သတင်းမှားတွေအပေါ် အလွန်၀မ်းနည်းရတယ်လို့ ဆိုလာတဲ့ ဘရာဇီးလ်နည်းပြ 

ပြီးခဲ့တဲ့ ရက်တွေက သတင်းအချို့မှာ အာဆင်နယ်နည်းစနစ်ဒါရိုက်တာ အီဒူးက အာတီတာအသင်းကနေထွက်ခွာသွားရင် အစားထိုးဖို့ ဘရာဇီးလ်လက်ရွေးစင်အသင်းရဲ့ နည်းပြတစ်တီနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဒီသတင်းတွေကို သိပ်အယုံအကြည်မရှိခဲ့တာကြောင့် ‌စာရေးသူကတော့ ရေးဖို့ လက်ရှောင်ခဲ့ပါတယ်။ 

ပရိသတ်အချို့အတွက်တော့ ဒီသတင်းဟာ ဟုတ်နိုးနိုး၊ မှန်နိုးနိုးလားဆိုပြီး ဇဝေဇရာ ဖြစ်စရာပါ။ အီဒူးနဲ့ ဘရာဇီးလ်ဘောလုံးလောကရဲ့ ဆက်နွယ်မှုကလည်း ကြီးမားတာကြောင့် ဒီသတင်းဟာ လုံး၀မဖြစ်နိုင်ဘူးလို့လည်း ငြင်းရခက်နေပြန်ပါတယ်။ 

တစ်တီဟာ တောင်အမေရိကရဲ့ အကောင်းဆုံးမန်နေဂျာတွေထဲက တစ်ယောက်ဆို မမှားပါဘူး။ အရည်အချင်းပြည့်၀တဲ့ နည်းပြတစ်ယောက်ဆိုတာ ငြင်းစရာမရှိသလို လက်ရှိ သူကိုင်တွယ်နေတဲ့ ဘရာဇီးလ်လက်ရွေးစင်အသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့ တောင်အမေရိကဇုန်ရဲ့ အုပ်စုနံပါတ်တစ်နေရာက ဦးဆောင်နေသလို ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေထဲက တစ်သင်းဆိုလည်း မမှားပါဘူး။ 

တစ်တီဟာ မန်နေဂျာကောင်း တစ်ယောက်ဖြစ်ပေမယ့် အာတီတာကို အပြည့်အ၀ယုံကြည်ပြီး ထောက်ခံအားပေးနေတဲ့ ပရိသတ်တွေအတွက် ဒီသတင်းကြောင့် ဒေါသထွက်စရာ ဖြစ်ခဲ့ရပါတယ်။ 

အခုချိန်မှာတော့ အမှန်တရားကပေါ်ပေါက်လာခဲ့ပါပြီ။အ ာဆင်နယ် အသင်းက တစ်တီနဲ့ ဆွေးနွေးနေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုခဲ့သလို ဘရာဇီးလ်နည်းပြကြီးကလည်း လက်တလောထွက်ပေါ်နေတဲ့ ကောလဟာလတွေဟာ လုံး၀မမှန်ကန်ပါဘူးလို့ ငြင်းဆိုသွားခဲ့ပါတယ်။ 

ဘရာဇီးလ်အသင်းရဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲတစ်ခုမှာ တစ်တီက ခုလိုပြောလာခဲ့ပါတယ်။ 

အာဆင်နယ် အသင်းကိုတော့ ကျွန်တော် တောင်းပန်ပါတယ်၊ ဒါပေမယ့် ဒီသတင်းတွေဟာ ကျွန်တော့်ဆီက လာတာမဟုတ်ပါဘူး၊ဒါနဲ့ ပတ်သက်ပြီးလည်း ဘာမှလုပ်စရာ မရှိပါဘူး” 

ဒီလို အချိန်တိုလေးအတွင်းမှာ သတင်းမှားတွေ၊ အချက်အလက်မှားတွေ အများကြီးတက်လာတာဟာ ကျွန်တော့်အတွက် ၀မ်းနည်းစရာပါ။ အခုတော့ အမှန်ကို ပြင်ပြီးသွားပြီလို့ မျှော်လင့်ပါတယ်။ကျွန်တော်မိသားစုလည်း စိတ်အေးလက်အေးနေလို့ရပြီလို့ ထင်ပါတယ်။ဘရာဇီးလ်အသင်းနဲ့ပတ်သက်ပြီး ကျွန်တော်ရဲ့ဂုဏ်သိက္ခာနဲ့ ကြီးမားတဲ့လေးစားမှု ရှိပါတယ်။” 

 Public ကို ခုလိုမျိုး သတင်းမှားကြီး ပျံ့နှံသွားတာကြောင့် ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ်။ကျွန်တော့်ကို သိတဲ့၊ ယုံကြည်တဲ့သူတွေကို စိတ်အေးအေးထားဖို့ ပြောခဲ့ပါတယ်။ ဘာလို့လဲဆိုတာ ကျွန်တော် တစ်တီဟာ ဘရာဇီးအသင်းအတွက် ကိုယ်ရဲ့တာ၀န်ကို သိသလို ကိုယ့်ရဲ့ ပရော်ဖက်ရှင်နယ်အလုပ်ကို လေးစားတဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ သဘောထားအမြင် ရှိတဲ့သူဖြစ်လို့ပါ” 

ဒီသတင်းဟာ အာဆင်နယ်နဲ့ တစ်တီတို့ဆီက စီးဆင်းလာတာမဟုတ်ရင်တော့ ဘရာဇီးလ်ရဲ့ သတင်းမီဒီယာတွေဆီကနေ ထွက်ပေါ်လာတာ ဖြစ်နိုင်ပါတယ်။

Original Article Here,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: