တကျော့ပြန်လူကြိုက်များလာတဲ့  အာဝါ နဲ့ အာဆင်နယ်ရဲ့ခေါ်ယူနိုင်ခြေအလားအလာ

နွေရာသီအပြောင်းအရွှေ့က အနည်းငယ်တော့ လိုသေးပေမယ့် ဘယ်ကစားသမားတွေ အသင်းကနေ ထွက်သွားမလဲ၊ ဘယ်ကစားသမားအသစ်တွေကို အသင်းရဲ့ဂျာစီနဲ့ ထပ်မြင်ရမလဲဆိုတဲ့ သတင်းတွေကတော့ ကျယ်ကျယ်လောင်လောင်ကို ထွက်ပေါ်နေတာ ဖြစ်ပါတယ်။အခုလည်း အာဆင်နယ်က အူဆန်အာဝါကို ခေါ်မယ်၊ မော်ရင်ဟိုကလည်း ရှာကာကို အီတလီမြေကို ခေါ်ဖို့ ထပ်ကြိုးစားလာမယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြန်ပါပြီ။ 

ဟူဆန်အာဝါ နဲ့ အာဆင်နယ်ကတော့ ပြီးခဲ့တဲ့ နှစ်တွေကတည်း သတင်းတွေ မကြာခဏထွက်နေကြပါပဲ။ အာဆင်နယ်အနေနဲ့ ကစားသမားကို ခေါ်ယူဖို့ တကယ်စိတ်၀င်စားခဲ့ဖူးပေမယ့် လိုင်ယွန်ဘက်က အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးပမာဏကို ပေးချေဖို့ အဆင်မပြေခဲ့တာကြောင့် အပြောင်းအရွှေ့ဟာ တကယ်ဖြစ်လာခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ သတင်းများရဲ့ဖော်ပြချက်အရ  အေးဂျင့်ဖြစ်သူရဲ့ ပါဝင်ပတ်သတ်မှုက များလွန်းခဲ့တယ်လို့လည်းဆိုပါတယ်။

လက်ရှိမှာ ဟူဆန်အာဝါနဲ့ လိုင်ယွန်အသင်းတို့ရဲ့ စာချုပ်သက်တမ်းဟာ ၁၈လ ကျန်နေသေးပြီး လိုင်ယွန်အသင်းရဲ့ စာချုပ်အသစ်ကမ်းလှမ်းမှုကို အာဝါက ငြင်းပယ်ထားပါတယ်။ဒါကြောင့် လာမယ့် နွေရာသီမှာ အူဆန်ဟာ ပြင်သစ်မြေကနေ စွန့်ခွာပြီး အီတလီ ဒါမှမဟုတ် အင်္ဂလန်ကို ပြောင်းရွှေ့လာနိုင်ချေရှိတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

အင်တာမီလန်နဲ့ ဂျူဗင်တပ်တို့က အူဆန်ကို စိတ်၀င်စားနေကြတာကြောင့် အာဆင်နယ်အနေနဲ့  ခေါ်ယူလိုသေးတယ်ဆိုရင်တော့ ပြင်သစ်ကွင်းလယ်လူကို ခေါ်ယူဖို့ အီတလီထိပ်သီးအသင်းတွေနဲ့ အပြိုင်ကြိုးစားရဖို့ ရှိနေပါတယ်။ 

တစ်ဖက်မှာလည်း အသင်းရဲ့ ကွင်းလယ်လူ ရှာကာကို မော်ရင်ဟိုက ရိုးမားဆီခေါ်ယူဖို့ လာမယ့်နွေရာသီမှာ ကြိုးစားလာမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ပြီးခဲ့တဲ့နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးကတည်းက အီတလီမြေကို ရှာကာ ပြောင်းရွှေ့လုနီးပါးဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ အမ်းမရိတ်မှာပဲ ဆက်နေဖို့ ဆွစ်ဇာလန်သားကြီးက ဆုံးဖြတ်ခဲ့ပါတယ်။ 

ဒီနှစ်မှာလည်း အာတီတာအနေနဲ့ အသင်းရဲ့ကွင်းလယ်မှာ ပါတေးနဲ့အတူ တွဲဖက်ပြီး ခြေစွမ်းပြနေတဲ့ ရှာကာကို အသင်းကနေ ထွက်ခွာခွင့်ပေးမလား ၊ဒါမှမဟုတ် ဆက်ပြီး ဆွဲထားမှာလားဆိုတာကတော့ ဆက်ပြီး စောင့်ကြည့်ရပါဦးမယ်။ စီနီယာကစားသမားဘဝတစ်လျှောက်လုံးကို  လိုင်ယွန်နဲ့သာဖြတ်သန်းထားတဲ့  အာဝါဟာ  ပြင်သစ်မြေမှာ ၂၀၄ ပွဲကစားပြီး ၃၇ ဂိုးသွင်းယူထားနိုင်သူဖြစ်ပါတယ်။  ကွင်းလယ်တိုက်စစ်မှာနေရာစုံကစားနိုင်ပြီး  အသက်ကလည်း ၂၃ နှစ်သာရှိသေးတာမို့  အာတီတာအနေနဲ့ ခေါ်ယူဖို့ကြိုးစားတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဘောလုံးပရိတ်သတ်တွေအနေနဲ့ အပြောင်းအရွှေ့သတင်းတွေဆက်တိုက်ဖတ်ရဖို့သလို    အာဆင်နယ်အသင်းနဲ့ 8 Role ကစားသမားတွေရဲ့သတင်းကလည်း တစ်ယောက်ယောက်ကို မခေါ်မခြင်းရပ်တံ့သွားဖွယ်မရှိသေးပါဘူး။

Original Article Here,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: