ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲကိုပါ သက်ရောက်လာနိုင်တဲ့ ပဲလေ့စ်နဲ့ပွဲ

ပွဲစဥ်တိုင်းက ဗိုလ်လုပွဲဖြစ်ကြောင်း  အာတီတာဟာ မကြာခနပြောဆိုခဲ့ပြီးဖြစ်ပါတယ်။  သို့သော်အမှတ်ပေးဇယားကို အပြောင်းအလဲဖြစ်စေနိုင်တဲ့အခြေအနေကလည်း သပ်သပ်ဖြစ်ပါတယ်။ ဒီအပတ်ပွဲစဥ်တွေကစားအပြီးမှာ  ချန်ပီယံလိဂ်တိုက်ပွဲကို အားပျော့စေတဲ့အချက်ရော ၊ အားကောင်းစေတဲ့အချက်ရောက တူတူဖြစ်လာခဲ့ပါတယ်။ အားကောင်းစေတာကတော့  ချဲလ်ဆီးရဲ့ မထင်မှတ်ထားတဲ့ရှုံးပွဲဖြစ်ပြီး  အားလျော့သွားစေတာကတော့  ယူနိုက်တက်အသင်းရဲ့  သရေပွဲဖြစ်ပါတယ်။

ပွဲစဥ်ကွာဟချက်အချို့ရှိနေပေမယ့် လက်ရှိအမှတ်ပေးဇယားအရ  အဆင့် ၃ က ချဲလ်ဆီးနဲ့ အဆင့် ၇ က မန်ချက်စတာယူနိုက်တက်တို့ဟာ ၈ မှတ်သာကွာဟနေတာတွေ့ရပါတယ်။ တကယ်လို့  လက်စတာနဲ့ပွဲမှာသာယူနိုက်တက်တို့အနိုင်ရခဲ့ရင်   ၆ မှတ်သာကွာဟမှာဖြစ်ပြီး  ချန်ပီယံလိဂ်ဝင်ခွင့်ဟာ ပိုပြီးအကြိတ်အနယ်ရှိလာမှာဖြစ်ပါတယ်။

ဒီတစ်ပတ် မှာ စပါးအသင်းအနိုင်ရပြီးတဲ့နောက် ပဲလေ့စ်ကွင်းမှာကစားရမယ့်  ပဲလေ့စ်နဲ့ အာဆင်နယ်တို့ပွဲဟာ အလွန်အရေးပါလာပြီဖြစ်ပါတယ်။ အာဆင်နယ်သာ အနိုင်ရမယ်ဆိုရင် စပါးအသင်းကို ပြန်ပြီးကျော်တက်နိုင်မှာဖြစ်သလို  တတိယနေရာက ချဲလ်ဆီးနဲ့လည်း  ၂ မှတ်သာကွာမယ့် အနေအထားကိုရောက်ရှိသွားတော့မှာဖြစ်ပါတယ်။

ဒါပေမယ့် ပဲလေ့်စ်သာနိုင်သွားခဲ့ရင် ၊ သို့မဟုတ် သရေကျခဲ့ရင်တော့ အာဆင်နယ်တို့အဖို့ ပွဲပိုတစ်ပွဲရှိနေလင့်ကစား ဖိအားတွေအများကြီးဝင်သွားမှာဖြစ်ပါတယ်။

အာဆင်နယ်အနေနဲ့ ဒီပွဲကနေ အမှတ် ၃ မှတ်ကိုပိုင်ဆိုင်ဖို့ ဘယ်လိုပြင်ဆင်လာနိုင်ပါသလဲ။ Football London ကတော့ အောက်ပါအချက် ၃ ချက်ကိုထုတ်နှုတ်သုံးသပ်ထားပါတယ်။

အောင်ပွဲရအသင်းကိုပဲဆက်လက်စွဲကိုင်ထားဖို့

ဗီလာကို အနိုင်ရထားတဲ့အထိုင်ကို မဖျက်ချင်ရင်တော့ စမစ်ရိုးကို ပွဲထွက်ခိုင်းပြီး မာတင်နယ်လီကိုအရံထားရပါလိမ့်မယ်။ နိုင်ငံအသင်းနဲ့ ခြေစွမ်းပြထားတဲ့ မာတင်နယ်လီဟာ သူ့ရဲ့အရှိန်ကို ဆက်လက်ယူဆောင်လာဖို့ရှိနေပေမယ့်  ဗီလာနဲ့တုန်းက Game Plan တွေကို ဆက်ပြီးယူဆောင်လာမယ်။ ဒီအပေါ်မှာပဲ နည်းစနစ်ကို ဦးတည်လာမယ်ဆိုရင်တော့  စမစ်ရိုးကို မြင်ရဖို့ရှိပါတယ်။  ဒါ့အပြင် ဒဏ်ရာအကင်းမသေသေးတဲ့ ရမ်းဒေးလ်နေရာမှာ  လီနိုကိုပဲ ပွဲထွက်လာနိုင်ပါတယ်။

မာတင်နယ်လီကိုပဲ ပြန်သုံးမယ်

နောက်တစ်နည်းကတော့ ပွဲတိုင်းကျော်ခဲ့တဲ့ ပုံစံအတိုင်းမာတင်နယ်လီကို ဘယ်ခြမ်းမှာ ပွဲထွက်ကစားစေပြီး ၊ ပြိုင်ဖက်ပွဲပန်းချိန်ကိုစောင့်ကာ စမစ်ရိုးကို လူစားဝင်ကစားစေတဲ့ စနစ်ဖြစ်ပါတယ်။ တဖက်အသင်းကစားဟန်ကိုလဲ ကျက်မိချိန်မှာ ဘယ်တောင်ပံကနေ ဆက်တိုက်ကစားထားလို့  ကျစပြုနေတဲ့ မာတင်နယ်လီနေရာမှာ စမစ်ရိုးကိုထည့်ပြီး အခွင့်အရေးယူတာမျိုးကို အာတီတာလုပ်လာနိုင်ပါတယ်။ တကယ်တော့ ဒီပုံစံက ဖြစ်နိုင်ချေအများဆုံးပါပဲ။  ပြိုင်ဖက်တွေကို တောက်လျှောက်အနိုင်ယူခဲ့တဲ့ အာတီတာရဲ့ Signature Play လို့တောင်ဆိုလို့ရပါတယ်။

တိုက်စစ်ကုန်ဖွင့်မယ်။

မဖြစ်မနေနိုင်ရမယ့်ပွဲမျိုးမှာ  ပါတေးကို နောက်တန်း ၄ ယောက်ရှေ့မှာ Anchor Man  ပုံစံထားပြီး  ၄-၁-၄-၁ ပုံစံနဲ့ပွဲထွက်လာခဲ့ရင်လဲ အံ့သြစရာမရှိဘူးလို့ပြောရပါလိမ့်မယ်။  ဒီပုံစံမှာဆိုရင်တော့ မာတင်နယ်လီ နဲ့ စမစ်ရိုးကို တစ်ပွဲထဲမှာ အတူမြင်ရဖို့ရှိပါတယ်။  အားသာချက်အနေနဲ့ Peak Form ကိုရရှိနိုင်မှာဖြစ်ပေမယ့်  ပွဲထဲမှာ ထင်မှတ်မထားပဲတစ်ခုခုဖြစ်ခဲ့ရင်တော့ နည်းစနစ်အပြောင်းအလဲလုပ်ဖို့ခက်ပါလိ့မ်မယ်။ ကွင်းလယ်တိုက်စစ်သမားပိုများလာတဲ့အတွက် Intensive Attacking Play ကိုတော့ အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။  ဒါပေမယ့် အာတီတာ စွန့်စားမယ်တော့မထင်လောက်ပါဘူး။

ပထမအကျော့တုန်းက လိုကွန်ဂါရဲ့အမှားတွေရယ် ၊ ဘန်ဝှိုက်ရဲ့ အားနဲချက်ကဖြစ်ခဲ့တဲ့ နေရာလွတ်တွေရယ်ကြောင့်  ကန်ခွင့်နဲနဲမှာ ပြိုင်ဖက်ကို ၂ ဂိုးပေးရပြီး  ရှုံးတော့မလိုလိုဖြစ်ခဲ့ရတာကိုလဲ အမှတ်ရကြဦးမှာပါ။ ဒီပွဲဟာ အာဆင်နယ်အတွက်ရော အာတီတာအတွက်ပါအရေးကြီးပါတယ်။ ပွဲကျန်ကစားဖို့ ကျန်တယ်ဆိုပေမယ့်   စပါးအသင်းကို  အဆင့် ၄ ပေးထားရတာမျိုးက ဖိအားအလွန်ကြီးသလို  ၊  အာဆင်နယ်တသင်းလုံးလဲ ဝေဖန်မှုတွေနဲ့ ကြုံတွေ့သွားရနိုင်ပါတယ်။

ဒါကြောင့်  အသင်းကြီးအချင်းချင်းကစားချိန်မှာ အနိုင်လိုချင်တဲ့ခံစားချက်ကြောင့်စိတ်လှုပ်ရှားကြတယ်ဆိုပေမယ့် ယခုအပတ်ပဲလေ့စ်နဲ့ပွဲစဥ်ဟာ အလွန်အခရာကျသလို  အမှတ်ပေးဇယားအတွက်လည်း အရေးပါနေတဲ့ပွဲစဥ်ဖြစ်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: