ကိုယ်ပိုင်ဆိုင်ထားတာ ဘယ်လိုအသားအရေမျိုးလဲ သိကြရဲ့လား

အသားအရေထိန်းတဲ့ ပစ္စည်းဝယ်ချင်တယ် အသားအရေနဲ့လိုက်ဖက်အောင် ဘယ်လို ဝယ်ရမလဲ မသိဘူးဆိုတဲ့ သူတွေရှိလား……

ဒါဆိုရင်တော့ စိတ်ညစ်မနေနဲပေတာ့ အသားအရေအလိုက် ရွေးချယ်လို့ရေအောင် အသားအရေ အမျိုးအစားလေးတွေကို ကိုယ်တိုင် ဆုံးဖြတ််လို့ ရမယ့် နည်းလမ်းလေးတွေ ပြောပြပေးမယ်နော်။

အသားအရေအမျိုးအစားကို အကြမ်းဖျင်းအနေနဲ့

  • ခြောက်သွေ့တဲ့အသားအရေ
  • အဆီပြန်တဲ့ အသားအရေ
  • ပုံမှန်အသားအရေ
  • တုံ့ပြန်လွယ်တဲ့အသားအရေ (sensitive skin) နဲ့
  • ပေါင်းစပ်အသားအရေဆိုပြီး ခွဲခြားသတ်မှတ်ထားပါတယ်။

အသားအရေအမျိုးအစားကိုသေသေချာချာသိထားတာက အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေဝယ်ယူတဲ့နေရာမှာ အထောက်အကူဖြစ်တဲ့အပြင် ဝက်ခြံတွေကို သက်သာအောင်လည်းအထောက်အပံ့ရစေမှာပါ။

မိမိကဘယ်လိုအရေပြားပိုင်ရှင်လဲဆိုတာကို ဆုံးဖြတ်ရခက်နေမယ်ဆိုရင် အခုဖော်ပြပေးမယ့် ရိုးရှင်းတဲ့ နည်းလမ်းလေးသုံးပြီး အကဲဖြတ်ကြည့်လိုက်ပါ။

မျက်နှာကို ညင်ညင်သာသာသစ်ပြီးရေခြောက်အောင်သုတ်လိုက်ပါ။ ဘာမှထပ်မလူးပါနဲ့။

မျက်နှာသစ်ပြီး တစ်နာရီလောက်ကြာရင်မျက်နှာက မူလအခြေအနေအတိုင်းပြန်ဖြစ်သွားပါလိမ့်မယ်။ မျက်နှာကမူလအတိုင်းပြန်ဖြစ်သွားတဲ့အခါ မျက်နှာရဲ့ T-Zoneနေရာဖြစ်တဲ့ နဖူးနဲ့နှာခေါင်းကို တစ်သျှူးစနဲ့ဖိသုတ်လိုက်ပါ။

တစ်ရှူးမှာပါတဲ့ အဆီပမာဏကိုကြည့်ပြီး မိမိကဘယ်လိုအသားအရေပိုင်ရှင်လဲဆိုတာကို ဆုံးဖြတ်လို့ရပါပြီ။

  • ပုံမှန်အသားအရေ- မျက်နှာအသားအရေကချောမွေ့နေပြီး အဆီတွေနဲ့အရေပြားအဖတ်လေးတွေမကွာနေပါဘူး။
  • ခြောက်သွေ့တဲ့အသားအရေ – အဆီနည်းနည်းမှမရှိတဲ့အပြင် မျက်နှာအသားအရေက ခပ်တင်းတင်းဖြစ်နေပြီး အရေပြားအဖတ်လေးတွေလန်နေတတ်ပါတယ်။
  • အဆီပြန်တဲ့အသားအရေ- တစ်ရှူးမှာ အဆီတွေအများကြီးပေကျံလာပြီး မျက်နှာအရေပြားကပြောင်ချော်ချော်ဖြစ်နေတဲ့အပြင်ချွေးပေါက်တွေကျယ်နေတတ်ပါတယ်။
  • ပေါင်းစပ်အသားအရေ -အတွေ့ရများတဲ့အသားအရေတစ်မျိုးပါ။ မျက်နှာရဲ့ T-Zone မှာ အဆီပြန်နေတတ်ပေမယ့် ကျန်နေရာတွေမှာခြောက်သွေ့ပြီး အရေပြားအဖတ်လေးတွေလန်နေတတ်ပါတယ်။
  • တုံ့ပြန်လွယ်တဲ့အသားအရေ (Sensitive skin) – အရေပြားက ဓာတ်မတည့်တာတစ်ခုခုနဲ့ထိတွေ့တာနဲ့ နီမြန်းပြီး စပ်ဖျဉ်းဖျဉ်းဖြစ်လာတတ်ပါတယ်။

Sensitive Skin ပိုင်ရှင်တွေအနေနဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေကို အထူးသတိထားရွေးချယ်ဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ရွေးချယ်မှုမှားသွားတာနဲ့ ဆိုးကျိုးတွေတသီကြီးနဲ့ ဆက်လက်ကြုံတွေ့ရမှာဖြစ်ပြီး နောက်ဆက်တွဲပြုပြင်ထိန်းသိမ်းမှုတွေအများကြီးဆက်လုပ်ရပါတယ်။

ကဲ အသားအရေအလိုက် စကင်းကဲရအောင် လေဒီလေးတို့ရေ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: