စပါးကစားသမားက ချီးကျူးခံရတဲ့ အာဆင်နယ်လူငယ်

စပါးကစားသမားတစ်ယောက်က  အာဆင်နယ်နဲ့ပတ်သတ်နေတဲ့ တစ်ယောက်ယောက်ကို ချိးကျူးတယ်ဆိုတာ  ပရိတ်သတ်တွေကြားဖူးမှာမဟုတ်ပါဘူး။   ဒါပေမယ့် အခုတော့တကယ်ဖြစ်သွားခဲ့ပါတယ်။ နိုင်ငံတကာပွဲစဥ်တွေဟာ မတူတဲ့ခံစားချက်ကိုရရှိစေခဲ့ပြီး ကိုယ့်နိုင်ငံအတွက် ကိုယ်ကစားကြတဲ့အခါ မတူညီတဲ့မှတ်ချက်တွေထွက်လာကြတာမျိုးလို့လဲပြောနိုင်ပါတယ်။

ဟူဂိုလိုးရစ်ဟာ  စပါးအသင်းအတွက် ပွဲပေါင်း ၃၀၀ ကျော်ကစားထားတဲ့သူဖြစ်ပါတယ်။  နိုင်ငံအသင်းအတွက်လည်း ၁၃၆ ကြိမ်ဦးဆောင်ပေးထားသူတစ်ယောက်ပေါ့။  ဒါပေမယ့် အာဆင်နယ်ရဲ့ လူငယ်လေးဖြစ်တဲ့ ဝီလျံဆာလီဘာရဲ့ ပွဲဦးထွက်ရလဒ်အတွက်တော့  လိုးရစ်ဟာ ချီးကျူးစရာ ကစားလုံးတွေရှိနေတဲ့ပုံပါပဲ။   ပြင်သစ်လက်ရွေးစင်ကြီးက  RMC Sport နဲ့တွေ့ဆုံရာမှာ အခုလိုပြောခဲ့ပါတယ်။

“   မာဆေးလိုအသင်းမျိုးမှာ အသက် ၂၁ နှစ်နဲ့ အခုလိုစွမ်းဆောင်နေတာဟာ သိပ်ကိုအထင်ကြီးစရာကောင်းပါတယ် .. သူဟာသိပ်စိတ်ရှည်တယ်။ ကျွန်တော်တို့ကတော့ သူအဆင်သင့်ဖြစ်နေပြီလို့ထင်ပါတယ်။ နောက်ထပ်တစ်ဆင့်မြင့်တဲ့ ကစားသမားဘဝအတွက် သူ့မှာလိုအပ်တာတွေအကုန်ရှိပါတယ် ။  အခွင့်အရေးသာရမယ်ဆိုရင်  မာဆေးအသင်းကြီးရဲ့အိမ်ကွင်းမှာ လက်ရွေးစင်အသင်းကြီးကို ကိုယ်စားပြုနေရတာမျိုးဖြစ်ပြီး  ဘာနဲ့မှမတူတဲ့ခံစားမှုကိုရရှိနိုင်ပါတယ် “  ဆိုပြီးပြောဆိုသွားခဲ့တာပါ။

ဆာလီဘာရဲ့တိုးတက်လာနေမှုကတော့ ထင်သာမြင်သာရှိနေခဲ့ပြီဖြစ်ပါတယ်။ အာတီတာအတွက် ဘယ်လိုဆုံးဖြတ်မလဲဆိုတာကတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

ပြင်သစ်အသင်းနဲ့အတူ ကစားရမယ့် နိုင်ငံတကာပွဲစဉ်တွေမတိုင်မီမှာ ဆာလီဘာက သူ့အနေနဲ့ နောက်ရာသီအတွက် မာဆေးလ်အသင်းကို ဆွေးနွေးမှုတွေလုပ်ဖို့ တံခါးဖွင့်ပေးထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အနာဂတ်အတွက် အပြီးသတ်ဆုံးဖြတ်ချက် ချထားတာမျိုးမဟုတ်သေးပဲ ဘောလုံးရာသီအကုန် အာဆင်နယ်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြီးမှသာ ဆလီဘာဟာ သူ့ရဲ့အနာဂတ်ကို ဆက်လက်ဆုံးဖြတ်ဖွယ်ရှိပါတယ်။ 

ကျွန်တော် ဒီ(မာဆေးလ်)မှာ နေရတာ ပျော်ရွှင်နေတယ်ဆိုတဲ့ ခံစားချက်ကို မဖုံးကွယ်ထားပါဘူး။ဒါပေမယ့် ကျွန်တော်ရဲ့အနာဂတ်ကို ကျွန်တော် သေချာမသိသေးပါဘူး .. ကျွန်တော့်အထင် မေလကုန်၊ဇွန်လအစလောက်မှာ အာဆင်နယ်၊မာဆေးလ်တို့နဲ့ ဆွေးနွေးမှုတွေ လုပ်ဖြစ်မယ်ထင်ပါတယ်။အဲ့ဒီတော့မှပဲ ကျွန်တော်တို့ ဆုံးဖြတ်ချက် ချကြမှာပါ။ဒါပေမယ့် ဒီ(မာဆေးလ်)မှာ ဆက်နေရမယ်ဆိုလည်း ဆိုးတဲ့အကြံတော့မဟုတ်ပါဘူး။ကျွန်တော် ဒီမြို့ကိုသိတယ်၊အသင်းဖော်တွေကိုသိတယ်၊ နည်းပြတွေကို သိတယ်”  လို့ဆိုခဲ့ပါတယ်။​

ဆာလီဘာကို ပြင်သစ်မြေမှာ ဆက်ပြီး အငှားချတာကတော့ အကောင်းဆုံး အကြံဉာဏ်တစ်ခုမဖြစ်နိုင်ပါဘူး။ ဆာလီဘာဟာ လီဂူး၀မ်းမှာ အကောင်းဆုံးခြေစွမ်းပြခဲ့ပြီးဖြစ်ပါတယ်။ သူ့ရဲ့ ခြေစွမ်းကို ထပ်မံသက်သေပြဖို့အတွက် ပရီးမီးယားလိဂ်ကလွဲ အခြားနေရာမရှိဘူးလို့ပဲ ဆိုရပါမယ်။ ကျန်တာကတော့ အာတီတာတို့ လူစုရဲ့ ဆုံးဖြတ်ချက်ကိုပဲ ကြည့်ကြတာပေါ့။

Ref – Our article is referred from Just Arsenal’s content.

Original Post

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: