အာဆင်နယ်စောင့်ကြည့်နေတဲ့ ကျောနံပါတ် ၇

အာဆင်နယ်အသင်းနဲ့စပါးအသင်းတို့ဟာ   ဂါလာတာစာရေးအသင်းရဲ့ တောင်ပံကစားသမား ကာရင်းအက်တာကိုဂလူကို အပြိုင်စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။  အဆိုပါတိုက်စစ်ကစားသမားဟာ  စီနီယာအဆင့်ကိုမရောက်ခင်  သက်တမ်းအလိုက်ဂျာစီအစုံနဲ့ တဆင့်ပြီးတဆင့်ပွဲထွက်ခဲ့ဖူးပါတယ်။ ကစားသမားဟာ  ဂါလာတာစာရေးအသင်းအတွက် စီနီယာအဆင့်မှာ ၇၃ ပွဲကစားပြီးချိန်မှာ  ၁၇ ဂိုးသွင်းပြီး ၁၂ ကြိမ်ဖန်တီးထားနိုင်ခဲ့ပြီလဲဖြစ်ပါတယ်။  ယခုရာသီအတွက်တော့  ၄၄ ပွဲမှာ ၁၁ ဂိုးသွင်းပြီး ၉ ကြိမ်ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ 

အာဆင်နယ်နဲ့စပါးတို့ဟာ ထိပ်ဆုံးလေးသင်းအတွက်အပြိုင်ကျဲနေရင်း  အသင်းကိုပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဥ်တွေကိုလဲ တပြိုင်ထဲလုပ်ဆောင်နေကြပါတယ်။  လန်ဒန်ပြိုင်ဖက်တွေဟာ  တူရကီသားလေးရဲ့  အရည်အသွေးကိုတော့ သတိပြုမိကြပြီး နွေရာသီမှာ ခေါ်ယူဖို့လဲ အပြိုင်ကြိုးစားမယ့်ပုံရှိပါတယ်။

အာတီတာတို့အဖွဲ့အနေနဲ့  ကတော့ ကစားသမားအရေအတွက်အရပါနဲပါးနေစဥ်မှာ အိုင်ဗရိကို့စ်သားပေပေရဲ့ စွမ်းဆောင်ရည်အားနဲမှုကြောင့် လူငယ် ၃ ဦးဖြစ်တဲ့  မာတင်နယ်လီ ၊ စမစ်ရိုးနဲ့  ဆာကာတို့အပေါ်မှာ အလုံးစုံမှီခိုနေရဖို့ဖြစ်လာပါတယ်။ ဒီတော့ တိုက်စစ်မှာအပြောင်းအလဲတစ်ရပ်ရှိဖို့ဆိုရင်တော့ ကစားသမားသစ်တွေလိုအပ်နေပါပြီ။

Aksam  သတင်းဌာနရဲ့အဆိုအရတော့  လူငယ်တိုက်စစ်ကစားသမားလေးအတွက် စပါးနဲ့ အာဆင်နယ်တို့ဟာ  ဝုဖ်ဘတ် ၊  အက်သလက်တီကိုမက်ဒရစ်နဲ့ လိုင်ယွန်အသင်းတွေနဲ့ပါ ယှဥ်ပြိုင်သွားရဖို့ရှိနေပါတယ်။ ဂါလာတာစာရေးအသင်းဖက်ကတော့  သူတို့ရဲ့ ကြယ်ပွင့်ကစားသမားလေးအတွက် သန်း ၂၀ လောက်ရရင် ရောင်းထုတ်သွားနုိင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ဘောလုံးသမားဘဝရဲ့  ၆ ရာသီမြောက်ကိုဖြတ်သန်းနေတဲ့ ကာရင်း အက်တာကိုဂလူဟာ  တူရကီလက်ရွေးစင်အသင်းအတွက်  ၈ ပွဲကစား ၃ ဂိုးသွင်းပေးထားနိုင်ပြီး ကလပ်ကစားသမားဘဝတစ်လျှောက်မှာတော့  ၁၆၇ပွဲကစား  ၄၂ ဂိုးထိရရှိနေပြီဖြစ်ပါတယ်။ အတွေ့အကြုံနဲ့မှတ်တမ်းတွေအရတော့  ပြိုင်ဆိုင်မှုပိုမိုပြင်းထန်တဲ့ လိဂ်တွေဆီသွားဖို့အသင့်ဖြစ်နေပြီဆိုရပါမယ်။

Original Article Here,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: