Gunners’ Side – နောက်ဆုံးရအာဆင်နယ်သတင်းများ (29Mar)

U23 မှာခြေစွမ်းပြတဲ့ ၁၇ နှစ်သားလေးကို အာဆင်နယ် စာချုပ်

အသက် ၁၇ နှစ်အရွယ်ကစားသမားလေး ဘရက်ဒလေအီဘရာဟမ်ဟာ  ဂန်းနားတို့နဲ့ပရိုဖက်ရှင်နယ်စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သတင်းများကို ကိုးကားပြီး  HITC ကဖော်ပြလာပါတယ်။  အဆိုပါအကြောင်းကို ကစားသမားလေးက ဆိုရှယ်မီဒီယာမှာရေးသားခဲ့ပြီးနောက် ဂျက်ဝီးရှိုင်းယားကလည်း  ဝင်ရောက်မှတ်ချက်ပေးသွားခဲ့ပါတယ်။ အီဘရာဟမ်ဟာ  ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပေမယ့် ဗဟိုနောက်ခံလူအဖြစ်လည်းကစားနိုင်သူဖြစ်ပြီး ၊  U18   အဆင့်ကိုကျော်ကာ U23 အသင်းနဲ့အတူ EPL 2 မှာလည်းစတင်ကစားနေပြီဖြစ်ပါတယ်။

ကိုဒီဂတ်ပိုကို အာဆင်နယ်တို့  ၃၅ သန်းနဲ့ကမ်းလှမ်းဖွယ်ရှိ

အာဆင်နယ်အသင်းဟာ ပီအက်စ်ဗီအသင်းရဲ့ ကစားသမားလေး ကိုဒီဂတ်ပိုကိုခေါ်ယူဖို့အတွက်  အလေးအနက်ထားကြိုးစားနေပြီဖြစ်ကြောင်း သတင်းများကဖော်ပြနေကြပါတယ်။ The Athletic ရဲ့ဖော်ပြချက်အရ ဂန်းနားတို့ဟာ စျေးနှုန်းတိတိကျကျနဲ့မကမ်းလှမ်းထားသေးပေမယ့်  အာတီတာဟာ ပေါင် ၃၅ သန်းဝန်းကျင်သုံးစွဲဖို့ရှိကြောင်းသိရပါတယ်။ ဂိုးသွင်းအားကောင်းတဲ့တောင်ပံကစားသမားလေးရဲ့ ကစားပုံကို  ဆာလာ ၊ မာနေးတို့နဲ့ နှိုင်းယှဥ်မှုရေးသားမှုအချို့လဲရှိနေပါတယ်။

Advertisements

ရမ်းစ်ဒေးရဲ့ အရည်အသွေးကို အာဆင်နယ်သာမြင်အောင်ကြည့်နိုင်ခဲ့တယ်လို့ ဂရင်းပြော

BBC ရဲ့  ဘောလုံးကျွမ်းကျင်သူလဲဖြစ် ၊ ဂိုးသမားဟောင်းလဲဖြစ်တဲ့ ရောဘတ်ဂရင်းက  အာဆင်နယ်အသင်းသာလျှင် ရမ်းဒေးလ်ရဲ့ အစွမ်းတွေကိုမြင်အောင်ကြည့်နိုင်ခဲ့တယ်လို့ ပြောဆိုရင်း ဂိုးသမားကိုလည်း ချီးကျူးသွားခဲ့ပါတယ်။  “ သူကတကယ့်ကို​ယုံကြည်မှုအားကောင်းတဲ့သူပါပဲ။  ပရိတ်သတ်အများကြီးရှေ့မှာ ကြောက်စရာကောင်းတဲ့တိုက်စစ်တွေကို ကာကွယ်ခဲ့တာပါ။ သူ့မှာဒီလိုအစွမ်းတွေရှိမယ်လို့ ကျွန်တော်မထင်ခဲ့ပါဘူး။ အများစုကလည်း မထင်ခဲ့ပါဘူး။ အာဆင်နယ်သာလျှင်မြင်ခဲ့တာပါ “ လို့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

တီယာနေကို  သန်း ၅၀နဲ့ ရီးရဲတို့ စကမ်းလှမ်းမယ်

ရီးရဲမက်ဒရစ်တို့ဟာ  တီယာနေးကို  သန်း ၅၀ နဲ့စတင်ကမ်းလှမ်းလာတော့မှာဖြစ်ကြောင်း Sunday Post သတင်းစာအပါအဝင် ၊ စပိန်သတင်းများစွာက ရေးသားဖော်ပြနေကြပါတယ်။  လက်ရှိရီးရဲနည်းပြ အန်ဆယ်လော့တီကလည်း  ၂၀၁၉ ခုနှစ် ၊ ဆဲလ်တစ်မှာကစားနေစဥ်ကတည်းက တီယာနေကို သဘောကျကြောင်းထုတ်ဖော်ပြောထားသူဖြစ်ပါတယ်။  အသက် ၂၄ နှစ်သားဟာ အာတီတာရဲ့အသင်းမှာ ခေါင်းဆောင်ဖြစ်လာဖို့လည်း အလားအလာကောင်းနေသူဖြစ်ပါတယ်။

စီနီယာအဆင့်အတွက် အရည်အသွေးတိုးတက်ဖို့လိုသေးကြောင်းဘာလိုဂန် ဝန်ခံ

ဘိုရိုအသင်းကို  အငှားထွက်ကစားနေတဲ့ ဘာလိုဂန်က  လက်ရှိ အာဆင်နယ်အပေါ်မှာထားတဲ့သူ့ရဲ့အမြင်ကို ခုလိုပြောပြလာပါတယ်။

“ အာဆင်နယ်ပွဲတွေကို စောင့်ကြည့်ရတာ သိပ်ကောင်းနေပါပြီ။ တစ်ယောက်ခြင်းစီတိုင်းက သူတို့အလုပ်သူတို့အကောင်းဆုံးလုပ်ပြီးအသင်းအတွက်ကစားပေးနေကြတာပါ။ ကျွန်တော်လဲ ပိုကောင်းအောင်ကြိုးစားနေရင်း သူတို့နဲ့အတူ ပူးပေါင်းနိုင်ဖို့ ဘာတွေပြင်ဆင်ရမလဲ အမြဲတန်းလေ့လာနေပါတယ်။  ဘိုရိုမှာကစားရင်း ကျွန်တော်ပိုပြီးရင့်ကျက်လာနေပါပြီ။ U23  မှာတော့ ကျွန်တော်လုပ်ချင်တာတွေကို လွယ်လွယ်နဲ့လုပ်နိုင်ခဲ့ပါတယ်။ အခုအဆင့်မှာကတော့ တစ်ခုခုလုပ်ပြဖို့ ပိုခက်လာပါတယ်။ ကျွန်တော်တိုးတက်ဖို့လိုအပ်နေတာကို ကျွန်တော်သိပါတယ် “ လို့ ပွင့်ပွင့်လင်းလင်းပြောလာတာဖြစ်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: