ဆီးမန်းသဘောကျနေတဲ့ တိုင်လီမန်းစ်

လက်စတာအသင်းကနေထွက်ခွာတော့မယ်ဆိုပြီးသတင်းတွေထွက်နေတဲ့တိုင်လိမန်းစ်နဲ့ပတ်သတ်ပြီး  အာဆင်နယ်ဂန္တဝင်ဂိုးသမားကြီး ဆီးမန်းက Sky Sports ရဲ့အစီအစဥ်ကနေတဆင့် အခုလိုပဲ မှတ်ချက်ပေးလားခဲ့ပါတယ်။

“ သူကဘယ်အသင်းကိုပြောင်းချင်တာလဲ .. ပိုကြီးတဲ့အသင်းကိုပြောင်းချင်တာလဲ .. ဒါမှမဟုတ် လက်စတာအသင်းမှာပဲပျော်နေလားဆိုတာကတော့ သူပဲသိမယ့် ကိစ္စပါ။  မြင်နေရသလောက်တော့ ရော်ဂျာနဲ့သူက အဆင်ပြေကြပါတယ်။  သူ့ရဲ့စာချုပ်ကတော့ ၂၀၂၃ မှာကုန်မှာထင်တယ်။ ကျွန်တော်ကတော့ သူ့ကို အာဆင်နယ်ခေါ်ချင်တယ်ဗျာ  “  လို့ပြောခဲ့တာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်တုန်းက မိုနာကိုကနေ သန်း ၄၀ နဲ့ခေါ်ယူခဲ့တဲ့  ဘယ်လ်ဂျီယံလက်ရွေးစင်ဟာ လက်စတာအသင်းအတွက် အမှတ်တံဆိပ်တစ်ခုဖြစ်လာတဲ့အထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။  ဒါပေမယ့်  အာတီတာရဲ့ကစားပုံမှာတော့ တိုင်လီမန်းစ်က ကွက်တိအံဝင်ဖို့ခက်ပါတယ်။ အထူးသဖြင့် Off the ball Movement တွေမှာဖြစ်ပါတယ်။ ဒါပေမယ့် တိုက်စစ်ဆင်နေချိန်တွေမှာတော့  တိုင်လီမန်းစ်က ကွက်တိအသုံးတည့်သူတစ်ယောက်ဖြစ်သွားပါပြီ။ အထူးသဖြင့် Transition တွေမှာဖြစ်ပါတယ်။

အာဆင်နယ်ဖက်က ကိုယ်စားလှယ်တွေနဲ့ ကိုနေးကွင်းမှာတွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းတွေ၊  ရော်ဂျာဖက်ကလည်းမတင်မကျစကားတွေထွက်ပေါ်လာခဲ့ပေမယ့် အခုအချိန်မှာတော့ တိုင်လီမန်းစ်ရဲ့သတင်းက ပြန်လည်ငြိမ်သက်နေပြန်ပါတယ်။

ဂန္တဝင်ကြီး ဒေးဗစ်ဆီးမင်းကတော့ လက်စတာကွင်းလယ်လူကို အသင်းဆီခေါ်ယူချင်နေပေသလို နည်းစနစ်ပိုင်းဆိုင်ရာသုံးသပ်သူတွေရဲ့ ရေးသားချက်များအရလည်း အာဆင်နယ်မှာအဓိကလိုအပ်နေတာက ပိုမြန်တဲ့ရှာခါတစ်ယောက်နဲ့  တိုက်စစ်အားသန်တဲ့ကွင်းလယ်လူလို့ ဆိုထားတာကြောင့် တိုင်လီမန်းစ်ရဲ့ ကစားပုံကတော့ အကျုံးဝင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ လက်ရှိအာတီတာရဲ့ ကစားပုံဟာ  ဆာကာနဲ့ ခံစစ်အစွန်လူတို့ရဲ့  Assist တွေဖြစ်လာစေဖို့ တည်ပြီးကစားတာက အများစုဖြစ်နေတော့  အခြားသော Playing Option အတွက်ဆိုရင်တော့ တိုင်လီမန်းစ်က အသုံးတည့်နိုင်ပါတယ်။

ဒါပေမယ့် ရှာခါရဲ့နေရာကို ဖြည့်တင်းရေးကဦးစားပေးဖြစ်နေတာကတစ်ကြောင်း ၊ ကွင်းလယ်တိုက်စစ်အတွက် အိုဒီဂတ် ၊ စမစ်ရိုးတို့ ကိုအလဲအလှယ်လုပ်ပြီးသုံးနိုင်တာကတစ်ကြောင်းဖြစ်လို့  တိုင်လီမန်းစ်ရောက်လာဖို့ကတော့ အခွင့်အရေးနဲပါးမယ်လို့ ယူဆရပါတယ်။ Football London ကလည်း တိုက်စစ်မှုး ၂ ယောက်ထိခေါ်ယူမယ်လို့ ဆိုထားတာကြောင့် ကွင်းလယ်တိုက်စစ်နေရာကို ဖြည့်  မဖြည့်က မှန်းရခက်ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်တွေတုန်းကတော့  စပိန်ဖက်ကသတင်းတွေအရ ရီးရဲမက်ဒရစ်ကလည်း မိုဒရစ် ၊တိုနီကရူးစ်တို့ရဲ့နေရာတွေကို သွေးသစ်လောင်းဖို့အတွက် လျာထားစာရင်းထဲမှာ တိုင်လီမန်းစ်ပါဝင်လာတယ်လို့ ရေးသားထားကြပါတယ်။​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: