အာတီတာကတော့ ကစားဖော်ဟောင်းနဲ့ ဂန်းနားဟောင်း ကာဇိုလာရဲ့ အနာဂတ် ဆုံးဖြတ်ချက်တွေနဲ့ပတ်သတ်ပြီး သူ့အနေနဲ့ဘာမှမသိထားသေးကြောင်း ၊ သူတို့ကြားမှာ အဲ့ဒီအကြောင်းမပြောဖြစ်ကြကြောင်း ပြောပြလာပါတယ်။ ၅ ရာသီကြာ တူတူတွဲကစားခဲ့ကြသူတွေဟာ အာဆင်နယ်အသင်း FA Cup ရတော့လည်း အတူတူရှိနေခဲ့ကြတာပါပဲ။ ကာဇိုလာကတော့ အခုအချိန်ထိ ကာတာကလပ် အယ်ဆာ့ဒ် မှာဘောလုံးကစားနေဆဲဖြစ်ပါတယ်။ ပြီးတော့အသင်းကိုလဲ အမှတ်ပေးဖလားရအောင်လဲကူညီပေးထားနိုင်ပါတယ်။
စပိန်သား ကာဇိုလာ ဟာ အာဆင်နယ်ရဲ့နည်းပြအဖွဲ့ထဲကို ပါဝင်ဖို့အတွက် ချိတ်ဆက်မှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့် အာတီတာရဲ့အသင်းမှာက သူအဖွဲ့နဲ့သူပြည့်နေခဲ့ပါပြ။ ဒီတော့ ဆွေးနွေးတဲ့အဆင့်ထိမရောက်ခဲ့။
“ ဆန်တီ နဲ့ကျွန်တော် အထွေအထူးဘာမှမပြောဖြစ်ကြပါဘူး “ လို့ ကြာသာပတေးနေ့က အင်တာဗျူးမှာ အာတီတာကဖြေပါတယ်။
“ ခင်ဗျားအနေနဲ့ ဘောလုံးလောကထဲကဘယ်သူ့ကိုဖြစ်ဖြစ် ဆန်တီ့အကြောင်းမေးလိုက်ရင်တော့ သူတို့မျက်နှာပြုံးသွားမှာအသေအချာပဲပေါ့။ သူက ဘောလုံးဆက်ကစားမှာလား … ကျွန်တော်မသိပါဘူး။ ဒါပေမယ့် သူကဘာပဲလုပ်လုပ် ဘောလုံးနဲ့ပတ်သတ်တာတစ်ခုခုပဲဖြစ်မှာပါ။ သူ့အကြောင်းကျွန်တော်ကောင်းကောင်းသိပါတယ် “ လို့ အာတီတာကသူ့ရဲ့မိတ်ဆွေဟောင်းအကြောင်းကို ပြောလာပါတယ်။
ဆက်လက်ပြီး “ ကျွန်တော့်မွေးနေ့တုန်းက သူနဲ့စကားပြောဖြစ်ကြတယ် … ဒါပေမယ့် ဘာမှမဆွေးနွေးရသေးဘူး .. လောလောဆယ်တော့ ဒီလောက်ပဲပြောနိုင်ပါတယ် “ လို့ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းကတော့ ကာဇိုလာက အာတီတာကို ချီးကျူးရင်း အမ်းမရီတ်ဆီကို နည်းပြအဖြစ်ပြန်လာဖို့ ဖြစ်နိုင်ချေကို ဖွင့်ဟခဲ့ပါတယ်။
“ အာဆင်နယ်မှာ တူတူကစားခဲ့ကြတုန်းကပေါ့ဗျာ .. သူက အဝတ်လဲခန်းမှာ တစ်ဦးတည်းသောစပိန်သားပါ။ သူရော သူ့မိသားစုရောက ကျွန်တော့်ကို အပြည့်အဝကူညီခဲ့ကြတာပါ။ သူနဲ့ကျွန်တော်က ကလေးဘဝ ဘောလုံးသင်တန်းသားဘဝကတည်းက တူတူရှိခဲ့ကြတယ်။ ကစားပွဲတွေအတူကြည့်ခဲ့ကြတယ်။ သူက အဲ့ဒီအချိန်ထဲကနည်းပြသွေးပါနေခဲ့တာပါ “ လို့ AS သတင်းဌာနကိုဖြေကြားခဲ့တာပါ။
“ ကျွန်တော်က အကူအညီတစ်ခုဖြစ်မယ်လို့ သူသာယုံကြည်ရင် ကျွန်တော်ကအသင့်ပါပဲ။ ဆွေးနွေးဖို့အတွက် တံခါးဖွင့်ထားပါတယ်။ အခုထိတော့ ဘာမှ အထွေအထူးမရှိသေးပါဘူး ..စောင့်ကြည့်ရတာပေါ့ “ လို့ ကာဇိုလာက ဆိုခဲ့တာပါ။
ငယ်သူငယ်ချင်း ၂ ယောက်ကို အမ်းမရိတ်မှာ တူတူဆုံရဖို့ရှိမလားကတော့ပြောရခက်ပါတယ်။ အာတီတာကတော့ သူ့ရဲ့ခရီးစဥ်ကို မှန်မှန်ချီတက်နေဆဲပါပဲ။ နောက်ဆုံးသတင်းအရတော့ ၂၀၂၂ ခုနှစ် မတ်လအတွက် ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးမန်နေဂျာအဖြစ်ရွေးချယ်ခံထားရပါတယ်။ သူ့မှာလဲအနီးဆုံးရင်ဆိုင်စရာတွေအပြည့်နဲ့ပါ။ အရာရာကတော့ စောင့်ကြည့်ဖို့ပါပဲ။
Leave a Reply