လာမယ့်နွေရာသီမှာ အမ်းမရိတ်ကို ပေပေစွန့်ခွာတော့မလား 

အမ်းမရိတ်မှာ ခက်ခဲကြမ်းတမ်းတဲ့ ခရီးစဉ်တစ်ခုကို ဖြတ်သန်းပြီးနောက်မှာတော့ နီကိုလပ်စ်ပေပေဟာ လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာနိုင်ချေရှိတယ်လို့ အရိပ်အမြွက်ပြောလာခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ သုံးနှစ်က လိုင်လီကနေ ပေါင်၇၂သန်းနဲ့ခေါ်ယူခဲ့တဲ့ ပေပေဟာ လက်ရှိရာသီမှာအာဆင်နယ်အတွက် ပရီးမီးယားလ်ဂ် ပွဲစဉ်ငါးပွဲသာ ပွဲထွက်လူစာရင်းမှာ ပါ၀င်ခွင့်ရခဲ့ပြီး အခြားပွဲစဉ်တွေကိုတော့ လူစား၀င်ကစားသမားအဖြစ်သာ ပါ၀င်ခွင့်ရခဲ့တာ များပါတယ်။ 

အိုင်ဗရီကို့စ်သား လန်ဒန်ကို ရောက်ခါစမှာ သူ့အပေါ်ကို မျှော်လင့်ချက်တွေ အများကြီး ထားခဲ့ကြပေမယ့် ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းပြသဖို့ ရုန်းကန်ခဲ့ရပြီး ဆာကာ၊ မာတင်နယ်လီ၊ အိုဒီဂတ်နဲ့စမစ်ရိုး အစရှိတဲ့ အာတီတာရဲ့ စိတ်ကြိုက်ကစားသမားတွေလိုမျိုး အားကိုးရတဲ့ ဂန်းနားတစ်ယောက်တော့ မဖြစ်ခဲ့ပါဘူး။ 

ပေပေရဲ့အတွေးကတော့ ဘာသာစကားအခက်အခဲဟာ သူ့အတွက် အခက်အခဲတစ်ခုဖြစ်ခဲ့တယ်ဆိုတာပါပဲ။ အသင်းမှာ ဆက်ရှိနေမှာလားဆိုတဲ့ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့ချိန်မှာလည်း “စောင့်ကြည့်ကြတာပေါ့”လို့ ဆိုခဲ့ပါတယ်။ 

လက်ရှိမှာတော့ ရာသီကုန်တဲ့အထိ ကျွန်တော်တို့ ဘယ်လိုကောင်းကောင်း အလုပ်လုပ်ကြမယ်ဆိုတာနဲ့ချန်ပီယံလိဂ်၀င်ဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ ပစ်မှတ်ကိုပဲ အာရုံစိုက်ထားပါတယ်။ ဒါပြီးမှပဲ ဘာဖြစ်မလဲဆိုတာ ကြည့်ကြတာပေါ့” 

အာတီတာကလည်း ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်ကိုရှင်းပြခဲ့ပါတယ်။ နည်းပြက ကျွန်တော် ဘယ်လိုအလုပ်ကြိုးစားတယ်၊ ကျွန်တော်ဘယ်လိုတွေးနေတယ်ဆိုတာ သိပါတယ်။” 

“ Communicationကြောင့်လည်း အဆင်မပြေတာပါပါတယ်။ တစ်ခါတစ်လေ ဘာသာစကားအခက်အခဲကြောင့် ပြောဆိုဆက်သွယ်ရတာ မလွယ်ပါဘူး။ ဒီရာသီဟာ ကျွန်တော့်အတွက် ခက်ခဲတဲ့ ကာလတစ်ခုပါပဲ။” 

ကစားခွင့်မရတာလည်း အဆင်မပြေပါဘူး။ ဘယ်ကစားသမားမှ ကစားခွင့်မရတာ မကြိုက်ပါဘူး။ဒါပေမယ့် ကျွန်တော် မန်နေရာရဲ့ ဆုံးဖြတ်ချက်ကို လေးစားသလို အသင်းကလည်း အခုချိန်မှာ ကောင်းကောင်းလုပ်နေပါတယ်

နိုင်ငံအသင်းနဲ့အတူ ခြေစွမ်းပြသပြီးတဲ့နောက်မှာ  အာတီတာကိုယ်တိုင်က မတူတဲ့ ပေပေ ဖြစ်သွားခဲ့ပြီလို့ ချီးကျူးခဲ့ပါတယ်။ မရှေးမနှောင်းမှာပဲ  ဝုဗ်ကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အကောင်းဆုံးခြေစွမ်းပြပြီးနောက်  ကွင်းထဲမှာပုံမှန်ပြန်မြင်ရတော့မယ်လို့ ထင်ခဲ့ရပေမယ့်  အရံအဖြစ်သာဆက်ရှိနေခဲ့ပါတယ်။  အီတလီဖက်ကလာတဲ့သတင်းများအရတော့ ပေပေကို အေစီတို့က ပေါင် ၂၅သန်း ခန့်နဲ့ခေါ်ယူလိုနေတယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲပြောပြော ပေပေနဲ့ အာဆင်နယ်တို့ကြားထဲမှာတော့ အကျိုးဖြစ်ထွန်းတဲ့ ခရီးစဥ်တစ်ခုမဖြစ်ခဲ့တာကအသေအခြားပါပဲ။

Original Article Here,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: