အာဆင်နယ်ရဲ့ ပစ်မှတ်ကစားသမားတစ်ဦးဖြစ်တဲ့ အဲဗာတန်တိုက်စစ်မှူး ကဲလ်ဗတ်လီ၀င်ဟာ အမည်မသိရတဲ့ ပရီးမီးယားလိဂ် အသင်းတစ်သင်းနဲ့ အကြိုသဘောတူညီမှုတွေရသွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
အာဆင်နယ်ဟာ သူတို့အသင်းရဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ လာကာဇက်၊ အန်ကက်တီးယားတို့ကို လာမယ့် နွေရာသီမှာ ဆုံးရှုံးရဖို့ ရှိနေပြီး တိုက်စစ်မှူးသစ်အဖြစ် ကဲလ်ဘတ်လီ၀င်ကို ခေါ်ယူဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။
ဒီသီတင်းပတ် အစောပိုင်းမှာ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ အဲဗာတန်တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ် အသင်း တစ်သင်းကို ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု ရခဲ့ပြီဖြစ်ပြီး အဲ့ဒီအသင်းကလည်း အာဆင်နယ်ဖြစ်မယ်လို့ ထင်ကြေးပေးနေကြတာဖြစ်ပါတယ်။
ဒီသတင်းတွေကို ငြင်းဆန်ခဲ့သူကတော့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူပဲ ဖြစ်ပါတယ်။ လီ၀င်ဟာ အဲဗာတန်ကို ပရီးမီးယားလိဂ်မှာ ဆက်ထိန်းသိမ်းထားနိုင်ဖို့ပဲ အခုချိန်မှာ အာရုံစိုက်နေတယ်လို့ အေးဂျင့်က ဆိုပါတယ်။
“ဒွန်မနစ်(ကဲဘတ်လီ၀င်း)ဟာ ခုချိန်ထိ ဘယ်အသင်းနဲ့မှ သဘောတူညီမှု ယူထားတာမျိုး မရှိသေးပါဘူး။ အခု သူဟာ လေ့ကျင့်ရေးအစီအစဉ်တွေမှာ အပြင်းအထန်ကြိုးစားနေပြီး အသင်းနဲ့အတူ ကောင်းကောင်းမွန်မွန် ရာသီအဆုံးသတ်နိုင်အောင် ကြိုးစားနေပါတယ်”
အဲဗာတန်ဟာ သူတို့ရဲ့ တိုက်စစ်မှူးကို ပေါင်သန်း၇၀တန်ကြေး သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဗာတန်အသင်းသာ တန်းဆင်းရမယ်ဆိုရင်တော့ သူတို့ရဲ့တိုက်စစ်မှူးအတွက် လိုချင်တဲ့ဈေးကို တောင်းဆိုလို့ရမှာတော့ မဟုတ်တော့ပါဘူး။ ဒါကြောင့် ထိပ်တန်းအသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်နေတဲ့ အဂ်လန်တိုက်စစ်မှုးအတွက် တော်ဖီတို့ဟာ ဆုံးဖြတ်ချက်တစ်ခုတော့ အမြန်ချရတော့မှာဖြစ်ပါတယ်။
လက်ရှိရာသီမှာ အဲဗာတန်ဟာ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရပြီး နောက်ဆုံးငါးပွဲမှာ လေးပွဲရှုံး၊တစ်ပွဲနိုင်ဆိုတဲ့ ရလဒ်နဲ့ အမှတ်ပေးဇယား အဆင့် (၁၇)နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ရာသီကုန်မှာ ချန်ပီယံရှစ်ကို တန်းမဆင်းရဖို့ အတွက် ဘန်လေ၊၀က်ဖို့ဒ်၊လိဒ်စ်ယူနိုက်တက်တို့နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။
ရှက်ဖီးမြို့မှာမွေးခဲ့တဲ့ အသက် ၂၅ နှစ်သားဟာ ကစားသမားဘဝမှာ ပွဲပေါင်း ၂၂၇ ပွဲကစားပြီး ၇၀ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ နိုင်ငံအသင်းနဲ့တော့ ၁၁ ပွဲမှာ ၄ ဂိုးရရှိထားသူဖြစ်ပါတယ်။
Original Article Here,
Leave a Reply