စပိန်သတင်းစာ Super Deporte ရဲ့ဖော်ပြချက်အရ အာဆင်နယ် ၊ စပါးနဲ့ လီဗာပူးအသင်းတွေရဲ့ ကင်းထောက်တွေဟာ ဗလင်စီယာအသင်းရဲ့ ဗဟိုခံစစ် ကစားသမားလေး ခရစ်သီယန် မော်စ်ကေးယားရဲ့ ခြေစွမ်းကို နှစ်သက်သဘောကျနေကြတယ်လို့ သိရပါတယ်။ အဆိုပါ စပိန် U19 အသင်းရဲ့ ကစားသမားလေးကို ပရီးမီးယားလိဂ် သုံးသင်းစလုံးက နိုင်ငံအသင်းနဲ့ကစားတဲ့ပွဲစဥ်တွေမှာ လာရောက်ကြည့်ရှုသွားကြတယ်လို့ဆိုပါတယ်။
မက်စ်တဲလားကြယ်ပွင့်လေးဟာ ကလပ်အသင်းကစာဖော် ဂျီးဆပ်ဗက်စ်ကွက်စ်နဲ့အတူ နိုင်ငံအသင်းအတွက် ကစားပေးခဲ့ကြတာဖြစ်ပါတယ်။ စပိန်သတင်းစာကတော့ အဆိုပါစပိန်လူငယ် ၂ ယောက်စလုံးကို အဂ်လန်အသင်းတွေက သဘောကျနေတာလို့လည်းဆိုထားပါတယ်။ ၁၇ နှစ်သားဗဟိုခံစစ်လူငယ်လေးဟာ စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၂၀ ခန့်ရှိတယ်လို့သိရပြီး သူနဲ့ အသက်အရွယ်တန်းတူလူငယ်တွေထက်တော့ပိုများနေတာလဲဖြစ်ပါတယ်။

အရပ် ၆ပေ၃လက်မရှိတဲ့ ဗဟိုနောက်ခံလူငယ်လေးဟာ အစွန်မှာလည်းကစားနိုင်သူဖြစ်သလို ဖူဆယ်ဘောလုံးကိုလည်း အစွန်လူတစ်ယောက်အဖြစ်ကစားနို်င်တယ်လို့ သိရပါတယ်။ ဒါဟာ လက်ရှိအာဆင်နယ်မှာအစွမ်းပြနေတဲ့ ဘရာဇီးသားလေး မာတင်နယ်လီကိုတောင်ပြေးပြီးသတိရစေပါတယ်။ ခံစစ်ကစားသမားဖြစ်ပေမယ့် တိုက်စစ်ချိတ်ဆက်နိုင်စွမ်းကောင်းမွန်ပြီး ပေးပို့မှုတွေ ၊ ဘောလုံးကိုင်ထားပြီး ဆုံးဖြတ်ချက်ချပုံတွေဟာလည်း သူ့အသက်အရွယ်တန်းကစားသမားတွေကြားမှာတော့ အံ့သြစရာဖြစ်ကြောင်း ချီးမွန်းခံထားရသူဖြစ်ပါတယ်။
မက်စတဲလားရပ်ဝန်းဆီက နည်းပြ မီဂွယ် အန်ဂူလိုကတော့ အခုလိုမှတ်ချက်ပေးခဲ့ဖူးပါတယ်။
“ ရုပ်ပိုင်းဆိုင်ရာလည်း ကြံ့ခိုင်ပြီးနည်းစနစ်လည်းကြွယ်တဲ့လူငယ်လေးပါပဲ။ အမြင့်ဘောတွေကိုလည်း ပိုင်ပိုင်နိုင်နိုင်ကစားနိုင်ပါတယ်။ သူ့အသက်အရွယ်တန်းမှာတော့ တော်တော်လေးရင့်ကျက်တဲ့သူပါ “ လို့ဆိုခဲ့ပါတယ်။
အာတီတာကဟာ သူ့ရဲ့အသင်းကိုလူငယ်တွေနဲ့တည်ဆောက်နေတာဖြစ်လို့ အနာဂတ် အသင်းလူစာရင်းမှာ ခရစ်စသီယန်ကို ကြိုတင်ထည့်ထားလိုက်ပုံပါပဲ။ ကစားသမားလေးအတွက်ကတော့ စီနီယာအဆင့်မှာထပ်မံခြေစွမ်းပြဖို့ လိုပါသေးတယ်။ ဗလင်စီယာအတွက်ကတော့ ရောင်းတန်းဝင်လူငယ်နှစ်ယောက်ကို ရရှိထားပြီလို့တော့ဆိုနိုင်ပါတယ်။

Original Article Here,
Leave a Reply