Gunners’ Side – နောက်ဆုံးရ အာဆင်နယ် သတင်းများ (27Mar)

ရှာခါကို အာဆင်နယ်ရောင်းချနိုင်ဖွယ်ရှိကြောင်း  အီတလီသတင်းစာက လမ်းကြောင်းပေးရေးသား

အာဆင်နယ်အသင်းဟာ  ရိုးမားအသင်းက စိတ်ဝင်စားနေတဲ့ ဂရန်းနစ်ရှာခါအတွက် ပေါင် ၁၅ သန်းဝန်းကျင်ခန့်အလိုရှိနေကြောင်း အီတလီသတင်းစာ Gazetto Dello Sports ကဖော်ပြလာပါတယ်။ ရှာခါဟာ မော်ရင်ဟိုရဲ့ပစ်မှတ်ဖြစ်နေဆဲဖြစ်ပြီး ၊ ရာသီအစတုန်းကလဲ ရိုးမားဒါရိုက်တာကိုယ်တိုင် သူတို့အနေနဲ့ရှာခါကို ကြိုးစားခဲ့ကြောင်းထုတ်ဖော်ဝန်ခံထားတာဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆွစ်ဇာလန်သားကြီဟာ ဂန်းနားလူငယ်များနဲ့အတူ ကောင်းမွန်တဲ့ခြေစွမ်းတွေကို ဆက်တိုက်ပြသထားနိုင်ပါတယ်။

ပေပေကို စကားလုံးလှလှနဲ့ ချီးကျူးလာတဲ့ပြင်သစ်သတင်းစာ

ပြင်သစ်အသင်းနဲ့ရင်ဆိုင်ခဲ့တဲ့ပွဲမှာပြသခဲ့တဲ  ပေပေရဲ့ခြေစွမ်းကို အားကစားမီဒီယာအများစုမှာ ချီးကျူးရေးသားနေကြပါတယ်။ နောက်တန်းကစာသမားတွေကိုကျော်ဖြတ်ပြီး  ဂိုးသမားလိုရစ်ရဲ့  ပိတ်ထားတဲ့ထောင့်ကျဥ်းထဲကို ကန်နေကျပုံစံအတိုင်းအပြင်းကန်သွင်းနိုင်ခဲ့တဲ့ပေပေကို  Footmercato က Rating သတ်မှတ်ချက် 7.5 အထိပေးထားပြီး  “  ပြင်သစ်ကစားကွင်း ဗယ်လိုဒရုန်းမှာတောက်ပခဲ့တဲ့  ဂန်းနား “ ဆိုပြီးတင်စားရေးသားထားခဲ့ပါတယ်။  

အာဆင်နယ်နဲ့အတူ ဘာလုပ်ချင်တယ်ဆိုတာကို အခိုင်အမာရှိထားတဲ့  အာတီတာ

ယမန်နေ့က အသက် ၄၀ ပြည့်ခဲ့ပြီဖြစ်တဲ့ အာတီတာဟာ  လာမယ့် ၁၀ နှစ်အတွင်း အာဆင်နယ်နဲ့အတူ သူဖြစ်မြောက်ချင်တဲ့ရည်မှန်းချက်တွေကို အခုလိုပဲပြောပြလာပါတယ်။

“ စီမံခန့်ခွဲမှုအဆင့်ကို တက်ရောက်သွားပြီးကတည်းက ကျွန်တော့မှာ ဘာဖြစ်ချင်တယ်ဆိုတဲ့ ရည်မှန်းချက်က တိတိပပရှိထားပြီးသားပါ။  ပွဲတွေကိုအနိုင်ရတဲ့အသင်းတစ်သင်းဖြစ်လာဖို့ ၊  ဘဏ္ဏာရေးလည်းတောင့်တင်းဖို့ ၊ နောက်ပြီး ကိုယ်ပိုင်တန်ဖိုးတွေ ၊ သရုပ်သကန်တွေ​၊  စိတ်ဓါတ်ပြင်းပြမှုတွေနဲ့ ပြည့်စုံတဲ့အသင်းတစ်သင်းဖြစ်လာဖို့ စာတာတွေကိုရည်မှန်းထားပါတယ်။  ဒီလိုအရာတွေကို လုပ်ဆောင်ဖို့ကတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချရမယ် ၊ အသင်းကိုလည်းမှန်ကန်တဲ့လမ်းကြောင်းပေါ်တင်ရမယ် .. ဒါတွေကတော့ရေရှည်လုပ်ဆောင်သွားရမယ့်အရာတွေဖြစ်ပါတယ်  “  လို့အသေးစိတ်ရှင်းပြခဲ့တာဖြစ်ပါတယ်။

ဆဲဒရစ် အသင်းမှာဆက်နေဖွယ်ရှိ

သတင်းထောက်ချားလ်စ်ဝက် က ဆဲဒရစ်အနေနဲ့ ပုံမှန်ပွဲထွက်ခွင့်မရရင်လဲ အသင်းမှာဆက်နေဖွယ်ရှိကြောင်း သုံးသပ်ပြောကြားလာပါတယ်။

“ သူက ပုံမှန်ပွဲထွက်ခွင့်အတွက်အသင်းပြောင်းလိုနေတယ်ဆိုပေမယ့်  စာချုပ်သက်တမ်းက ကျန်နေပါသေးတယ်။ ပြီးတော့ သူနဲ့နီးစပ်သူတွေရဲ့ အပြောအရ အာဆင်နယ်မှာ သူပျော်ရွင်နေပါတယ် “  လို့ သူ့ရဲ့ ကိုယ်ပိုင် Youtube Channel ကနေ တဆင့်ပြောကြားလာပါတယ်။

ရက်ရှ်ဖို့ဒ်ကို  အာတီတာ သဘောကျနေတယ်လို့ ဖော်ပြလာကြ

အာဆင်နယ်အသင်းဟာ  ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း Daily Mirror  ကို  ကိုးကားပြီး Daily Cannon က ဖော်ပြလာပါတယ်။ အဆိုပါ  အဂ်လန်တိုက်စစ်မှုးဟာ ခြေစွမ်းခြေစကောင်းမွန်ပေမယ့် ဒဏ်ရာပြသနာ ၊  ကွင်းပြင်ပ ကိစ္စများနဲ့အတူ  နည်းပြနဲ့ပါအဆင်မပြေတာကြောင့်  သူကြိးပြင်းလာခဲ့တဲ့အသင်းကနေ ထွက်ခွာရဖို့ရှိနေတာဖြစ်ပါတယ်။  သုံးသပ်သူအများစုကတော့  ရက်ရှ်ဖို့ဒ်ဟာ  အာဆင်နယ်ကစားပုံကို အထောက်အကူပြုနိုင်သူအဖြစ် ရေးသားနေကြပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: