Gunners’ Side – နောက်ဆုံးရအာဆင်နယ်သတင်းများ (28Mar)

စပိန်လူငယ်ကစားတာကို သွားကြည့်ခဲ့ကြတဲ့  ပရီးမီးယားလိဂ်အသင်းများ

စပိန်သတင်းစာ  Super Deporte ရဲ့ဖော်ပြချက်အရ လီဗာပူး ၊ စပါးနဲ့အာဆင်နယ်အသင်းတို့ဟာ ဗလင်စီယာအသင်းရဲ့ နောက်ခံလူ ခရစ်စသီယန် မော်စကေးယားကို အပြိုင်လိုချင်နေကြတယ်လို့ သိရပါတယ်။  အဆိုပါ စပိန် U19 ကစားသမားလေးကို သြစတီးယားနဲ့ကစားခဲ့တဲ့ပွဲမှာ အထက်ပါအသင်းကြီး ၃ သင်းစလုံးက သွားရောက်ကြည့်ရှုခဲ့တယ်လို့ အဆိုပါသတင်းမှာဖော်ပြထားပါတယ်။ ကစားသမားလေးရဲ့ စာချုပ်ဖျက်သိမ်းကြေးကတော့ ယူရို ၂၅ သန်းလို့ သိရပါတယ်။

ရှက်ဖို့ဒ်ကို အာဆင်နယ်ရောက်စေချင်သူတွေများနေ

TalkSports ရဲ့ဆောင်းပါးရှင်  ဂျော့ဖော့ဒ်မန်းကတော့ အာဆင်နယ်အသင်းအတွက်ပိုမိုကောင်းမွန်တဲ့ Line Up အဖြစ်  တိုင်လီမန်းစ် ၊ ရက်ရှ်ဖို့ဒ်နဲ့  ကဲဗက်လီဝင်တို့ကို လက်ရှိလူစာရင်းမှာထည့်သွင်းခဲ့ပြီး ခေါ်ယူဖို့အမှန်တကယ်ကြိုးစားနေကြောင်းကိုလည်းသတင်းများကို ကိုးကားရေးသားလာခဲ့ပါတယ်။ သူ့ရဲ့အဆိုအရ  ရက်ရှ်ဖို့ဒ်ကို  မာတင်နယ်လီရဲ့ ဘယ်ခြမ်းမှာရှိစေလိုပြီး ၊  ရှာခါနေရာမှာ တိုင်လီမန်းစ်ကို ထားချင်ပုံပါပဲ။ အထောင်တိုက်စစ်မှုးအဖြစ် ကဲဗက်လိဝင်ကို ထည့်သွင်းထားပြီး ၊ အမှန်တကယ်ခေါ်ယူမယ်ဆိုရင် သန်း ၆၀ လောက်ပေးရနိုင်ကြောင်းကိုလည်းရေးသားထားပါတယ်။

၁၃ ပွဲကစားထားပြီးအာဆင်နယ်အပါအဝင် အသင်းကြီးတွေနဲ့နာမည်ထွက်နေတဲ့ ဗီအဲရာလက်သစ်

စီနီယာအဆင့်မှာ ပွဲ ၂၀ တောင်မပြည့်သေးပေမယ့် ခြေစွမ်းပြနိုင်ပြီဖြစ်တဲ့ ရင်းမ်းစ် အသင်းရဲ့ ကွင်းလယ်ကစားသမားလေး  လက်စလေ အူဂိုချပ်ကဝူ ကို အာဆင်နယ်အနေနဲ့ အရခေါ်ယူသင့်ကြောင်း  HITC  က သုံးသပ်ရေးသားလာခဲ့ပါတယ်။ အဆိုပါကစာသမားလေးကို စပါနဲ့ အာဆင်နယ်တို့က အပြိုင်စိတ်ဝင်စားနေကြကြောင်း L Equipe ကရေးသားလာပြီးနောက်မှာ သတင်းတွေဆက်တိုက်ထွက်လာတာဖြစ်ပါတယ်။  ဗီအဲရာလက်သစ်လို့ခေါ်တဲ့ လက်စလေဟာ  ၃ ကြိမ်ပွဲထွက်  ၁၀ ကြိမ်လူစားဝင်ပြီး  ၁ဂိုးသွင်းပေးထားနိုင်ပါတယ်။

ယူနိုက်တက်အသင်းခေါင်းဆောင်ကို  ဂါဘရီယယ်နဲ့ ဘန်ဝှိုက်ရဲ့ အရံအဖြစ် အာတီတာစိတ်ဝင်စား

နည်းပြ အာတီတာဟာ ဂါဘရီယယ်နဲ့ ဘန်ဝှိုက်တို့ရဲ့ အရံအဖြစ်  မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယားကို စိတ်ဝင်စားနေကြောင်း Praizsport ကို  ကိုးကားပြီး Four Four Two ကဖော်ပြလာပါတယ်။  စပိန်သားနည်းပြအနေနဲ့   မက်ဂွိုင်းယားရဲ့ အတွေ့အကြုံနဲ့ကြံခိုင်မှုတွေကို လူငယ်တွေများနေတဲ့အသင်းမှာ ပေါင်းထည့်ချင်နေတာဖြစ်တယ်လို့ အဆိုပါသတင်းမှာဆိုထားပါတယ်။  

၂ ပွဲကစားပြီး အံ့သြစရာရလဒ်ကို လုပ်ပြထားတဲ့  ပညာသင် ကွင်းလယ်ကစားသမားလေး

အာဆင်နယ်အသင်းရဲ့  လူငယ်ပညာသင်ဆုရခဲ့တဲ့ ကစားသမားလေး  မာသီယပ်စ်ရောဘတ်ဟာ  U18 အသင်းရဲ့ အဓိက ကျတဲ့ကစားသမားတစ်ယောက်အဖြစ် အလျှင်အမြန်တိုးတက်လာနေကြောင်း  အာဆင်နယ်အသင်းရဲ့လူငယ်သတင်းတွေကို သီးသန့်တင်ဆက်နေတဲ့  ဂျော့ဘတ် က Arseblog News မှာရေးသားလာခဲ့ပါတယ်။  အဆိုပါ ၁၇ နှစ် အရွယ်ကွင်းလယ်တိုက်စစ်ကစားသမားလေးဟာ ရီဒင်းအသင်းနဲ့ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့သလို  ဘရိုက်တန်နဲ့ပွဲမှာလည်း ၁ကြိမ်ဖန်တီးပေးထားနိုင်တယ်လို့သိရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: