Gunners’ Side – နောက်ဆုံးရ အာဆင်နယ်သတင်းများ (2Apr)

ဆာကာကြောင့်  အာဆင်နယ်က သူ့ကိုစိတ်ဝင်စားနေကြောင်း ကြိုသိခဲ့ရတယ်လို့ ရမ်းဒေးလ်ပြောဆိုလာ

အာဆင်နယ်အသင်းရဲ့ ဂိုးသမားရမ်းစ်ဒေးလ်က  အမ်းမရိတ်ကို မပြောင်းလာခင်တုန်းက  ဆာကာရဲ့ ပါဝင်ပတ်သတ်ခဲ့ပုံကို Four Four Two မဂ္ဂဇင်းနဲ့တွေ့ဆုံရာမှာ အခုလိုပဲပြောပြလာခဲ့ပါတယ်။

“  အရိုးသားဆုံးပြောရရင် ဘူကာယို ကအရေးပါခဲ့တယ်ဗျ ..  ကျွန်တော် ယူရိုပြိုင်ပွဲအတွက် လက်ရွေးစင်အသင်းနဲ့ စခန်းဝင်နေတုန်း ကောလာဟာလတွေအတော်ကြားခဲ့ရပါတယ်။  အဲ့ဒီအချိန်မှာ                            ဆာကာ ကပဲ  သူနဲ့ နည်းပြတို့ (အာတီတာ)  က ကျွန်တော့်အကြောင်းပြောဖြစ်တယ်ဆိုတာ ကိုပြောပြခဲ့တာပါ “  ဆိုပြီး ဖွင့်ဟလာခဲ့ပါတယ်။  ရမ်းစ်ဒေးလ်ကို မခေါ်ယူခင်တုန်းက အာတီတာအနေနဲ့တိုင်ပင်မှုတွေပြုလုပ်ခဲ့ပုံရပြီး ၊  ဆုံးဖြတ်ချက်ချပြီးနောက်မှာလည်း ဝေဖန်မှုများစွာခံခဲ့ရပါတယ်။

ဆာလီဘာက ပထမနေရာလိုချင်ကြောင်းဖွင့်ပြောလာ

အငှားချကစားသမားလေး ဝီလျှံဆာလီဘာက အာဆင်နယ်အသင်းနဲ့သူ့ကြားကအခြေအနေကို ဖွင့်ဟလာခဲ့ပြီး  ၊ သူ့အနေနဲ့ ပထမကစားသမားနေရာလိုချင်ကြောင်း ကိုလည်းတစ်ပါထဲပြောဆိုခဲ့ပါတယ်။

“ အာဆင်နယ်အသင်းနဲ့ ကျွန်တော်ပုံမှန်ဆက်သွယ်ဖြစ်ပါတယ်။  ကျွန်တော့်ရဲ့ ကိုယ်စားလှယ်နဲ့လည်းသူတို့ပြောဆိုဖြစ်ကြပါတယ်။  ပွဲတွေလဲသူတို့လာကြည့်ကြပါတယ်။ ကျွန်တော်က အာဆင်နယ်နဲ့အတူ အကြာကြီးမကစားထားရပါဘူး .. နည်းပြမှာသူ့ရဲ့ရွေးချယ်မှုရှိပါတယ်။ ဒါကဘဝပါပဲ .. ဘယ်တတ်နိုင်မလဲ ..  ကျွန်တော်အငှားထွက်ကစားခဲ့တယ်  ..  ပွဲတွေကစားရတယ် .. စွမ်းဆောင်ရည်တက်လာတယ် .. အခုတော့ နိုင်ငံအသင်းမှာလည်း ပွဲထွက်နေရပါပြီ  “  လို့ပြောဆိုရင်း  ဘယ်အသင်းမှာကစားရတယ်ဆိုတာထက် ပွဲထွက်ခွင့်ရဖို့လိုကြောင်း ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

ဇာဟာကို ပေပေထက်ကောင်းတယ်လို့ ပြောဆိုပြီး ခေါ်ယူဖို့အတွက် မာဆင်တိုက်တွန်း

အသင်းရဲ့ ဂန္တဝင်ပေါ်လ်မာဆင်က  အာတီတာအနေနဲ့ ပစ်မှတ်ဟောင်း  ဇာဟာ ကို ပဲလေ့စ်ကနေ အရခေါ်ယူသင့်ကြောင်းတိုက်တွန်းပြောဆိုလိုက်ပါတယ်။

“   အာဆင်နယ်က  ဇာဟာကိုပြန်ကြိုးစားသင့်ပါတယ်။ သူတို့တွေလဲလိုချင်ခဲ့တာပဲမဟူတ်လား .. အခုဇာဟာကလဲ ပဲလေ့စ်ကနေထွက်ခွာချင်နေတာပဲ ။  ကျွန်တော်က အာဆင်နယ်ကို နောက်တစ်ဆင့်မြှင့်တင်ပေးနိုင်မယ့်ကစားသမားလို့ထင်ပါတယ်။ သူက ပေပေထက်သာပါတယ်။  ပြိုင်ဖက်ကစားသမားတွေကို ဆွဲထုတ်တဲ့အပိုင်းမှာသိပ်တော်တဲ့သူပါ “ ဆိုပြီး နှိုင်းယှဥ်သုံးသပ်သွားတာဖြစ်ပါတယ်။

အာဆင်နယ်ကို ချီးကျူးလာတဲ့ ရန်းနစ်ခ်

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြက  Mirror နဲ့ပြုလုပ်တဲ့ သူ့ရဲ့အင်တာဗျူးတစ်ခုထဲမှာ အာဆင်နယ်အသင်းကိုထည့်သွင်းပြောကြားသွားခဲ့ပြီး  ၊ ကစားသမားခေါ်ယူမှုအပိုင်းတွေကိုလည်းသုံးသပ်ပြောကြားသွားခဲ့ပါတယ်။ ရန်းနစ်ခ်ဟာ  ယူနိုက်တက်တို့ရဲ့ ကစားသမားခေါ်ယူမှုလိုအပ်ချက်များကိုထောက်ပြခဲ့ပြီး ၊ အာဆင်နယ်တို့အနေနဲ့ လူငယ်လူကြီးပေါင်းစပ်ပြီး မှန်ကန်တဲ့လုပ်ရပ်တွေကိုလုပ်ဆောင်ထားနိုင်ကြောင်းကိုလည်းသွယ်ဝိုက်ပြောဆိုသွားခဲ့ပါတယ်။

ဆက်ဆူအိုလိုတိုက်စစ်မှုးကို အာဆင်နယ် စောင့်ကြည့်နေ

အာဆင်နယ်နဲ့ နယူးကာဆယ်အသင်းတို့ဟာ ဆက်ဆူအိုလိုတိုက်စစ်မှုး ဂီယန်လူကာ စကမ်မာကာကို  ခေါ်ယူဖို့ပြင်ဆင်နေကြတယ်လို့  TeamTalk ကို ကိုးကားပြီး The Hard Tackle က ဖော်ပြလာပါတယ်။ စကမ်မာကာဟာ  အင်တာကိုပြောင်းရွေ့ဖို့သတင်းကြီးနေသူဖြစ်ပြီး  ၊ ဗလာဟိုဗစ်ရဲ့နေရာကို အစားထိုးဖို့  ဖီအိုတို့နဲ့လဲသတင်းအချို့ရှိနေပါတယ်။ ဆက်ဆူအိုလိုတို့ဟာ သူတို့ရဲ့တိုက်စစ်မှုးအတွက် ပြောင်းရွေ့ကြေး သန်း ၄၀ ခန့်အလိုရှိနေတယ်လို့လဲသိရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: