ချဲလ်ဆီးအသင်းဟာ ဘရန့်ဖို့ဒ်အသင်းကို အိမ်ကွင်းမှာ အံ့သားသင့်ဖွယ် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် မိုက်ကယ်အို၀င်က အာဆင်နယ်ဟာ ချဲလ်ဆီးကို လိုက်မီလိမ့်မယ်လို့ သုံးသပ်လာခဲ့ပါတယ်။
အာဆင်နယ်ဟာ မြန်မာစံတော်ချိန် အင်္ဂါနေ့မနက် ၁နာရီ ၁၅မိနစ်မှာ အဝေးကွင်းပွဲစဉ်အဖြစ် ဗီအဲရာရဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ဒီပွဲစဉ်ဟာ အာဆင်နယ်အတွက် ခက်ခဲမယ့်ပွဲစဉ်တစ်ပွဲဆိုတာ အသေအချာပဲ ဖြစ်ပေမယ့် မန်ယူ၊ ချဲလ်ဆီးတို့ ရမှတ်တွေ ဆုံးရှုံးထားချိန်မှာ အာဆင်နယ်အနေနဲ့ ပြိုင်ဘက်တွေရဲ့ ခြေချော်မှုကို အခွင့်ကောင်းယူဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ အဆင့်၃နေရာကို အခိုင်အမာ ရယူထားနိုင်ပြီလို့ တွေးထင်ခဲ့ကြဖူးပေမယ့် ဘရန့်ဖို့ဒ်ကို (၁-၄)ဆိုတဲ့ရလဒ်နဲ့ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ရှုံးနိမ့်ခဲ့ရပြီးတဲ့နောက် ဥရောပနဲ့ကမ္ဘာ့ချန်ပီယံဟာ ရာသီကုန် အမှတ်ပေးဇယားရဲ့ အဆင့် သုံးနေရာမှာ ရပ်တည်နိုင့်ပါ့မလားဆိုတဲ့ အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။
ချန်ပီယံလိဂ်၀င်ခွင့်အတွက် အနီးဆုံးပြိုင်ဘက်ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ကလည်း အိုးထရက်ဖို့ဒ်မှာ လက်စတာကို ခက်ခက်ခဲခဲနဲ့ ကစားခဲ့ရပြီး သရေတစ်မှတ်သာ ခွဲယူနိုင်ခဲ့ပါတယ်။ အဆင့်ငါးနေရာက ၀က်စ်ဟမ်းကတော့ တစ်ယောက်လျော့ အဲဗာတန်ကို (၂-၁)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြီး အာဆင်နယ်ထက် ၃ပွဲပိုကစားထားပြီး ရမှတ်သုံးမှတ်ကွာဟနေဆဲပါပဲ။ (ဒီဆောင်းပါးကို စပါးနဲ့ နယူးကာဆယ်တို့ရဲ့ ပွဲစဉ်မတိုင်မီမှာ ရေးသားထားခဲ့တာ ဖြစ်ပါတယ်)

တကယ်လို့ အာဆင်နယ်သာ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ကစားနိုင်ခဲ့ရင် ချဲလ်ဆီးအသင်းနဲ့ နှစ်မှတ်သာ ကွာဟတော့မှာ ဖြစ်တာကြောင့် အာဆင်နယ်အနေနဲ့ ချဲလ်ဆီးကို လိုက်မှီလာမယ်လို့ မိုက်ကယ်အို၀င်က သုံးသပ်လာခဲ့ပါတယ်။
“ဒါကို ဘယ်သူ ယုံကြည်နိုင်မှာလဲ။ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်မှာ ပုံစံကောင်းရနေတာပါ။ရုတ်တရတ်ကြီး အမှတ်ပေးဇယားကို ကြည့်လိုက်ရင် တကယ်ပဲ အာဆင်နယ်တော့ ချဲလ်ဆီးကို လိုက်မီတော့မလားလို့ ခင်ဗျား ရေရွတ်လိုက်မိမှာပါ။”
ချဲလ်ဆီးအနေနဲ့ ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်သလို အာဆင်နယ်က ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ယူနိုင်ခဲ့မယ်ဆိုရင် ခြင်္သေ့ပြာတွေအနေနဲ့ ဖိအားတွေပိုများလာဖို့ အခြေအနေ ရှိနေပါတယ်။
လက်ရှိမှာ ချဲလ်ဆီးဟာ ဖိအားမျိုးစုံ၊ ပြဿနာမျိုးစုံနဲ့ ရင်ဆိုင်နေရတာ ဖြစ်တာကြောင့် ချဲလ်ဆီးအခက်၊ အာဆင်နယ်အချက်ဆိုတဲ့ သဘောနဲ့ မိုက်ကယ်အို၀င်က ခုလို သုံးသပ်လာခဲ့တာဖြစ်ပါတယ်။ ဆက်ပြီးမျှော်လင့်နိုင်ဖို့အာဆင်နယ်အရင်ဆုံးရင်ဆိုင်ရမှာက ဗီအဲရာ ရဲ့ ပဲလေ့စ်ဖြစ်ပါ်။ ဂန်းနားတို့အတွက် ချန်ပီယံလိဂ် ၀င်ခွင့်ကသာ လက်ကျန်ရာသီအတွက် တစ်ခုတည်းသော ပစ်မှတ်ဖြစ်တာကြောင့် ရာသီကုန်မှာ အဆင့်သုံးနေရာပဲရရ၊ အဆင့်လေးနေရာပဲ ရရ ချန်ပီယံလိဂ်၀င်ခွင့်ကသာ အဓိကပဲ ဖြစ်ပါတယ်။
ပြိုင်ဘက်တွေရဲ့ အခက်က ကိုယ့်အတွက် ချန်ပီယံလိဂ်၀င်ခွင့်ရဖို့ အချက်ဖြစ်တာကတော့ ငြင်းလို့မရပါဘူး။
Leave a Reply