အာဆင်နယ်နဲ့ အတိတ်ကိုပြန်ပြောပြလာတဲ့ တချိန်က ထွန်းတောက်လူငယ်
လက်ရှိ ဘယ်လက်ဆာဖီးအသင်းမှာကစားနေတဲ့ တချိန်ကအတောက်ပဆုံးလူငယ်တွေထဲကတစ်ဦးဖြစ်တဲ့ ရစ်ကီအယ်ဗာရက်စ်ဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုတုန်းက အာဆင်နယ်နဲ့ နီးစပ်ခဲ့ကြောင်း FC Inter News သတင်းဌာနသို့ ပြန်ပြောင်းပြောပြလာပါတယ်။ အခုအချိန်မှာ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ အာဂျင်တီးနားတိုက်စစ်မှုးဟာ ၂၀၁၁ ခုနှစ်တုန်းကအခြေအနေကို အခုလိုပြန်ပြောပြပါတယ်။
“ ကျွန်တော်ဥရောပကိုပြောင်းကစားတော့မယ့်အချိန်မှာ အသင်းတော်တော်များများကလည်း လိုချင်ခဲ့ကြပါတယ်။ အာဆင်နယ်နဲ့ကတော့ တကယ်ပြောင်းဖြစ်လုလုပါပဲ။ ဒါပေမယ့် အင်တာမီလန်က လိုချင်တယ်ဆိုတဲ့အချိန်မှာ ကျွန်တော်အီတလီကိုရွေးချယ်ဖြစ်ခဲ့ပါတယ် “ လို့ ပြန်ပြောပြခဲ့တာပါ။ အဆိုပါကွင်းလယ်တိုက်စစ်ကစားသမားဟာ နောက်ပိုင်းမှာထင်သလောက်ဖြစ်မလာခဲ့ပဲ အလယ်အလတ်အသင်းတွေမှာသာ အချိန်ကုန်ခဲ့ရသူဖြစ်ပါတယ်။
လာကာဇက်ကို စိတ်မလျှော့သေးတဲ့ ဘာကာ
Fichajes သတင်းဌာနရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ တိုက်စစ်မှုးလာကာဇက်ကို ခေါ်ယူဖို့စိတ်ဝင်စားနေဆဲဖြစ်ကြောင်းသိရပါတယ်။ ဘာကာတို့အနေနဲ့ အူဘာမီယန်နဲ့ လာကာဇက်အတွဲကို ပြန်လည်အသက်သွင်းချင်နေတယ်လို့ လည်း အဆိုပါစပိန်သတင်းစာက ရေးသားထားပါတယ်။ အာဆင်နယ်အသင်းဖက်ကလည်း ပြင်သစ်သားကိုကာလတိုစာချုပ်တစ်ရပ် ထပ်တိုးချုပ်ဆိုလိုနေတာဖြစ်ပါတယ်။
မတူတဲ့အင်အားတွေကို အာတီတာပေါင်းစပ်နိုင်ခဲ့တယ်လို့ ပီရက်စ်ချီးကျူး
အာဆင်နယ်ဂန္တဝင်ရောဘတ်ပီရက်စ်က Four Four Two မဂ္ဂဇင်းနဲ့တွေ့ဆုံရာမှာ အခုလိုပဲ အသင်းရဲ့လူငယ်တွေအပေါ်ကိုသုံးသပ်ပြောကြားခဲ့ပါတယ်။
“ ဆာကာနဲ့ကျွန်တော် စကားလက်ဆုံ ခနခနကျဖူးပါတယ်။ သူကကျွန်တော့်ကိုအကြံတွေတောင်းတတ်ပါတယ်။ တကယ်ကို ပါးနပ်ပြီးထူးချွန်တဲ့လူငယ်လေးပါ။ သူရော မာတင်နယ်လီရော စမစ်ရိုးရော အကုန်လုံးက အရေးပါကြတဲ့သူတွေပါပဲ .. ရမ်းစ်ဒေးလ်လဲအပါအဝင်ပါပဲ ..ကျွန်တော်သိပ်ကြိုက်ပါတယ်။ သူတို့အားလုံဟာ ရှာခါ ၊ ဂါဘရီရယ် ၊ သောမတ်တ်တို့နဲ့အတူတူ အာဆင်နယ်ရဲ့ အနာဂတ်ကို ဖော်ဆောင်နေကြပါတယ်။ ဒီလိုကွဲပြားတဲအင်အားတွေကိုပေါင်းစပ်ရတာမလွယ်ပေမယ့် မီခေးလ်က နည်းလမ်းတစ်ခုကိုရှာဖွေတွေ့ရှိသွားခဲ့ပြီဆိုရပါမယ် “ လို့ ဖြေကြားခဲ့တာဖြစ်ပါတယ်။

မာဆယ်လို ဖလိုရက်စ်ပါဝင်လာတဲ့ အာဆင်နယ်လူစာရင်း
ခရစ္စတယ်ပဲလေ့်စ်အသင်းနဲ့ကစားမယ့် လူစာရင်းမှာ လူငယ်လေး မာဆယ်လို ဖလိုရက်စ်လဲ ပါဝင်လာခဲ့ပြီ ဖြစ်ကြောင်း သတင်းထောက် ဂျော့ဘတ်ဒ် ကရေးသားလာပါတယ်။ တိုက်စစ်မှာနေရာစုံကစားနိုင်ပြီး ဘယ်ခြမ်းမှာဆို ခြေစွမ်းပိုပြနိုင်တဲ့ အဆိုပါ ၁၈ နှစ်သားလေးဟာ မက္ကဆီကိုလက်ရွေးစင်အသင်းကြီးမှာ နေရာရနေပြီဖြစ်ပြီး အာဆင်နယ် U23 ရဲ့ ပင်တိုင်ကစားသမားလည်းဖြစ်နေခဲ့ပါပြီ။ အသင်းကြီးနဲ့ လာရောက်ပူးပေါင်းခဲ့တာကြောင့် မန်စီးတီးနဲ့ကစားမယ့် U23 ပွဲကိုလွဲချော်ပြီလည်းဖြစ်ပါတယ်။
ပဲလေ့စ်နဲ့ပွဲမှာ ဗီအဲရာကို ပိုအလေးသာနေကြတဲ့ ဘောလုံးကျွမ်းကျင်သူများ
ဘောလုံးကျွမ်းကျင်သူတွေဖြစ်ကြတဲ့ ဝါရင့်ကြီး မာ့ခ်လော်ရန်ဆန်နဲ့ အိုဝင်တို့ဟာ ပဲလေစ့်နဲ့ အာဆင်နယ်ပွဲကို ၁-၁ သရေရလဒ်အဖြစ်သာခန့်မှန်းထားကြပါတယ်။ နှစ်ဦးစလုံးဟာ ပဲလေစ့်နည်းပြ ဗီအဲရာကို ပိုမိုသဘောကျနေကြပြီး အာဆင်နယ်အသင်းအတွက် အခက်အခဲတွေဖန်တီးပေးနိုင်မယ်လို့ ယုံကြည်နေကြတာဖြစ်ပါတယ်။ လော်ရိုးကတော့ အာတီတာနဲ့ ဂန်းနားတို့အတွက်ခက်ခဲမယ့်ပွဲတစ်ပွဲဖြစ်ကြောင်း ၊ ဗီအဲရာတစ်ခုခုလုပ်ပြနိုင်မယ်လို့ ယူဆကြောင်းပြောဆိုထားပါတယ်။
Leave a Reply