Gunners’ Side – နောက်ဆုံးရ အာဆင်နယ်သတင်းများ (24Mar)

လီနိအပါအဝင် ကစားသမား ၁၄ ယောက်လောက်အထိရှင်းထုတ်ဖို့ပြင်ဆင်ထားကြောင်း သတင်းများကဖော်ပြ

အာဆင်နယ်အသင်းဟာ နွေရာသီမှာ ကစားသမား ၁၄ ယောက်အထိရှင်းထုတ်သွားမှာဖြစ်ကြောင်း Teamtalk သတင်းဌာနက ဖော်ပြလာပါတယ်။ အဆိုပါကစားသမားများထဲမှာ ဘန်းလီနို ၊ နိုင်းလ်စ်တို့အထိပါဝင်နေပြီး အငှားချလူငယ်များဖြစ်တဲ့ မာဗရိုပါနိုစ် ၊  ရူနာဆင်တို့လည်းပါဝင်နေပါတယ်။ လီနိုကိုခေါ်ယူစဥ်က  ပေါင် ၂၂.၅ သန်းနဲ့ခေါ်ယူခဲ့ရတာဖြစ်ပြီး ပြန်လည်ရောင်းချတဲ့အခါမှာတော့ ဝယ်စျေးထက် များစွာလျော့နည်းမှာဖြစ်ကြောင်းလည်းရေးသားထားကြပါတယ်။ လတ်တလောမှာတော့ နယူးကာဆယ်အသင်းက လီနိုကို ခေါ်ယူလိုနေတယ်လို့ ဆိုပါတယ်။

အာဆင်နယ်မှာကစားချင်ကြောင်းထုတ်ပြောလာတဲ့ ချီလီလူငယ်

ကိုလိုကိုလိုအသင်းရဲ့ အသက် ၂၂ အရွယ်ကွင်းလယ်လူ ခရစ်ရှန် ဆာဗာလာ က သူ့ရဲ့အိမ်မက်အသင်းဟာ အာဆင်နယ်ဖြစ်ကြောင်း  ချီလီသတင်းစာ Dale Albo  နဲ့တွေ့ဆုံမေးမြန်းမှုမှာ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ သတင်းထောက်က ဥရောပမှာကစားဖို့အခွင့်အရေးရှိရင် ဘယ်အသင်းကိုသွားချင်လဲမေးတဲ့အခါမှာ သူက “  ကျွန်တော်တသက်လုံးစိတ်ကူးယဥ်ခဲ့ရတဲ့ အာဆင်နယ်အသင်းမှာကစားဖို့  ဥရောပကိုသွားချင်ပါတယ် “ လို့ဖြေခဲ့တာဖြစ်ပါတယ်။

ဆာကာ ဟာ သူ့အခွင့်အရေးအရ သူပြောတာဖြစ်ကြောင်း ကင်းဘဲလ်ကာကွယ်ပြောကြား

ဂန္တဝင်ကြီးကီဗင်ကင်းဘဲလ်က ဆာကာအနေနဲ့ ဒိုင်လူကြီးတွေရဲ့ အကာအကွယ်ကိုတောင်းခံတာဟာ သူ့အခွင့်အရေးအရသူပြောနေတာဖြစ်ကြောင်း ကာကွယ်ပြောကြားသွားခဲ့ပါတယ်။ Football Insider နဲ့တွေ့ဆုံရာမှာ ကင်းဘဲလ်က “ သူက သူစိတ်ပူမိတာကိုပြောနေတာပါ။  တစ်ခုခုဖြစ်လာမှ ကျိုးပဲ့သွားရင်ဘယ်လိုလုပ်မလဲ။  ကျွန်တော်တို့လဲ ဒီလောက်အလားအလာကောင်းတဲ့လူငယ်လေးကို ဘာမှမဖြစ်စေချင်ပါတယ်။ ကြည့်ရတာသူ့ကိုဝိုင်းပြီးပစ်မှတ်ထားနေကြလို့ အကူအညီတောင်းလာတာပါ။ သူက ငြီးတွားနေတတ်တဲ့သူမဟုတ်ပါဘူး  “ ဆိုပြီးပြောလာတာဖြစ်ပါတယ်။

အာဆင်နယ်ပေါ်သာမူတည်ကြောင်း ဆာလီဘာကိုယ်တိုင်ဖြေကြား

ရေပန်းစားသတင်းတစ်ပုဒ်ဖြစ်တဲ့ ဆာလီဘာ လာမယ့်ရာသီမှာ ဘယ်လိုဆက်ရှိမလဲဆိုတဲ့မေးခွန်းကို ကာယကံရှင်ကိုယ်တိုင်က RMC sport နဲ့တွေ့ဆုံရာမှာအခုလိုပြောပြလာပါတယ်။

“  ကျွန်တော်ဒီမှာအဆင်ပြေနေတယ်ဆိုတာကို မဖုံးကွယ်ထားလိုပါဘူး။  ဒါပေမယ့် ဘာဖြစ်လာမယ်ဆိုတာကိုတော့မသိပါဘူး။   ဒီကိစ္စက ကျွန်တော်တစ်ယောက်ထဲနဲ့ ပတ်သတ်နေတာမဟုတ်ပါဘူး။ တစ်ခုခုကို ဆုံးဖြတ်ချက်ချ ၊  ခွင့်ပြုချက်ပေးရမယ့် အာဆင်နယ်နဲ့လည်းဆိုင်ပါတယ် “ ဆိုပြီး ဆက်လက်စောင့်ကြည့်ရမယ်ဆိုတဲ့အကြောင်းကို ပြောပြလာတာပါ။

တမ်မီအေဘရာဟမ်ကို လူသိရှင်ကြားချီးကျူးရင်း ခေါ်ယူဖို့လည်း အာတီတာကို တိုက်တွန်းတဲ့ အီယန်ရိုက်

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ကြီး အီယန်ရိုက်က သူ့ရဲ့ Podcast  အစီအစဥ်ကနေတဆင့် နည်းပြအာတီတာကို ချဲလ်ဆီးတိုက်စစ်မှုးဟောင်း တမ်မီအေဘရာဟမ်အား ခေါ်ယူဖို့တိုက်တွန်းခဲ့ပါတယ်။ တမ်မီကို  “ ရောမမြို့ရဲ့ဘုရင်”  ဆိုပြီးတင်စားခဲ့သလို  တမ်မီကိုခေါ်ယူဖို့ချဥ်းကပ်ခဲ့ကြကြောင်း ၊ အခုလက်ရှိအသင်းရဲ့ ကစားပုံမှာ တမ်မီကိုမြင်ယောင်ကြည့်ဖို့အတွက် ပြောဆိုခဲ့တာဖြစ်ပါတယ်။ Corriere dello Sport ကလည်း ကာယကံရှင်ဟာ ပရီးမီးယားလိဂ်ကို ပြန်လာဖို့ စိတ်ကူးရှိနေကြောင်း ရေးသားဖော်ပြထားပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: