မာတင်နယ်လီကြောင့် အာနိုးလ်ဒဏ်ရာရခဲ့တာလို့ လော်ရိုးသုံးသပ်

နာမည်ကျော် ဝါရင့်ဘောလုံးသုံးသပ်သူ မာ့ခ်လော်ရန်ဆင်ကတော့  လီဗာပူးလ်အသင်းရဲ့နောက်ခံလူ  အာနိုလ်းဒဏ်ရာရရှိခြင်းဟာ အာဆင်နယ်လူငယ်ကစားသမားလေး မာတင်နယ်လီကြောင့်ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

 ပြိးခဲ့တဲ့အပတ်မှာ  လီဗာပူးလ်နည်းပြကလော့ရဲ့ ထုတ်ပြန်ချက်အရ  အာနိုးလ်ဟာ  အာဆင်နယ်နဲ့ပွဲကစားအပြီးမှာ ပေါင်ခြံဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီဒဏ်ရာကြောင့်  အာနိုးလ်ဟာ ရက်သတ္တပတ်အနဲငယ်ခန့် အနားယူရမှာဖြစ်ပြီး  ဆွစ်ဇာလန် ၊ အိုင်ဗရီကို့စ်တို့နဲ့ကစားမယ့်  လက်ရွေးစင်အသင်းပွဲစဥ်တွေကို လွဲချော်မှာဖြစ်ပါတယ်။

အမ်းမရိတ်ပွဲစဥ်မှာ  အာနိုးလ်ကို  မာတင်နယ်လိက တစ်ပွဲလုံး​ဒုက္ခပေးနိုင်ခဲ့ပါတယ်။  မာတင်နယ်လီဟာ ကမ္ဘာ့အဆင့်နောက်ခံလူတစ်ဦးဖြစ်တဲ့ အာနိုးလ်ကို သိသိသာသာလွှမ်းမိုးကစားသွားနိုင်ခဲ့ပြီး  အာနိုးလ်ရဲ့ ခန္တာကိုယ်ကို  မနားတမ်းခိုင်းစေနေခဲ့ပါတယ်။ လောရန်ဆင် ကတော့ ဒါကြောင့် အာနိုးလ်တစ်ယောက်ဒဏ်ရာရခဲ့တယ်ဆိုပြီး မှတ်ချက်ပြုလာခဲ့တာပါ။

Off the ball  YouTube Channel နဲ့တွေ့ဆုံရာမှာ  လောရင်ဆင်ကအခုလိုပြောခဲ့တာပါ။

“  အာနိုးလ်က ဒီပွဲမှ ဒဏ်ရာရတာပါဗျာ ..မာတင်နယ်လီရဲ့ လှည့်စားမှုတွေ ၊ ထိုးဖောက်မှုတွေကို ထိမ်းသိမ်းရင်း သူ့ဒဏ်ရာ ရသွားခဲ့တာနေပါလိမ့်မယ် .. အာဆင်နယ်ပွဲမှာ နည်းလမ်းမျိုးစုံနဲ့ သူ့ကို ဒုက္ခပေးသွားခဲ့တာပါ “ ဆိုပြီးထည့်သွင်းပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

အာနိုးလ်လိုနောက်ခံလူကို အခုလိုမျိုးထိုးဖောက်ကစားနိုင်ခဲ့တာဟာ မာတင်နယ်လီအတွက်လည်းဂုဏ်ယူစရာဖြစ်ခဲ့ပေမယ့်  လောရင်ဆင်ရဲ့ မှတ်ချက်ကတော့  တစ်ကိုယ်ရည်အမြင်တော့ဆန်နေပါတယ်။ ဒါ့အပြင် အာနိုးလ်ကို ကစားသမားတစ်ယောက်နိုင်ငံအသင်းနဲ့အတူ ပွဲမထွက်နိုင်တာကလည်း နှမြောစရာအခြေအနေတစ်ရပ်ဖြစ်ပါတယ်။

ကစားသမားရဲ့ ခြေစွမ်းအရကြည့်မယ်ဆိုရင်တော့ အာနိုးနဲ့ပတ်သတ်တဲ့ကိစ္စကို ထည့်စဥ်စားစရာမလိုပဲ   ၊ ဘရာဇီးသားလေးရဲ့တောက်ပမှုကိုသာ အာဆင်နယ်အားပေးသူတွေအနေနဲ့  ဝမ်းမြောက်စရာရှိပါတယ်။ အားကစား  ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ The Boot Room ကတော့  မာတင်နယ်လီဟာ  အခုလက်ရှိစွမ်းဆောင်ရည်ကိုသာဆက်လက်ထိမ်းသိမ်းထားနိုင်ရင် ပရီးမီးယားလိဂ်က နောက်ခံအစွန်လူတွေအားလုံးအတွက် အခက်အခဲဖြစ်စေမယ့်သူအဖြစ်သုံးသပ်ထားပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: