ချန်ပီယံရှစ်အသင်းတစ်သင်းဖြစ်တဲ့ မစ်ဒယ်ဘရော့က သူတို့ရဲ့ လူငယ်ကစားသမား ဂျက်စပန့်စ်ကို အာဆင်နယ်အသင်းဆီ စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ခုနဲ့ ရောင်းချသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ဂန်းနားတွေရဲ့ ပစ်မှတ်ဖြစ်တဲ့ အသက်၂၁နှစ်အရွယ် နောက်ခံလူဟာ ပြီးခဲ့တဲ့နှစ်ကတည်းက မစ်ဒယ်ဘရော့ရဲ့ ချန်ပီယံရှစ်ပြိုင်ဘက်ဖြစ်တဲ့ နော်တင်ဟမ် ဖောရက်စ်ကို အငှားထွက်ကစားနေခဲ့တာ ဖြစ်ပြီး ခြေစွမ်းကောင်းတွေ ပြသထားခဲ့ပါတယ်။အင်္ဂလန်လူငယ်လက်ရွေးစင်လေးဟာ နော်တင်ဟမ်ဖောရက်စ်အတွက် ၃၃ပွဲကစားထားရမှာ ၃ဂိုးသွင်း၊ဂိုးဖန်တီးမှု ၅ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းနဲ့ နော်တင်ဟမ်ဖောရက်စ်တို့ ရင်ဆိုင်ခဲ့တဲ့ FAဖလား တတိယအကျော့ပွဲစဉ်မှာ စပန့်စ်ဟာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပြီး ချီးကျူးမှုတွေရခဲ့ပါတယ်။စပန့်စ်ရဲ့ ခြေစွမ်းပြမှုတွေကြောင့် အာတီတာက အသင်းရဲ့ ညာ တောင်ပံခံစစ်အတွက် တိုမီယာဆုနဲ့ ယှဉ်ပြိုင်ရမယ့် ကစားသမားတစ်ဦးအဖြစ် လာမယ့် နွေရာသီမှာ ခေါ်ယူသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ အဆိုပါပွဲဟာ သူ့ရဲ့ ကံကြမ္မာကို အပြောင်းအလဲဖြစ်မဖြစ် မပြောနိုင်သေးပေမယ့် ၊ ရေပန်းစားမှုတော့မြင့်တက်လာစေခဲ့ပါတယ်။
အာဆင်နယ်နဲ့ အပြိုင် မြို့ခံပြိုင်ဘက် စပါးကလည်း သူတို့အသင်းရဲ့ နောက်ခံလူတွေဖြစ်တဲ့ အီမာဆန် ရွိုင်ရယ်၊မတ်ဒိုဟာသီတို့ရဲ့ ခြေစွမ်းကို အားရမှုမရှိတာကြောင့် စပန့်ကို ခေါ်ယူဖို့ ကြိုးစားလာနိုင်ချေရှိပါတယ်။
လန်ဒန်အသင်းတွေဟာ စပန့်စ်ကို ခေါ်ယူဖို့ ဘွန်ဒက်စ်လီဂါထိပ်သီး ဘိုင်ယန်မြူးနစ်ကလည်း ကြိုးစားလာဖို့ ရှိပါတယ်။ အီတလီထိပ်သီးတွေဖြစ်တဲ့ အင်တာမီလန်၊အေစီမီလန် တို့ကလည်း စပန့်ရဲ့ ခြေစွမ်းကို အကဲဖြတ်နိုင်ဖို့ ကင်းထောက်တွေ စေလွှတ်ထားတယ်လို့ သိရပါတယ်။
Daily Starရဲ့ အဆိုအရ မစ်ဒယ်ဘရော့က စပန့်ကို ရောင်းချသွားဖို့ ရှိနေပြီး အသင်းရဲ့ စံချိန်တင်အပြောင်းအရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း၂၀အထိ တောင်းဆိုသွားဖို့ ရှိနေပါတယ်။
Original Content Here,
Leave a Reply