Gunners’ Side – နောက်ဆုံးရအာဆင်နယ်သတင်းများ (1Apr)

အာဆင်နယ်တို့ ဂါပိုကို တကယ်လိုက်နေပြီလို့  ရိုမာနိုအတည်ပြုလာ

ကိုဒီဂတ်ပိုကို အာဆင်နယ်အသင်းကြိုးစားနေပြီဆိုတာ မှန်ကန်ကြောင်း  ဖေဘရီဇီယိုရိုမာနိုက အတည်ပြုသွားခဲ့ပါတယ်။

ဒါအမှန်ပါပဲ .. ဂါပိုက  အာဆင်နယ်လိုက်နေတဲ့ ကစားသမားတစ်ယောက်ပါ လို့ သူ့ရဲ့ Podcast ကနေဆင့်ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ မာတင်နယ်လီနဲ့ ပေပေတို့ပဲရှိနေတဲ့ Wide Winger နေရာအတွက် ဂါပိုကို ချဥ်းကပ်နေတာဖြစ်ပါတယ်။  ကစားသမားရဲ့တန်ကြေးကိုတော့ သန်း ၄၀ ခန့်ရှိမယ်လို့ အဂ်လန်မီဒီယာတွေက​ရေးသားနေကြပါတယ်။

အီဂျစ်လူငယ်တိုက်စစ်မှုးကို အာဆင်နယ်စောင့်ကြည့်နေ

စတုဂတ်အသင်းမှာ အငှားကစားပြီးခြေစွမ်းပြနေတဲ့ အီဂျစ်တိုက်စစ်မှုး   မာမို့ရှ်ကို အာဆင်နယ်အသင်းက စိတ်ဝင်စားနေတယ်လို့ Bild သတင်းစာကဖော်ပြလာပါတယ်။ အဆိုပါ ၂၃ နှစ်သားဟာ မိခင်ကလပ် ဝုဖ်ဘတ်နဲ့ ၂၀၂၃ ခုနှစ်မှာစာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး  ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားဖို့ရှိနေကြောင်းလဲသိရပါတယ်။  မာမို့ရှ်ဟာ အေးဂျင့်ဟောင်း နဲ့လမ်းခွဲပြီး ICM Sports နဲ့လက်တွဲနေပြီဖြစ်တာကြောင့် နောက်ခံကစားသမား တီယာနေနဲ့ အေးဂျင့်တူနေပြီလည်းဖြစ်ပါတယ်။

ကဲဗက်လီဝင်ကို အာဆင်နယ် တကယ်မကြိုက်ဘူးလို့  အဘွန်လဟော်ပြောကြား

သတင်းတွေထွက်နေပေမယ့် အာဆင်နယ်အသင်းအနေနဲ့ တိုက်စစ်မှုးကဲဗက်လီဝင်ကို တကယ်လိုချင်နေရဲ့လားဆိုတာ မသေချာကြောင်း  ဗီလာကစားသမားဟောင်း အဘွန်လဟော်က TalkSports ရဲ့အစီအစဥ်မှတဆင့်ပြောဆိုလာပါတယ်။ 

“  သူတို့တွေ  ကဲဗက်လီဝင်ကို တကယ်လိုချင်ရဲ့လားဆိုတာ မသေချာပါဘူး။  သူက ခနခန ဒဏ်ရာရနေခဲ့တာပါ။ ဒီတော့ ကွင်းထဲမှာ သူ့ကိုမမြင်ရတာလဲကြာပါပြီ။ ပြီးခဲ့တဲ့ရာသီကတော့ သူက သိပ်ကောင်းခဲ့ပါတယ် ဒါပေမယ့် အခုရာသီမှာတော့ ဘာမှမစွမ်းဆောင်ပြရသေးပါဘူး။  ကျွန်တော့်အထင်ပြောရရင်  ပိုကောင်းတဲ့သူတစ်ယောက်ယောက်ကိုပဲ အာဆင်နယ်က ရှာဖွေနေပါလိမ့်မယ်  “  လို့  သုံးသပ်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

Advertisements

ပေပေရဲ့နေရာကို ဂနာဘရီနဲ့အစားထိုးဖို့  Football London တိုက်တွန်းရေးသား

ကစားသမားဟောင်း ဂနာဘရီဟာ ပေပေရဲ့ နေရာကို အစားထိုးဖို့ အကောင်းဆုံးရွေးချယ်မှုဖြစ်လာနိုင်ကြောင်း Football London  ကသုံးသပ်ရေးသားလာခဲ့ပါတယ်။ ဂနာဘရီနဲ့ သူ့ရဲ့ အေးဂျင့်ဟာ  စာချုပ်သစ်ချုပ်ဆိုဖို့အတွက်  တစ်နှစ်ကို  ပေါင် ၁၂.၅ သန်းခံစားခွင့်ကိုတောင်းဆိုထားပြီး ၊ ဘိုင်ယန်အသင်းဖက်က သဘောမတူသေးသလို ရီးရဲတို့ကလည်း  ကစားသမားရဲ့အခြေအနေကို စောင့်ကြည့်နေတယ်လို့ Bild က ဖော်ပြထားပါတယ်။ ဂနာဘရီကို အမှန်တကယ်ခေါ်ယူလိုပါက  ဖြစ်မြောက်နိုင်ခြေရှိကြောင်းကိုလည်း Football London ရဲ့ အဆိုပါဆောင်းပါးမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။

ရစ်ချာလီဆန်ကို စိတ်ဝင်စားတဲ့အသင်းထဲအာဆင်နယ်လဲပါဝင်လာ

 Givemesport ရဲ့ဖော်ပြလာချက်အရ အာဆင်နယ်တို့ဟာ  အဲဗာတန်ရဲ့ ဘရာဇီးသား ရစ်ချာလီဆန်ကို ခေါ်ယူဖို့စိတ်ဝင်စားနေကြောင်းဖော်ပြလာပါတယ်။ အဆိုပါကစားသမားဟာ  ပေါင် ၄၅ သန်းခန့်တန်ကြေးရှိနေပြီး ရီးရဲမက်ဒရစ် ၊ ဘာစီလိုနာ နဲ့ မန်ချက်စတာယူနိုက်တက်တို့ကလဲစောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။  ရစ်ချာလီဆန်ဟာ ဒီရာသီမှာ ၂၃ ပွဲကစား  ၅ ဂိုးသွင်းပြီး  ၃ကြိမ်ဖန်တီးပေးထားနိုင်သူလည်းဖြစ်ပါတယ်။  အခြားသောသတင်းများအရ  အဲဗာတန်တို့ဟာ အသင်းကို ဝန်ထုပ်ဝန်ပို့လျော့ချဖို့အတွက်  အဓိက ကစားသမားတွေထုတ်ရောင်းရဖွယ်ရှိတယ်လို့ လဲသိရပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: