ပီရက်စ်ပြောပြခဲ့တဲ့ သူအကြိုက်ဆုံး အာဆင်နယ်ကစားသမား ၄ ယောက်

ရော်ဘတ်ပီရက်စ်လို့ ဆိုလိုက်တာနဲ့ ဘားကမ့်၊ အွန်နရီတို့နဲ့ အတွဲအဖက်ညီညီ ခြေစွမ်းပြခဲ့ပြီး ရှုံးပွဲမရှိ ဂန်းနားလူစာရင်းမှာ ပါ၀င်ခဲ့တဲ့ ပြင်သစ်သားကြီး တစ်ဦးကို ပြေးမြင်ယောင်မိမှာပါ။ ပီရက် ဗီလာရီးရဲကို ပြောင်းရွှေ့ပြီးနောက်ပိုင်းကတည်းကနေ ခုချိန်ထိ အာဆင်နယ်က  ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ဝေးကွာခဲ့ရတာလည်း တိုက်ဆိုင်မှုတစ်ခုပါပဲ။ ပြင်သစ်သားကြီးဟာ အသင်းနဲ့အတူ ခြောက်နှစ်ကြာဖြတ်သန်းခဲ့ပြီး ဆုဖလားလေးဆု သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 

အာဆင်နယ် ဂန္တ၀င်ကစားသမားကြီး ရောဘတ်ပီရက်စ်က လက်ရှိအာဆင်နယ်ကစားသမားတွေထဲကနေ သူအကြိုက်ဆုံး ကစားသမားလေးယောက်ရဲ့ နာမည်တွေကိုပြောပြလာခဲ့ပါတယ်။ ရောဘတ်ပီရက်စ်ရဲ့ အကြိုက်ဆုံး ကစားသမားစာရင်းထဲမှာ ဆာကာ၊ စမစ်ရိုး၊ မာတင်နယ်လီနဲ့ ရမ်ဒေးလ်တို့ ပါ၀င်လာခဲ့ပြီး ပါတေး၊ ဘန်ဝှိုက်နဲ့ အိုဒီဂတ်တို့တော့ မပါ၀င်လာခဲ့ပါဘူး။ 

ဒါ့အပြင် ဆာကာနဲ့သူ့အကြားမှာ တစ်ခါတစ်ရံ ဆက်သွယ်မှုတွေ ရှိတယ်လို့လည်း ပီရက်စ်က ၀န်ခံခဲ့ပါတယ်။ နိုင်ငံမတူ ၊ခေတ်မတူတဲ့ ကစားသမားနှစ်ယောက်ကြား ခုလိုမျိုး ဆက်သွယ်မှု ရှိတယ်ဆိုတာ နည်းနည်းတော့ အံ့ဩဖို့ ကောင်းပါတယ်။ အားကစားမီဒီယာတစ်ခုဖြစ်တဲ့ Four Four Twoနဲ့ တွေ့ဆုံမှုမှာတော့ ပီရက်စ်က အာဆင်နယ်လူငယ်လေးတွေ အကြောင်း ခုလိုပဲ ပြောပြလာခဲ့ပါတယ်။ 

ကျွန်တော်တို့ သူ့(ဆာကာ)ရဲ့ အရည်အသွေးတွေကို တောက်လျှောက်မြင်တွေ့ခဲ့ရပြီးပါပြီ။ သူဟာ ဘောလုံးနဲ့ အသက်မွေး၀မ်းကျောင်းပြုနေတာကို ကျွန်‌တော့်အတွက်ဘာမှအံ့ဩစရာ မရှိပါဘူး” 

“ကျွန်တော်နဲ့ သူနဲ့ကြား ဆက်သွယ်မှုရှိပြီး တစ်ခါတစ်လေမှာ စကားပြောဖြစ်ကြပါတယ်။သူဟာ ကျွန်တော့်ဆီကနေ အကြံဉာဏ်တွေ တောင်းတတ်ပြီး တကယ်ကို တော်တဲ့ ကောင်လေးပါ။ဆာကာ ၊စမစ်ရိုး၊ မာတင်နယ်လီ ……သူတို့က ကျွန်တော်တကယ်ကို သဘောကျတဲ့ အာဆင်နယ် ကစားသမားတွေပါပဲ” 

ရမ်စ်ဒေးလ်ကိုလည်း ကျွန်တော်သဘောကျပါတယ်။ သူတို့ဟာ အာဆင်နယ်ရဲ့ ကံကြမ္မာကို တဖြည်းဖြည်းနဲ့ ရေးထိုးပုံ‌ဖော်လာနိုင်ပြီး ရှာကာ၊ ဂါဘရီယယ် ဒါမှမဟုတ် ပါတေးတို့လိုမျိုး အတွေ့အကြုံများတဲ့ ကစားသမားတွေနဲ့ အတူတူရှိနေတဲ့ အတွက် ဒီထက်ပိုပြီး တိုးတက်လာသင့်ပါတယ်။ ဒီလိုပေါင်းစပ်မှုမျိုးကို တစ်ဦးတစ်ယောက်တည်းအနေနဲ့ လုပ်ဆောင်ဖို့ ခက်ခဲပေမယ့် အာတီတာမှာ အချိန်ယူပြီးတည်ဆောက်ထားတဲ့  ပေါင်းစပ်စွမ်းအား တစ်ခု ရှိနေပါတယ်။” 

အာဆင်နယ်ရဲ့ ပြီးခဲ့တဲ့ နွေရာသီမှာ ငွေကြေး အမြောက်အမြားသုံးစွဲကာ ကစားသမား အများအပြားကို ခေါ်ယူခဲ့ပြီး ကစားသမားအသစ်တွေဟာ အာတီတာလိုချင်တဲ့အတိုင်း ကွက်တိ ခြေစွမ်းပြနိုင်ခဲ့ကြပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီမှာတော့ ကစားသမားအများအပြားကို အသင်းကနေ ထွက်ခွာခွင့်ပေးခဲ့သလို အသင်းရဲ့ ကပ္ပတိန်နဲ့ တိုက်စစ်မှူးဟောင်း အော်ဘာမီယန်းကိုလည်း အံ့ဩဖွယ်အသင်းကနေ ထွက်ခွာခွင့်ပေးခဲ့ပါတယ်။ 

ဒါပေမယ့်လည်း မမျှော်လင့်ထားပဲ အော်ဘာမီယန်းထွက်ခွာပြီးနောက် အသင်းရဲ့ရလဒ်တွေဟာ ပိုပြီး ကောင်းမွန်လာခဲ့ပါတယ်။ဒီလိုနဲ့ အာတီတာဟာ ကျစ်လျစ်တဲ့လူစာရင်း၊မှန်ကန်တဲ့ နည်းဗျူဟာ အပြောင်းအလဲတွေနဲ့အတူ အာဆင်နယ်ကို ချန်ပီယံလိဂ်၀င်ခွင့်အတွက် စိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်းကနေ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်းဖြစ်လာအောင် တည်ဆောက်နေနိုင်တာ ဖြစ်တဲ့အတွက် ပီရက်စ်က အာတီတာမှာ မှန်ကန်တဲ့ ညီမျှခြင်းတစ်ခု ရှိနေတယ်လို့ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: