Gunners’ Side – နောက်ဆုံးရအာဆင်နယ်သတင်းများ (22Mar)

ရီကာဒိုကာဗယ်ဟိုကို  အာဆင်နယ်စိတ်ဝင်စားနေတယ်လို့ စပိန်သတင်းစာဖော်ပြ

စပိန်သတင်းစာ Fichajes ရဲ့ဖော်ပြချက်အရ  အာဆင်နယ်အသင်းဟာ ရီးရဲဘက်တစ်ရဲ့ ပေါ်တူဂီကွင်းလယ်လူ ရီကာဒို ကာဗယ်ဟို ကိုခေါ်ယူလိုနေတယ်လို့ သိရပါတယ်။  အဆိုပါ အသက် ၂၉ နှစ်သားဟာ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကောင်းမွန်တာကြောင့် ပရီးမီးယားလိဂ်နဲ့ အံဝင်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေကြပြီး  နယူးကာဆယ်အသင်းကလည်း စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

အာဆင်နယ်ဖက်ကဆုံးဖြတ်ချက်အတွက် ဆာလီဘာရဲ့ ကိုယ်စားလှယ်တွေရှင်းရှင်းလင်းလင်းသိချင်နေ

နောက်ခံလူ ဝီလျံဆာလီဘာရဲ့ ကိုယ်စားလှယ်တွေဟာ ကစားသမားရဲ့ အနာဂတ်ကို ဆွေးနွေးဖို့အတွက်  အာဆင်နယ်တာဝန်ရှိသူတွေနဲ့တွေ့ဆုံလိုနေကြကြောင်း  Goal  သတင်းဌာနကဖော်ပြလာပါတယ်။

အာဆင်နယ်နဲ့ ပွဲမထွက်ရသေးတဲ့ ဆာလီဘာဟာ တတိယအကြိမ်မြောက်အငှားထွက်ကစားချိန်မှာ ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေပြသထားနိုင်ခြင်းနဲ့အတူ လက်ရွေးစင်အသင်းကြီးရဲ့ ရွေးချယ်မှုကိုပါရရှိထားတာဖြစ်ပါတယ်။ ၂၀၂၄ မှာစာချုပ်ကုန်ဆုံးမယ့် ဆာလီဘာကို စာချုပ်သစ်ချုပ်ဆိုသွားမယ်ဆိုတဲ့သတင်းများလည်းထွက်ပေါ်နေပါတယ်။

ဒီဘားလားကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူလို့ရနိုင်ပြီ

အာဆင်နယ်အသင်းနဲ့နာမည်ထွက်ခဲ့တဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှုး ဒီဘားလားဟာ စာချုပ်သစ်ညှိနှိုင်းမှုအဆင်မပြေခဲ့တာကြောင့် ရာသီကုန်မှာ အီတလီကလပ်ကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း ဖေဘရီဇီယို ​ရိုမာနိုက အတည်ပြု ပြောကြားလာပါတယ်။ ဒီဘာလားဟာ   အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်မယ့် ထိပ်တန်းတိုက်စစ်မှုးတစ်ဦးဖြစ်လာပြီး လတ်တလောမှာ အာဆင်နယ်အပါအဝင် ပရီးမီးယားလိဂ်ထိပ်တန်းအသင်းများစွာရဲ့ ဦးစားပေးဖြစ်မှတ်ဖြစ်ကြောင်းလည်း သိရပါတယ်။  အသက်  ၂၈ အရွယ် အာဂျင်တီးနားသားဟာ  တူရင်ကလပ်အတွက် ဂိုးပေါင်း ၁၁၃ ဂိုးအထိသွင်းယူပေးထား နိုင်သူလည်းဖြစ်ပါတယ်။

ရာအူးလ်ဒီသောမတ်စ်ကို အက်စ်ပန်ညိုဖက်ကရောင်းချဖို့ပြင်ဆင်နေပြီ

ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်ဖက်က ဆက်သွယ်ခဲ့တယ်ဆိုပြီးသတင်းထွက်ခဲ့တဲ့ အက်စ်ပန်ညိုတိုက်စစ်မှုး ရာအူးလ်ဒီသောမတ်စ်ကို  ရောင်းချဖို့ စပိန်ကလပ်ဖက်က ကြိုးပမ်းလာဖွယ်ရှိကြောင်း  Mundo Deportivo က ဖော်ပြလာပါတယ်။  အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့တိုက်စစ်မှုးဟာ ဒီရာသီမှာ ၁၄ ဂိုးသွင်း   ၃ ကြိမ်ဖန်တီးပေးထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အသင်းရဲ့ တန်းဆင်းနိုင်ခြေနဲ့ အခြားသောအခြေအနေများကြောင်း  ကစားသမားရဲ့  စာချုပ်ဖျက်သိမ်းကြေး သန်း၆၀ ထက်လျော့နည်းပြီး ရောင်းထုတ်ဖွယ်ရှိနေပါတယ်။

အသင်းကထွက်ခွာဖြစ်ခဲ့ပုံအကြောင်းပြန်ပြောပြလာတဲ့  မတ်ရိုင်ယန်

ရီးရဲဆိုစိဒက်ရဲ့ ဂိုးသမား မတ်ရိုင်ယန်က  ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်အသင်းကို ပြောင်းဖြစ်ဖို့ နီးစပ်ခဲ့ပုံကို အခုလိုပဲ ပြန်ပြောပြလာပါတယ်။

“  အာတီတာက ကျွန်တော့်ကို အခုလိုပြောလာပါတယ်။ ကျွန်တော့်ကို အပြီးသတ်ခေါ်ယူဖိ့ သူ့အနေနဲ့ ကလပ်ဖက်ကို တိုက်တွန်းမယ်ပေါ့ဗျာ ..  နွေရာသီမှာ ကျွန်တော်တို့ စောင့်ခဲ့ပါတယ်၊​ ကလပ်ဖက်က ကျွန်တော့်ကို ဆက်သွယ်မှုမပြုလုပ်လာခဲ့ပါဘူး။  အဲ့ဒီနောက် အခြားသောကမ်းလှမ်းမှုတစ်ခုကိုပဲရွေးချယ်ဖြစ်ခဲ့ပါတယ် .. အာဆင်နယ်ကို သေချာပြန်မေးကြည့်တဲ့အခါ ကျွန်တော်က သူတို့ရဲ့ နံပါတ်တစ်ဦးစားပေးမဟူတ်ခဲ့ဘူးလို့ အကြောင်းပြန်လာခဲ့ပါတယ်  “ ဆိုပြီး The Athletic နဲ့တွေ့ဆုံရာမှာ ပြန်ပြောပြလာတာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: