Gunners’ Side – နောက်ဆုံးရ အာဆင်နယ်သတင်းများ (3Mar)

အသင်းကြီးက ကမ်းလှမ်းလာရင်တော့ ဝုဗ်ကို နီဗက်စ်ခွာမှာဖြစ်တယ်လို့  သတင်းထောက်သုံးသပ်

ဖေဖော်ဝါရီလတုန်းက အာဆင်နယ်အသင်းဖက်က ချိတ်ဆက်ခဲ့တယ်ဆိုပြီး သတင်းထွက်ခဲ့တဲ့ ရူဗင်နီဗက်စ်ဟာ အသင်းကြီးတစ်သင်းသင်းရဲ့ ကောင်းမွန်တဲ့ကမ်းလှမ်းမှုတစ်ရပ်ကို စောင့်မျှော်နေကြောင်း  သတင်းထောက်  ဒန်းဂျုံးစ်က Give Me Sport အစီအစဥ်မှတဆင့်ပြန်လည်ပြောကြားလာပါတယ်။  “ ကျွန်တော့်အထင်တော့ သူက တကယ်လေးနက်တဲ့ကမ်းလှမ်းမှုတစ်ရပ်ကိုစောင့်နေတာပါ။  ဝုဗ်ကနေထွက်သွားရဖို့အထိခိုင်မာတဲ့ကမ်းလှမ်းချက်မျိုးပေါ့ဗျာ “ ဆိုပြီးသုံးသပ်ပြောကြားခဲ့တာဖြစ်ပါတယ်။ ဆိုလိုရင်းကတော့  အသင်းကြီးတစ်သင်းဆီက ကောင်းမွန်တဲ့ကမ်းလှမ်းမှုကိုရရှိမှာသာ ဝုဗ်ကိုစွန့်ခွာဖို့ရှိနေတာဖြစ်ပါတယ်။

ရီးရဲက ရုဇ်ကို လုယူနိုင်မယ်လို့ ယုံကြည်နေကြောင်း စပိန်သတင်းစာဖော်ပြ

အာဆင်နယ်အသင်းနဲ့ သတင်းကြီးနေတဲ့ နာပိုလီကွင်းလယ်လူ  ရုဇ်ကို ခေါ်ယူဖို့ ရီးရဲမက်ဒရစ်က ကြိုးစားနေပြီး အောင်မြင်နိုင်မယ်လို့လည်း ယုံကြည်နေကြောင်းကို Mundo Deportivo ကဖော်ပြလာပါတယ်။ အဆိုပါကစားသမားကိုခေါ်ယူရေးမှာ ပြောင်းရွေ့ကြေးအလွန်များပြားခြင်းမရှိပဲ  စပိန်မြေကို ပြန်ချင်နေတဲ့ ကစားသမားရဲ့ ဆန္ဒက ပိုအရေးပါနေကြောင်းသိရပါတယ်။ ဘက်တစ်ကစားသမားဟောင်းဖြစ်ခဲ့တဲ့ရုဇ်ဟာ ဒီရာသီမှာ ၆ ဂိုးသွင်း ၊ ၄ ဂိုးဖန်တီးပေးထားပြီး၊ ခေါ်ယူလိုသူအသင်းအတွက် ပြောင်းရွေ့ကြေးမှာလည်း ၁၆ သန်းခန့်သာကုန်ကျနိုင်မှာဖြစ်ပါတယ်။

Advertisements

အာဆင်နယ်ကနေ တီယာနေခွာမှာ မဟုတ်ဘူးလို့ စကော့တလန်သတင်းစာက အခိုင်အမာရေးသားလာ

ကီရန်တီယာနေဟာ  အာဆင်နယ်ကနေထွက်ခွာဖို့ လုံးဝအစီအစဥ်မရှိကြောင်း Scortish Daily Express  က သတင်းများကို ကိုးကားပြီးအခိုင်အမာဖော်ပြလာပါတယ်။ လာမယ့်နှစ်မှာအသင်းခေါင်းဆောင်ဖြစ်ဖို့ အလားအလာအလွန်ကောင်းနေတဲ့ တီယာနေကို  ရီးရဲမက်ဒရစ်ရဲ့နည်းပြ အန်ဆယ်လော့တီက အသဲအသန်သဘောကျနေပြီး ပေါင်သန်း ၅၀ နဲ့ခေါ်ယူဖို့အသင့်ရှိနေတဲ့သတင်းတွေကြားထဲမှာအခုလိုမျိုး ကစားသမားဆန္ဒကို ရေးသားလာတာဖြစ်ပါတယ်။

U18 အတွက် အစွမ်းပြနေကြတဲ့ ၁၅ နှစ်သားလေးတွေကို  အထူးချီးကျူးနေကြ

အသက် ၁၄ နှစ်သာရှိသေးပေမယ့်   U18 အသင်းနဲ့အတူ ဂိုးသွင်းပြီးခြေစွမ်းပြကစားနေတဲ့  ဟေးအန်း အကယ်ဒမီထွက်ကစားသမားလေးတွေဖြစ်ကြတဲ့ နဝမ်နာရီနဲ့ မာသီးယပ်စ်ရောဘတ်တို့ကို မီဒီယာများစွာမှာ ချီးကျူးနေကြပါတယ်။ နဝမ်နာရီ ကို   Football London က နောက်ထပ် စမစ်ရိုးတစ်ယောက် ရရှိခဲ့ပြီဆိုပြီး ခိုင်းနှိုင်းရေးသားလာပါသလို Daily Cannon ကလည်း မာသီးယပ်စကို အံ့သြစရာ ၁၅ နှစ်သားအဖြစ်ချီးကူးထားပါတယ်။ အဆိုပါကစားသမားလေးတွေဟာ စိန့်တို့ကို  ၄-၂ နဲ့နိုင်ခဲ့တဲ့ပွဲမှာ ခြေစွမ်းပြသနိုင်သလို လှပတဲ့ဂိုးတစ်ဂိုးတွေကိုလည်းသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

နိုင်ဂျီးရီးယားနွယ်ဖွားကွင်းလယ်တိုက်စစ်သမားလေးနဝမ်နာရီဟာ အခုမှ အာဆင်နယ်အတွက် တတိယမြောက်ပွဲသာကစားရသေးတာဖြစ်ပေမယ့် ခြေစွမ်းပြနိုင်နေပြီဖြစ်သလို   အဂ်လန် U16  နဲ့လဲပွဲထွက်ကစားထားခဲ့ပြီဖြစ်ပါတယ်။

မွေးရပ်မြေသာ ပြန်မယ့် လီနို

နယူးကာဆယ်အသင်းက ကြိုးစားနေတယ်ဆိုတဲ့သတင်းတွေဆက်တိုက်ရှိနေပေမယ့်လည်း လီနိုဟာ  ဘွန်ဒက်စ်လီဂါကိုသာပြန်လိုနေကြောင်း Daily Star က ဖော်ပြလာပါတယ်။ အဆိုပါသတင်းဆောင်းပါး အရ  သူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ လီဗာကူဆင်ကလည်း ပြန်လည်ခေါ်ယူဖို့ကြိုးပမ်းနေကြောင်းသိရပါတယ်။ လီနိုဟာ ရာသီအစတုန်းကစွမ်းဆောင်ရည်ကျဆင်းတာမို့ ရမ်းစ်ဒေးလ်ကိုနံပါတ်တစ်နေရာဖယ်ပေးလိုက်ရပေမယ့်  လတ်တလောမှာတော့ ပြန်လည်ပွဲထွက်နေရတာဖြစ်ပြီး ​၊ ၄ ​ရက်နေ့မှာကစားမယ့်ပဲလေ့စ်နဲ့ပွဲမှာလည်း ဆက်လက်မြင်တွေ့ရဖွယ်ရှိနေပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: