ယာအိုဖီးလစ်ကို ခေါ်ယူဖို့ ခြေတစ်လှမ်းထပ်တိုးလာပြီဖြစ်တဲ့ လီဗာပူးလ်

အက်သလက်တီကို မက်ဒရစ်ရဲ့ လူ တိုက်စစ်ကစားသမား  ဖီးလစ်ကို သူရဲ့လူငယ်ကစားသမားဘ၀မကုန်ဆုံးခင်မှာ လီဗာပူးလ်အသင်းက ခေါ်ယူဖို့ ပြင်ဆင်လာတယ်လို့ သိရပါတယ်။ အသက်၂၂နှစ်အရွယ်ကစားသမားကို အက်သလက်တီကို မက်ဒရစ်က ၂၀၁၉ခုနစ်မှာ ဘင်ဖီကာကနေ ပေါင် ၁၁၃သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့စတုတ္ထမြောက် ဈေးအကြီးဆုံးကစားသမား မှတ်တမ်းတင်ထားတဲ့ ယာအို ဖီးလစ်ဟာ အက်တလက်တီကို မက်ဒရစ်နဲ့ ခုနစ်နှစ် စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပြီး လက်ရှိမှာ စာချုပ်သက်တမ်းလေးနှစ် ကျန်ရှိနေသေးပါတယ်။ 

အက်သလက်တီကိုကနေ ဂရစ်ဇ်မန်းထွက်ခွာသွားပြီးတဲ့နောက်မှာ ဆင်မြူနီဟာ အသင်းအတွက် အားကိုးရာအဖြစ် ယာအိုဖီးလစ်ကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့် လက်ရှိအချိန်အထိတော့ ကစားသမားဟာ သူ့ရဲ့မန်နေဂျာနဲ့ ပရိသတ်တွေ မျှော်လင့်ထားသလောက် မလုပ်ပြနိုင်သေးပဲ စပိန်မြေမှာ ရုန်းကန်နေရတာဖြစ်ပါတယ်။ 

လက်ရှိရာသီမှာ ဖီးလစ်ဟာ သူပွဲထွက်ခွင့်ရထားခဲ့တဲ့ ၂၁ပွဲမှာ လူစား၀င်ကစားသမားအဖြစ် ၁၀ပွဲ ပါ၀င်ကစားခဲ့ရတာ ဖြစ်ပါတယ်။ကစားခွင့်ရထားတဲ့ပွဲစဉ်အများစုက ချန်ပီယံလိဂ် ပွဲစဉ်တွေမှာဖြစ်ပြီး လာလီဂါမှာတော့ ဆွာရက်ဇ်၊ ဂရစ်ဇ်မန်းတို့နဲ့ အပြိုင် ပွဲထွက်ခွင့်ရဖို့ ကြိုးစားနေရတာဖြစ်ပါတယ်။ 

တီကိုနည်းပြ ဆင်မြူနီကတော့ ယာအိုဖီးလစ်ကို အလွယ်တကူ လက်လွှတ်လိုက်ဖို့တော့ မရှိနိုင်ပါဘူး။ ဘင်ဖီကာမှာ ထိပ်တန်း‌ ခြေစွမ်းကောင်းကို ပြသနိုင်ခဲ့ပြီး ဥရောပရဲ့ အလားအလာအရှိဆုံး လူငယ်တွေထဲကတစ်ဦးဖြစ်တဲ့ ဖီးလစ်နေရာမှာ ထိပ်တန်းကစားသမားတစ်ယောက်ယောက်ကို အစားထိုး ခေါ်ယူပြီးမှသာ လက်လွှတ်နိုင်ချေရှိပါတယ်၊ ဒါမှမဟုတ် လုံး၀ လက်မလွှတ်တာမျိုးလည်း ဖြစ်နိုင်ချေရှိပါတယ်။အသက်၂၂နှစ်အရွယ်ကစားသမားတစ်ယောက်အတွက် ဆင်မြူနီ အချိန်ပေးနိုင်ဦးမှာပါ။ 

Advertisements

သတင်းတွေအရ ဂျူဗင်တပ်တိုက်စစ်ကစားသမား ဒီဘာလားက လာမယ့်နွေရာသီမှာ တူရင်ကနေ ထွက်ခွာဖို့များနေပြီး အာဂျင်တီးနားသားကို ခေါ်ယူမယ်လို့ နာမည်ကြီးနေတဲ့ အသင်းတွေကတော့ လီဗာပူးလ်၊ အင်တာမီလန်နဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့ ဖြစ်ပါတယ်။ နောက်ဆုံးရ သတင်းအချို့အရ ဒိုင်ဘာလာက အက်သလက်တီကိုမက်ဒရစ်ကို ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။ 

ဒိုင်ဘာလာသာ အက်တလက်တီကို ကိုရောက်လာခဲ့မယ်ဆိုရင် ယာအိုဖီးလစ်က အသင်းကနေ ထွက်ခွာနိုင်ချေရှိပါတယ်။ တကယ်လို့ ဂျောင်အိုဖီးလစ်သာ လီဗာပူးလ်ကို တကယ်ရောက်ခဲ့မယ်ဆိုရင် ဂျာဂျင်ကလော့ပ်အတွက် သတင်းကောင်းတစ်ခုဖြစ်မှာ အသေအချာပဲ ဖြစ်ပါတယ်။ လူး၀စ်ဒိုင်ယက်ဇ်၊ ဒီ‌ရေဂိုဂျိုတာ၊ ဂျောင်အိုဖီးလစ်ဆိုတဲ့ တိုက်စစ်အတွဲအဖက်ဟာ မာနေး၊ဖာမီနို၊ဆာလက်တို့ရဲ့ တိုက်စစ်အတွဲအဖက်လို ဖြစ်လာနိုင်ချေရှိပါတယ်။ လီဗာပူးလ်နဲ့ ဆာလက်တို့ကြားက စာချုပ်သစ် ဆွေးနွေးမှုကလည်း အဆင်မပြေသေးတာကြောင့် တကယ်လို့ ဆာလက်သာ အန်ဖီးလ်ကနေ ထွက်ခွာခဲ့ရင် ဂျာဂင်ကလော့ပ်အနေနဲ့ ဒိုင်ဘားလား သို့မဟုတ် ယာအိုဖီးလစ်ကို အရခေါ်ယူဖို့ ပြင်ဆင်လာမှာ ဖြစ်ပြီး ပေါ်တူဂီသားကတော့ ဂျာဂင်က‌လော့ပ်ရဲ့ စိတ်ကြိုက်ကစားသမားဖြစ်ဖို့ များပါတယ်။ 

အပြောင်းအရွှေ့ သီတင်းပတ်တွေဟာ လိုသေးတာကြောင့် ဖြစ်နိုင်ချေအနည်းငယ်လေးပဲ ရှိရင်တောင် သတင်းမီဒီယာတွေက အကျယ်ချဲ့ပြီး ပရိသတ်တွေ စိတ်၀င်စားလာအောင် ခေါင်းစဉ်အမျိုးမျိုး ဆွဲထုတ်ရေးသားကြမှာပါပဲ။ ဒီတော့  နွေရာသီမှာ ဘာတွေဖြစ်လာမလဲဆိုတာထက် နေရာသီမှာ ဘာတွေဖြစ်လာနိုင်ချေရှိမလဲဆိုတာပဲ မှန်းဆပြောဆိုနေကြရုံသက်သက်ပါပဲ။ 

ဘယ်သူတွေ၀င်လာမလဲ၊ဘယ်သူတွေ ထွက်သွားမလဲ၊ ဘယ်သူတွေ ဆက်နေကြမလဲဆိုတာက‌တော့ နွေရောက်မှပဲ ဆက်စောင့်ကြည့်ကြတာပေါ့

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: