နွေပူပူမှာ ဆီးချိုရှိသူတွေ ကျန်းမာစေဖို့ 

ရာသီတွေက အလီလီ လည်ပတ်ရင်း ဆောင်းအကုန် နွေအကူးကို ရောက်လာခဲ့ပါပြီ။ ရာသီဥဆိုတာက သဘာဝ ဖြစ်စဉ် တစ်ရပ် ဖြစ်တာကြောင့် မရောက်ချင်လည်း ရောက်လာမှာပါ။ ဒီလို ပူပြင်းတဲ့ နွေမှာ သာမန်လူတွေတောင် နေထိုင်ရ အတော်လေး အဆင်မပြေပါဘူး။ ဒီလို ပူပြင်းတဲ့ ရာသီမှာ ဆီးချို ခံစားနေရသူတွေအဖို့ အတော်လေး နေရခက်နိုင်ပါတယ်။

ဒီတော့ ပူပြင်းတဲ့ နွေကာလမှာ ဆီးချိုရှိသူတွေ ကျန်းမာနေစေဖို့ လိုက်နာနေထိုင်သင့်တဲ့ အချက်လေးတွေကို မျှဝေလိုက်ပါတယ်။

နွေရာသီ နဲ့ ဆီးချိုဝေဒနာ

ခန္ဓာကိုယ်က အပူဒဏ်နဲ့ထိတွေ့မိတဲ့အခါချွေးထွက်များလာမယ်။ ဒီလိုချွေးထွက်များလာတာက ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေတယ်။

ရေဓာတ်ဆုံးရှုံးမှုရဲ့ နောက်ဆက်တွဲအနေနဲ့ သွေးတွင်းသကြားဓာတ် မြင့်တက်လာမယ်။ ပြောချင်တာကတော့ နွေရာသီမှာ သွေးချိုတက်လွယ်တယ်၊ ဆီးချိုရောဂါရှိသူတွေ ပိုသတိထားသင့်တယ်ပေါ့နော်။

အပူချိန်က ခန္ဓာကိုယ်ရဲ့ အင်ဆူလင်စုပ်ယူမှုအပေါ်မှာ သက်ရောက်မှု ဖြစ်စေပါတယ်။ ရာသီဥတုပူတဲ့အခါ အရေပြားဆီကို သွေးစီးဆင်းမှု ပိုရောက်စေနိုင်ပါတယ်။ ဒီလိုမှလည်း ခန္ဓာကိုယ်က ကျန်းမာမှာပါ။ ဒီဖြစ်စဉ် ဟန်ချက်ညီစေဖို့ဆိုတဲ့ နေရာမှာလည်း ရေဓာတ်လုံလောက်စွာရရှိနေဖို့လိုမှာပါ။

တကယ်လို့ ရေဓာတ်မလုံလောက်ဘူးဆိုရင်တော့ သွေးစီးဆင်းရောက်ရှိမှုက နည်းသွားပြီး ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အင်ဆူလင်စုပ်ယူမှုအပေါ်မှာ ထိခိုက်မှုဖြစ်လာစေပြီး သွေးချိုတက်စေနိုင်ပါတယ်နော်။ ဒါဆိုဘယ်လိုလုပ်ရမလဲ။

နွေပူပူမှာ ဆီးချိုရှိသူတွေ ကျန်းမာစေဖို့

နွေပူပူမှာ ဆီးချိုရှိသူတွေ ကျန်းမာစေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ပေးဖို့ လိုပါမယ်။

ရေဓာတ်ပြည့်ဝနေပါစေ -နွေရာသီရဲ့ အပူဒဏ်ကြောင့်ချွေးထွက်များပြီးရေဓါတ်ဆုံးရှုံးမှုက သာမန်အချိန်တွေထက် ပိုများနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာသွေးစီးဆင်းမှုကောင်းစေပြီး အင်ဆူလင်စုပ်ယူမှု ကောင်းစေဖို့အတွက် ရေဓာတ်ပြည့်ဝအောင် သောက်သုံးဖို့လိုအပ်ပါမယ်။ ဒါကြောင့် ရေများများသောက်ဖြစ်အောင် ဂရုစိုက်ပါ။

မကြာခဏသွေးချိုတိုင်းပါ -နွေရာသီမှာ အပူချိန်လွန်ကဲတာနဲ့ အပူရှပ်တာတို့ကြောင့်မောပန်းလွယ်တာ၊ မအီမသာဖြစ်တာ၊အော့အန်တာ၊ခေါင်းထဲမှာ ရီဝေဝေဖြစ်တာ နဲ့ ချွေးထွက်လွန်းတာမျိုးတွေဖြစ်နိုင်ပြီးသွေးချိုတက်တဲ့အခါ ဒါမှမဟုတ်သွေးချိုကျတဲ့အခါမှာခံစားရတဲ့လက္ခဏာတွေနဲ့ရောထွေးနိုင်တာကြောင့် မကြာခဏဆိုသလိုသွေးချိုတိုင်းပေးပါ။

လေ့ကျင့်ခန်းလုပ်တာကို သတိထားပေးပါ -သွေးချိုကျပြီး ကျန်းမာနေစေဖို့ ဆီးချိုရှိသူတွေမဖြစ်မနေလုပ်တတ်ကြတာ တစ်ခုရှိပါတယ်။ ဒါကတော့လေ့ကျင့်ခန်းလုပ်တာပါ။နွေရာသီမှာလေ့ကျင့်ခန်းမလုပ်ရဘူး၊လို့မဆိုလိုပါဘူး။ ပင်ပင်ပန်းပန်းမလုပ်ဖို့ပဲလိုတာပါ။

နေအရမ်းပူနေချိန်မှာ လေ့ကျင့်ခန်းမလုပ်ပါနဲ့။ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် မနက်ခင်း ၁၀ နာရီမတိုင်ခင်နဲ့ ညနေ ၄ နာရီနောက်ပိုင်းမှလုပ်ပေးပါ။ချွေးအရမ်းထွက်လာမယ်။ နှလုံးခုန်နှုန်းမြန်လာမယ်ဆိုရင်လေ့ကျင့်ခန်း ဆက်မလုပ်သင့်တော့ပါဘူး။ နားပေးပါ။ ပြီးရင် သွေးချိုတိုင်းပေးပါ။

နေလောင်မခံပါနဲ့ -နေလောင်တာက အရေပြားကိုပျက်စီးစေနိုင်သလို ဆီးချိုရှိသူတွေမှာသွေးချိုထိန်းညှိမှုကို ထိခိုက်စေနိုင်ပါတယ်။ နေလောင်တာကြောင့် အရေပြားမှာရောင်ရမ်းတာဖြစ်စေပြီး သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့်နေလောင်ဒဏ်မခံပါနဲ့။ အပြင်ထွက်တိုင်းနေလောင်ကာခရင်မ်လူးပေးပါ။

အာဟာရမျှတအောင်ပြင်ဆင်ပေးပါ –စားသောက်ဖို့ပြင်ဆင်ပေးတဲ့အခါမှာလည်း အဆီများတာ၊ အချိုများတာတွေကိုရှောင်ရပါမယ်။ ဟင်းသီးဟင်းရွက်နဲ့ အသား မျှတအောင် ပြင်ဆင်ပေးပါ။ ထမင်းကိုလျှော့ကျွေးပေးပါ။

အဝတ်အစားဂရုစိုက်ပေးပါ -နွေအပူချိန်နဲ့နေလောင်မှုတွေကို ကာကွယ်ဖို့ နေလောင်ကာခရင်လူးပေးတာအပြင် နောက်ထပ် ဂရုစိုက်ရမှာတစ်ခုက အဝတ်အစားတွေကို ချည်သားပွပွချောင်ချောင်လေးတွေဝတ်ဆင်ပေးဖို့ပါ။ အဝတ်အစားတွေကို လေဝင်လေထွက်ကောင်းတာမျိုးဖြစ်ဖို့လည်း အထူးဂရုပြုပေးပါနော်။

ခြေထောက်ကိုဂရုစိုက်ပေးပါ – ဆီးချိုသမားတွေက အခြားသူတွေထက်ခြေထောက်ကို ပိုဂရုစိုက်ပေးဖို့လိုပါမယ်။ ဆီးချိုရောဂါက အချိန်ကြာလာနဲ့အမျှခြေထောက်က အာရုံကြောလေးတွေထိခိုက်လာပြီး အာရုံခံစားနိုင်စွမ်းနည်းလာပါတယ်။ ဒါကြောင့်နေ့စဉ်ခြေထောက်မှာ ထိခိုက်မိထားတာရှိသလားဆိုတာကို စစ်ဆေးပါ။ခြေထောက်မှာရေဓာတ်ခမ်းခြောက်ပြီး အသားခြောက်တာကြောင့် ပြဿနာ တစ်စုံတရာ ရှိ၊မရှိ စစ်ဆေးပေးပါ။

တကယ်လို့ ခြေထောက်မှာ မှိုပိုးဝင်ထားတာမျိုးရှိနေမယ်ဆိုရင် အမြန်ဆုံးကုသမှုခံယူဖို့လိုပါမယ်။ ဖိနပ်ကိုလည်း ကျပ်တာမျိုးတွေမစီးပါနဲ့။လေဝင်လေထွက်ကောင်းပြီး သက်တောင့်သက်သာရှိမှာမျိုးကို စီစဉ်ပေးပါ။ ဖိနပ်မပါဘဲ လမ်းလျှောက်တာမျိုးမဖြစ်စေဖို့ ဂရုစိုက်ပါ။

ကဲ…….. နွေပူပူမှာ ဆီးချိုရှိသူတွေ ကျန်းမာစေဖို့ ဒီနည်းလမ်းလေးတွေနဲ့စောင့်ရှောက်ပေးလိုက်ပါနော်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: