မနာလိုဖြစ်ခဲ့မိကြောင်းဝန်ခံခဲ့ပြီး ဝေဖန်မှုကိုပြန်ရုပ်သိမ်းခဲ့ရတဲ့ အဘွန်လဟော်

အာဆင်နယ်အသင်းရဲ့ အောင်ပွဲခံပုံကို ဝေဖန်ခဲ့မိခြင်းအတွက် ဗီလာကစားသမားဟောင်း အဘွန်လဟော်ဟာ  ပရိတ်သတ်များကို ပြန်လည်တောင်းပန်လာခဲ့ရပါတယ်။ အက်စတွန်ဗိလာအသင်းကို အဝေးကွင်းမှာ ၀ – ၁ နဲ့အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အလားအလာကောင်းတွေရရှိသွားခဲ့တဲ့နောက်မှာ အာဆင်နယ် အသင်းသားတွေဟာ ဗီလာပတ်ခ် ကွင်းထဲမှာ အချိန်အတော်ကြာအောင်ပွဲခံနေခဲ့တာဖြစ်ပါတယ်။

အခုလို လူသိရှင်ကြား ပြန်လည်တောင်းပန်မှုဖြစ်လာခြင်းမှာ  အကြောင်းရင်းအချို့တော့ရှိနေပါသေးတယ်။

“ ချန်ပီယံဖြစ်သလိုအောင်ပွဲခဲ့ခဲ့တယ် “ ဆိုတဲ့ ဝေဖန်မှုအပြီးမှာတော့  အစိအစဥ်တင်ဆက်သူတစ်ဦးဖြစ်တဲ့  လော်ရာဝုဒ်စ်က အဘွန်လဟော်ကို အပြင်းအထန်ပြန်လည်ထောက်ပြခဲ့ပါတယ်။

“  အာဆင်နယ်အသင်းအောင်ပွဲခံတာကို ဝေဖန်နေတာဟာ ကိုယ်တိုင် ပြောခဲ့ဖူးတဲ့စကားကို ပြန်ပြီးဆန့်ကျင်နေတာပါပဲ  … ဒီမှာ ဂါဘီ  ကျွန်မပြောစကားကိုနားမထောင်ပါနဲ့ .. ကိုယ်ဘာပြောခဲ့သလဲဆိုတာကို  ပြန်ပြီးနားထောင်ကြည့်ပါ “ လို့ပြောပြီး စတီဗင်ဂျာရတ်ရဲ့ အောင်ပွဲခံပုံကို အားမာန်ပြည့်တယ်ဆိုပြီး ချီးကျူးနေတဲ့ အဘွန်လဟော်ရဲ့  Video Clip  ကိုပြန်ပြီးဖွင့်ပြလာခဲ့တာပါ။  အဲ့ဒီနောက်မှာ  “  ကောင်းပါပြီ ဂါဘီရေ .. စကားတစ်ခွန်းကိုမပြောခင် ကိုယ်တိုင် ဘာပြောထားဖူးသလဲဆိုတာပြန်ပြီး သတိရပါဦး “  လို့ထောက်ပြလာခဲ့တာပါ။

အဲ့ဒီနောက်မှာတော့  အဘွန်လဟော်ဟာ သူ့အနေနဲ့  အာဆင်နယ်အသင်းကို အနဲငယ် မနာလိုဖြစ်ခဲ့မိကြောင်းဝန်ခဲ့ခဲ့ပြီး  ပရိတ်သတ်တွေကိုလည်းတောင်းပန်ခဲ့ပါတယ်။

“   ဒီမှတ်ချက်စကားကို ကျွန်တော်ရုပ်သိမ်းပါတယ်ဗျာ .. ပြီးတော့ အာဆင်နယ် ပရိတ်သတ်တွေကိုလည်းတောင်းပန်ပါတယ်။ သူတို့ရဲ့အောင်ပွဲခံပုံက အဆင်ပြေပါတယ်။  အာဆင်နယ်အသင်းထိပ်ဆုံး ၄ သင်းဝင်မှာလဲသေချာပါတယ် “  လူသိရှင်ကြားပြန်လည်ပြောကြားခဲ့ပါတယ်။

နာမည်ကျော်အစီအစဥ်တင်ဆက်သူ လောရာဝုဒ်စ်ကတော့  အားကစားပွဲတွေရဲ့ သဘောသဘာဝအရ  အောင်ပွဲခံကြတာမထူးဆန်းကြောင်း ၊ အာဆင်နယ်အသင်းရဲ့  ပျော်ရွင်မှုကိုလည်းသူနှစ်သက်ကြောင်း တစ်ပါထဲ ပြောဆိုခဲ့ပါတယ်။

 Just Arsenal  ရဲ့ဆောင်းပါးရှင် Jonbo ကလဲ  အဘွန်လဟောင်တို့လိုဝေဖန်ရေးသမားတွေကို အာဆင်နယ်သီးသန့် အောင်ပွဲခံစောင့်ကြည့်ရေးအရာရှိကြီးများ ( Celebration Police)  လို့သုံးနှုံးခဲ့ပြီး  အာဆင်နယ်အနေနဲ့ အနှောင့်အသွားလွတ်အောင်နေနည်းများဆိုပြီးသရော်စာတစ်ပုဒ်ကို ရေးသားလာခဲ့ပါတယ်။ အဆိုပါဆောင်းပါးကိုအနှစ်ချုပ်ပြီး Gunners’ Side မှာဖော်ပြပြီးဖြစ်ပါတယ်။​

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: