စီနီယာတွေနဲ့ လေ့ကျင့်ခန်းအတူ ဆင်းရတဲ့ ခံစားချက်ကို မျှဝေလာတဲ့ ချာလီပါတီနို

အာဆင်နယ်အသင်းရဲ့ ကြယ်ပွင့်ကစားသမားလေးဖြစ်သူ ပါတီနိုက Goal.comရဲ့ အစီအစဉ်တင်ဆက်သူ ချားစ်၀တ်စ်နဲ့ တွေ့ဆုံမှုမှာ သူ့ရဲ့ အာဆင်နယ်ကစားသမားဘ၀အတွေ့အကြုံ အချို့ကို ပြောပြလာခဲ့ပါတယ်။ အသက်၁၈နှစ်သာရှိသေးတဲ့ ပါတီနိုဟာ အာဆင်နယ်အကယ်ဒမီကစားသမားတွေထဲမှာ  ထွန်းတောက်လာမယ့် ကြယ်ပွင့်ကစားလေးအဖြစ် ရေပန်းအစားဆုံးသူဆိုလည်း မမှားပါဘူး။ 

ကွင်းလယ်ကစားသမားလေးဟာ  သူ့ရဲ့ လျင်မြန်မှုနဲ့နည်းစနစ်ပိုင်း ကျွမ်းကျင်မှုတွေကြောင့် သူ့ထက်စီနီယာကျတဲ့၊ဝါရင့်တဲ့ ကစားသမားတွေနဲ့အတူ မကြာခဏဆိုသလို တွဲဖက်ကစားခွင့်ရနေသူဖြစ်ပါတယ်။ အသက်၁၄နှစ်အရွယ်ကတည်းက အင်္ဂလန် ယူ၁၆အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်ခဲ့သူဖြစ်ပြီး ချဲလ်ဆီးကို ရင်ဆိုင်ခဲ့တဲ့ အာဆင်နယ် ယူ၁၈အသင်းမှာလည်း ပါ၀င်ခွင့်ရခဲ့တာဖြစ်ပါတယ်။ 

လက်ရှိရာသီမှာတော့ အာဆင်နယ်စီနီယာအသင်းနဲ့အတူ နှစ်ပွဲ ပွဲထွက်ခွင့်ရထားခဲ့ပါတယ်။ အာဆင်နယ်စီနီယာအသင်းနဲ့ ပထမဆုံး ပွဲထွက်ခွင့်ရခဲ့တာကတော့ ဆန်းဒါးလန်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ကာရာဘောင်ဖလား ပွဲစဉ်မှာ ဖြစ်ပြီး သွင်းဂိုးတစ်ဂိုးပါ သွင်းယူနိုင်ခဲ့ပါတယ်။ နောက်ထပ် ပွဲထွက်ခွင့်ရခဲ့တာကတော့ နော်တင်ဟန်ဖောရက်စ်က်ု ရှုံးနိမ့်ခဲ့တဲ့ FAဖလား တတိယအကျော့ ပွဲစဉ်မှာ ဖြစ်ပါတယ်။ဒါ့အပြင် စီနီယာအသင်းရဲ့ အရန်လူစာရင်းမှာလည်း လေးကြိမ် ရွေးချယ်ခံထားရခဲ့ပြန်ပါတယ်။ 

ချားလ်၀တ်စ်နဲ့ တွေ့ဆုံမှုမှာတော့ ပါတီနိုဟာ အာတီတာရဲ့ လက်အောက်မှာ လေ့ကျင့်ရေးအစီအစဉ်တွေကို ဖြတ်သန်းရတဲ့ အတွေ့အကြုံနဲ့ခံစားချက်တွေကို ဖွင့်ဟလာခဲ့ပါတယ်။ အာတီဟာ အာဆင်နယ်ရဲ့ လေ့ကျင့်ရေးကွင်းမှာ လက်ဖျားခါရလောက်တဲ့၊ ကျန်းမာကြံခိုင်တဲ့၊အောင်မြင်တဲ့ ဓလေ့တစ်ခုကို မွေးမြူပေးနိုင်ခဲ့လို့ ယုံကြည်ကြောင်း ဆိုပါတယ်။ 

နိုင်ပွဲတွေရလာခဲ့တဲ့ အသင်းသားတွေရဲ့ကောင်းမွန်တဲ့ ခံစားချက်တွေကို အလုပ်လုပ်ဖို့ ရောက်လာတဲ့နေ့တိုင်းမှာ ခံစားမိပါတယ်”  

“သူတို့မျက်နှာတွေ ပြုံးနေတာ တွေ့ရလိမ့်မယ်။သူတို့ အားလုံးအတူတကွ ကောင်းကောင်း လေ့ကျင့်နေကြတာကို တွေ့နိုင်ပါတယ် .. စီနီယာအသင်းနဲ့ လေ့ကျင့်ဖို့ ပထမဆုံးသွားခဲ့တုန်းက “အနိုင်ရဖို့ လေ့ကျင့်ပါ”ဆိုတဲ့ စာစုလေးတစ်ခုကို တွေ့ခဲ့ရပါတယ်” 

အဓိပ္ပါယ်ကတော့ လေ့ကျင့်ရေးကွင်းမှာ ကျွန်တော်တို့ ကောင်းကောင်းလေ့ကျင့်ပြီး လုပ်ဖို့ ပြင်ဆင်ဖို့ လိုတဲ့အရာမှန်သမျှကို ကြိုတင်ပြင်ဆင်ခဲ့မယ်ဆိုရင် ဒါဟာ  ပွဲစဉ်နေ့ကို ရောက်တဲ့အခါ အနိုင်သုံးမှတ်ကို အမိအရဆုပ်ကိုင်ဖို့ အသုံး၀င်လာမှာပါ” 

ဒါဟာ တကယ်ကို အရေးကြီးတဲ့ ညွှန်ထားချက်တစ်ခုပါ။တစ်စုံတစ်ယောက်ဟာ ပြင်းပြင်းထန်ထန် လေ့ကျင့်မယ်ဆိုရင် သူ့ရဲ့ ပင်ကိုပါရမီဟာ ထိပ်ဆုံးထိမြင့်တက်လာမှာ ဖြစ်ပါတယ်။ 

အသင်းဟာ အများကြီးကို ပြောင်းလဲသွားခဲ့ပါတယ်။ကစားသမားတွေ၊နည်းပြတွေ ၊၀န်ထမ်းတွေဟာ တစ်ဦးနဲ့တစ်ဦး ကောင်းကောင်းနားလည်ကြပါတယ်။ဒါဟာ တကယ်ကို ကောင်းမွန်တဲ့ ယဉ်ကျေးမှု တစ်ခုဖြစ်ပါတယ်” 

“London Colney(အာဆင်နယ်လေ့ကျင့်ရေးကွင်း)ကို သွားရတဲ့ နေ့တိုင်းကို ကျွန်တော်ကတော့ သဘောကျမိပါတယ်

ပါတီနိုဟာ သူ့ရဲ့ ပါရမီကြောင့် Goal.com က ရွေးချယ်ခဲ့တဲ့ အသက်၂၀အောက် အကောင်းဆုံးကစားသမား စာရင်းထဲမှာ ပါ၀င်ခဲ့ပြီး အဆင့် ၂၈ နေရာမှာ ရပ်တည်နေပါတယ်။ 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: