လာမယ့်နွေရာသီမှာ ဒီဘားလားကတော့ တူရင်မြေကနေ ထွက်ခွာဖို့ သေချာသလောက်တော့ရှိနေပါပြီ။ အသက်၂၈နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးကို စိတ်၀င်စားနေတဲ့ ဥရောပထိပ်သီးအသင်းတွေကတော့ အများအပြားပဲ ဖြစ်ပါတယ်။ဒီလိုမျိုး ဂျူဗင်တပ်တိုက်စစ်မှူးကို စိတ်၀င်စားနေတဲ့ အသင်းတွေထဲမှာ အာဆင်နယ် နဲ့ စပါးအသင်းတို့ ပါ၀င်လာပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့်အလားအလာအကောင်းဆုံးကတော့ ပြည်တွင်းပြိုင်ဖက် အင်တာမီလန်လို့လဲ သတင်းတွေကဆိုပါတယ်။
လာမယ့် ဇွန်လမှာ ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ဒီဘားလားဟာ ပရီးယားလိဂ်ကို ပြောင်းရွှေ့လာဖို့ စိတ်အားထက်သန်နေတယ်လို့တော့ သိရပါတယ်။ပရီးမီးယားလိဂ် အသင်းတွေဖြစ်တဲ့ ချဲလ်ဆီး၊မန်စီးတီးနဲ့ လီဗာပူးလ်တို့က ဒိုင်ဘားလားကိုခေါ်ယူဖို့ ချိတ်ဆက်နေကြတယ်လို့ ကနဦး ရေးသားလာပြီးနောက် မြောက်လန်ဒန်ကလပ်တွေကလည်း အာဂျင်တီးနားတိုက်စစ်မှူးကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
လန်ဒန်သတင်းဌာနတွေရဲ့ အာဘော်အရ အာဆင်နယ်နည်းစနစ်ဒါရိုက်တာ အီဒူးနဲ့ မန်နေဂျာ မီခေးလ်အာတီတာတို့ နှစ်ယောက်လုံးက ဒီဘားလားကို လာမယ့်နွေရာသီမှာ အမ်းမရိတ်ဆီခေါ်ယူဖို့ စိတ်အားထက်သန်နေကြပါတယ်။
ဒီဘားလားဟာ လက်ရှိရာသီမှာ ဒဏ်ရာ ပြဿနာ အချို့ ရှိနေခဲ့ပေမယ့်လည်း ရော်နယ်ဒိုထွက်ခွာသွားတဲ့ ဂျူဗင်တပ်မှာ အကောင်းဆုံးခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ ၂၉ပွဲမှာ ၁၃ဂိုးသွင်း၊ဂိုးဖန်တီးမှု ၆ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။
ဒီဘားလားဟာ အီတလီမြေကို ၂၀၁၂ ခုနှစ်မှာရောက်ရှိလာခဲ့ပြီး ၂၀၁၅ခုနစ်မှာ အိုးလေဒီတို့နဲ့ပူးပေါင်းခဲ့တာဖြစ်ပါတဝယ်။ တူရင်ကလပ်အတွက် ၇ ရာသီအတွင်းမှာ စီးရီးအေ ပွဲစဉ် ၂၈၃ပွဲပါ၀င်ထားပြီး ၁၁၃ဂိုးသွင်း၊ ၄၈ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားနိုင်ခဲ့ပါတယ်။
တိုက်စစ်မှုးလိုအပ်နေတဲ့ အာဆင်နယ်ဟာ ဒီဘားလားကို ခေါ်ယူဖို့ တရား၀င်ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတယ်ဆိုပေမယ့် သတင်းအမှန်ဆိုရင်တောင် ဥရောပထိပ်သီးအသင်းတွေနဲ့ ယှဉ်ပြိုင်ဖို့ကတော့ ခက်ခဲမှာ အသေအချာပါပဲ။ အင်တာမီလန်တို့က ဒီဘားလားကိုခေါ်ယူပြီး သူတို့ရဲ့ အထင်ကရတိုက်စစ်မှုးလော်တာရိုမာတီနက်စ်ကို စျေးကောင်းကောင်းနဲ့ရောင်းချမယ်လို့လည်း ခန့်မှန်းရေးသားနေကြပါတယ်။
Leave a Reply