ကလပ်အသင်းအများစုရဲ့ တောင်းဆိုမှုအရ လာမယ့်ရာသီမှာတော့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်ပွဲကို ကစားသမားလဲလယ်ခွင့် သုံးဦးကနေ ငါးဦးအထိ တိုးမြှင့်ပေးဖို့ ရှိနေပါတယ်။ ဒီတော့ ဒီလို စနစ်အပြောင်းအလဲဟာ အာဆင်နယ်အပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာမလဲဆိုတာ ကြည့်ကြည့်ရအောင်။
လာမယ့်နွေရာသီမှာ အာဆင်နယ်ဟာ ကစားသမားအင်အားအများအပြား ဖြည့်တင်းလာဖို့ ရှိနေပါတယ်။ ထိပ်တန်းတိုက်စစ်မှူးတစ်ဦး၊ ကွင်းလယ်လူတစ်ဦးနဲ့ ညာနောက်ခံလူတစ်ဦးကို ခေါ်ယူသွားနိုင်ချေရှိပါတယ်။
ဒီလိုမျိုး စနစ်အပြောင်းအလဲတွေ ဖြစ်လာပြီးတဲ့နောက် အာဆင်နယ်အသင်းရဲ့ လာမယ့်နွေရာသီ လူ၀ယ်မယ့်အစီအစဉ်တွေအပေါ် သက်ရောက်မှု ရှိလာနိုင်ပါတယ်။ ဒါပေမယ့်လည်း ရာသီမကုန်သေးတာမို့ အတိအကျပြောဖို့တော့ ခက်ခဲပါတယ်။ တကယ်လို့ အသင်းသာ ရာသီကုန်မှာ ချန်ပီယံလိဂ် ၀င်ခဲ့မယ်ဆိုရင် ကစားသမားအင်အား အများအပြား ထပ်မံဖြည့်တင်းရမှာ ဖြစ်သလို ကစားသမားကောင်းတွေ ခေါ်ယူဖို့လည်း အခွင့်သာလာမှာ ဖြစ်ပါတယ်။
အားလုံးအပေါ်သက်ရောက်တဲ့စနစ်တစ်ခုဟာ အာဆင်နယ်အတွက်ဘာကြောင့်ပိုပြီးအကျိုးဖြစ်တယ်လို့ ဆိုရတာပါလဲ။ အာဆင်နယ်အသင်းအတွက်ကနည်းဗျူဟာအပြောင်းအလဲအပြင်လူငယ်တွေကိုပွဲထုတ်ဖို့လည်းလိုအပ်ပါတယ်။ ဒီအချက်ဟာ အခြားအသင်းတွေထက် လူငယ်အားပြုတဲ့ အာဆင်နယ်အတွက် ပိုပြီးအရေးပါတယ်လို့ ယူဆနိုင်ပါတယ်။

ကစားသမား ငါးယောက်အထိ လူစားလဲခွင့်ရှိတာဟာ အသင်းရဲ့ အဓိကကစားသမားတွေကို ပွဲပန်းမှုကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်သလို လူငယ်ကစားသမားတွေအတွက်လည်း စီနီယာ အသင်းကြီးမှာ ပါ၀င်လာဖို့ အခွင့်အရေးများလာစေမှာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ပါတီနို၊ ဇက်ခ်ဆွမ်ဆန်၊ ဟတ်ချင်ဆန်တို့လို အသင်းရဲ့ အကယ်ဒမီထွက် လူငယ်ကစားသမားအများအပြားကို ပိုင်ဆိုင်ထားတာကြောင့် ဒီလို စနစ်အပြောင်းအလဲကနေ လူငယ်တွေကို နေရာပေးဖို့ အခွင့်အရေးတွေ ပိုရလာမှာ ဖြစ်ပါတယ်။မန်စီးတီး၊ချဲလ်ဆီးတို့လို ကစားသမားအင်အားတောင့်တင်းတဲ့ အသင်းတွေအတွက်လည်း အားသာချက်တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။
ဒီတော့ အာဆင်နယ်အနေနဲ့ လာမယ့်နွေရာသီမှာ ကစားသမား အများအပြား ထပ်မံဖြည့်တင်းဖို့ လိုသေးသလား။ဒါမှမဟုတ် မရှိမဖြစ်လိုအပ်နေတဲ့ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကိုပဲ ခေါ်ယူပြီး ကစားသမားငါးယောက်လူစားလဲခွင့်ဆိုတဲ့ အခွင့်အရေးကို အသုံးချပြီး လူငယ်အင်အားစုတွေနဲ့ အသင်းကို တည်ဆောက်လာမလားဆိုတာကိုတော့ ရာသီကုန်မှာ အာတီတာတို့ ဆုံးဖြတ်လာဖို့ လိုပါတယ်။
Original Article Here,
Leave a Reply