပဂိုး ၂ ဂိုးကြောင့် ၃ – ၃ စီသရေနဲ့သာကျေနပ်ခဲ့ရပါတယ်။ အားထားရတဲ့တိုက်စစ်မှုးလေး ဘီရတ်က ဂိုးသွင်းနိုင်ခဲ့သလို အခြားသော ကြယ်ပွင့်လူငယ်လေးတွေလဲပါဝင်ခြေစွမ်းပြနိုင်ခဲ့ပေမယ့် မထင်မှတဲ့ဂိုးတွေကြောင့် အနိုင်နဲ့ဝေးခဲ့ရတာဖြစ်ပါတယ်။
ပါတေးဒဏ်ရာက နေရာဟောင်းဖြစ်လို့ အာတီတာစိုးရိမ်
ယခင်ထိထားဖူးတဲ့နေရာက ပြန်နာနေတာဖြစ်လို့ စိုးရိမ်မိကြောင်း အာတီတာက ပဲလေ့စ်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ပါတေးအတွက် ပြောဆိုလာပါတယ်။ “ သူဘယ်လိုခံစားနေရလဲတော့အတိအကျမသိပါဘူး .. ဒါပေမယ့် အရင်တုန်းကလဲ ဒဏ်ရာရဖူးခဲ့တဲ့နေရာကနေ ပြန်နာနေတာဖြစ်လို့ တော်တော်လေးတော့စိုးရိမ်စရာကောင်းပါတယ် “ လို့ပြောကြားခဲ့ကြောင်း Football London က တင်ပြလာတာဖြစ်ပါတယ်။
ပါတေးဟာ အာဆင်နယ်ရဲ့ အဓိက အကျဆုံးကစားသမားဖြစ်ပြီး အသင်းအတွက်လည်းပွဲတိုင်းလိုလိုခြေစွမ်းပြနိုင်သူဖြစ်လို့ ချန်ပီယံလိဂ်ပြေးလမ်းကို ဦးတည်ရုန်းကန်နေတဲ့ အာဆင်နယ်အတွက်စိုးရိမ်စရာအခြေအနေဖြစ်ပါတယ်။
စပါးနဲ့အာဆင်နယ်တို့ပဲ အဓိက ပြိုင်ရမယ်လို့ ဝိန်းရူနီ မှတ်ချက်ပေး
မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကစားသမားဟောင်း နဲ့ ဒါဘီနည်းပြ ဝိန်းရူနီက အဆင့် ၄ နေရာနဲ့ပတ်သတ်ပြီးထင်မြင်ချက်ပေးခဲ့တာကို Metro UK က အခုလိုပဲဖော်ပြသွားခဲ့ပါတယ်။
“ ကျွန်တော်ကတော့ အဆင့် ၄ အတွက် အာဆင်နယ်နဲ့ စပါးတို့ပဲယှဥ်ပြိုင်ရတော့မယ်လို့ ထင်ပါတယ်။ ယူနိုက်တက်အတွက်ကတော့ သိပ်နောက်ကျသွားခဲ့ပါပြီ။ .. ဒီနှစ်သင်းအနက်ကမှ စပါး အသင်းရဲ့ လူစာရင်းက အတွေ့အကြုံပိုသာနေပါတယ်.. ဒီတော့ စပါးကိုပဲ နဲနဲအလေးသာပေးမိပါတယ် “ ဆိုပြီးပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ အခြေအနေကောင်းနေဆဲမို့ ပြာယာခတ်မသွားဖို့လိုကြောင်း ကာရေဂါ သတိပေး
နာမည်ကျော်တင်ဆက်သူ ဂျေမီကာရေဂါက အာဆင်နယ်အသင်းရှုံးပွဲအပေါ်မှာ အစိုးရိမ်လွန်ပြီး ပြာယာခတ်သွားစရာမလိုကြောင်းအခုလိုပဲပြောဆိုလာပါတယ်။
“ အာဆင်နယ်အတွက်တော့ ၃ မှတ်အပြင် အခြားဆုံးရှုံးမှုတွေလဲများတဲ့ညပါပဲ .. ဒါပေမယ့်အရေးအကြီးဆုံးအချက်က သူတို့တွေအစိုးရိမ်လွန်ပြီး ပြာယာခတ်မသွားဖို့ပါပဲ .. သူတို့ဟာ အခုအချိန်ထိ အခြေအနေကောင်းနေပါသေးတယ်။ ယူနိုက်တက် ထက်ရော ၊ စပါးထက်ပါ သူတို့သာနေပါသေးတယ်။ အာဆင်နယ်ဟာ အဝေးကွင်း ၅ ပွဲဆက်ကို လောလောလတ်လတ်နိုင်ထားခဲ့ကြတာပါ .. သူတို့ဟာ ၁၈ မှတ်အနက် ၁၅ မှတ်ရထားကြသူတွေပါ “ ဆိုပြီး အားပေးပြောဆိုသွားခဲ့ပါတယ်။
တီယာနေ အခြေအနေစိုးရိမ်ရကြောင်း အာတီတာ အတည်ပြု
နည်းပြအာတီတာဟာ တီယာနေရဲ့ ဒဏ်ရာနဲ့ပတ်သတ်ပြီး စိုးရိမ်ရတဲ့အခြေအနေမှာရှိကြောင်း BBC Sports နဲ့တွေ့ဆုံရာမှာအခုလိုပဲပြောကြားခဲ့ပါတယ်။
“ နိုင်ငံတကာပွဲစဥ်တွေကနေပြန်လာတော့ သူ့ရဲ့ ဒူးမှာက ပြသနာရှိနေခဲ့ပါတယ်။ ထိခိုက်မှုလဲနဲနဲရှိထားပါတယ် .. အဂါနေ့ကျရင် အထူးကုတွေနဲ့တွေ့ပြီးတဲ့အခါ ပိုပြီးအသေးစိတ်သိရဖို့မျှော်လင့်ထားပါတယ် .. ဒါပေမယ့် အခြေအနေက စိုးရိမ်ရပါတယ် “ လို့ဆိုခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းကတော့ အခက်အခဲတွေတစတစတိုးလာပြီဖြစ်ပါတယ်။
Leave a Reply