Gunners’ Side – နောက်ဆုံးရအာဆင်နယ် သတင်းများ (25Mar)

ရှာခါအကြောင်းကို ပြောပြလာတဲ့ လီနို

ဟားစီးတီးဖက်ကိုသွင်းယူခဲ့တဲ့ ရှာခါ်ရဲ့ အာဆင်နယ်အတွက်ပထမဆုံးသွင်းဂိုးကို  သူသာဆိုရင် ကာကွယ်နိုင်မလားဆိုတဲ့မေးခွန်းကို လီနိုက အခုလိုဖြေသွားခဲ့ပါတယ်။

“  ဟားဟား ရတာပေါ့ဗျာ  “ လို့ရီရီမောမောနဲ့ဖြေခဲ့ပါတယ်။ ဆက်လက်ပြီးလီနိုက အသေးစိတ်ရှင်းပြပါတယ်။  “  ကျွန်တော်ကတော့ မထင်ဘူးဗျ .. သူကန်တာသိပ်ကောင်းတယ်။ ဂိုးသမားတစ်ယောက်အတွက်ကာကွယ်နိုင်ဖို့ သိပ်ကိုခက်ခဲပါတယ်။  ဘောလုံးကရွေ့လာနေတယ် .. ဂိုးသမားဆီတည့်တည့်ကနေ မထင်မှတ်ပဲ ညာဖက်ကိုရွေ့သွားတယ်။  ဂရန်းနစ်ရဲ့ ကန်ချက်တွေက ဘယ်လောက်ကောင်းတယ်ဆိုတာ ကျွန်တော်တို့အားလုံးသိကြပါတယ်  “  ဆိုပြီးကစားဖော်ကို ချီးကျူးပြောကြားသွားခဲ့ပါတယ်။

နူးနက်စ်ကိုခေါယူရေးမှာ  အာဆင်နယ်အသာရနေ

အာဆင်နယ်အသင်းဟာ ဒါဝင်နူးနက်စ်ကိုခေါ်ယူရေးအတွက် ပြိုင်ဖက်များထက် ခြေလှမ်းအနဲငယ်သာနေကြောင်း ပေါ်တူဂီသတင်းရင်းမြစ်များက ဖော်ပြလာကြပါတယ်။  ဆက်တိုက်ခြေစွမ်းပြနေတဲ့ပေါ်တူဂီတိုက်စစ်မှုးကို ဝက်စ်ဟမ်းနဲ့  နယူးကာဆယ်တို့ကလဲ ခေါ်ယူချင်နေတာဖြစ်တယ်လို့သိရပြီး  တန်ကြေးကတော့ ပေါင် ၆၇ သန်းခန့်ရှိတယ်လို့ဖော်ပြနေကြပါတယ်။

နော်တွန်ကတ်ဖီဟာ သေချာပေါက် အသင်းကြီးကစားသမားဖြစ်လာမယ်လို့  လင်ကွန်းစီးတီးနည်းပြဆို

လင်ကွန်းစီးတီးနည်းပြ အက်ပဲလ်တန်ကတော့ နော်တွန်ကတ်ဖီဟာ  သေချာပေါက် အာဆင်နယ်ရဲ့ အသင်းကြီးကစားသမားဖြစ်လာမယ်ဆိုပြီး မှတ်ချက်ပေးလာခဲ့ပါတယ်။

“  ဒီလိုမှတ်ချက်မျိုးပေးလို့ အာဆင်နယ်အသင်းက ဖုန်းဆက်လာပြီး “ ခင်ဗျားဘာပြောတာလဲ “ လို့မေးလာတာမျိုးကိုတော့ ကျွန်တော်မလိုလားပါဘူး  … ဒါပေမယ့် သူက အသင်းကြီးမှာ ပုံမှန်ကစားသမားဖြစ်လာမယ်ဆိုတာကတော့ သေချာပါတယ်။  နှစ်အနဲငယ်အတွင်းမှာတော့ ဖြစ်လာချင်မှဖြစ်လာပါလိမ့်မယ် … ဒါပေမယ့် သေချာပေါက်ဖြစ်လာမှာပါ “ ဆိုပြီး အင်တာဗျူးတစ်ခုမှာပြောဆိုလာခဲ့ပါတယ်။

ကိုဗစ်ကူးစက်ခံရတာကြောင့် လက်ရွေးစင်အသင်းကနေ ဆာကာနှုတ်ထွက်

တောင်ပံကစားသမား  ဘူကာယိုဆာကာဟာ  ကိုဗစ်ရောဂါကူးစက်ခံရတာကြောင့် လက်ရွေးစင်လူစာရင်းကနေ နှုတ်ထွက်ကြောင်းတရားဝင်ပြောဆိုလာခဲ့ပါတယ်။ လက်ရှိအချိန်မှာပုံစံကောင်းတွေရနေတဲ့ ဆာကာအတွက် လက်ရွေးစင်အသင်းနဲ့ အစွမ်းပြဖို့အတွက် အခွင့်အရေးတစ်ခုဆုံးရှုံးသွားခဲ့ရတာဖြစ်ပြီး ၊  အာဆင်နယ်အသင်းဟာလည်း မကြာခန အဖျားနဲ့ ထိခိုက်မှုအသေးအဖွဲတွေကြောင်း အဓိက ကစားသမားတွေကို လက်လွှတ်နေရတာမျိုးတွေရှိပါတယ်။

ပေါ်တိုကွင်းလယ်လူ  ဗစ်တာဖာရဲယားကို စိတ်ဝင်စားနေတယ်လို့ Football London ရေးသားလာ

အာဆင်နယ်အသင်းဟာ  ပေါ်တိုကွင်းလယ်လူ  ဗစ်တာဖာရဲယား ( ဗီတင်ဟာ ) ကိုစိတ်ဝင်စားနေတယ်ဆိုပြီး Football London က ဖော်ပြလာပါတယ်။  အဆိုပါကစားသမားဟာ ဂရန်းနစ်ရှာခါနဲ့ကွဲပြားတဲ့ကစားပုံရှိပြီး  အိုဒီဂတ်နဲ့ပိုပြီးတွဲကစားနိုင်သူဖြစ်ကြောင်း ၊ တိုက်စစ်ပိုင်းကို ပံ့ပိုးမှုအားကောင်းသူဖြစ်ကြောင်း ကိုလည်းသုံးသပ်ရေးသားထားပါတယ်။ အသက် ၂၂ အရွယ် ဗီတင်ဟာ  အနေနဲ့ပေါ်တိုအသင်းကြီးနဲ့အတူ  ပွဲပေါင်း ၅၀ ကစားထားပြီး  ၃ ဂိုးသွင်းယူထားနိုင်သူလဲဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: