Gunners’ Side – နောက်ဆုံးရအာဆင်နယ်သတင်းများ (21Mar)

ဆာကာကို ပြန်လည်ဝေဖန်လာတဲ့ ဂျာရတ်

ဒိုင်လူကြီးတွေအနေနဲ့ သူ့ရဲ့ ကစားဟန်အတွက် ပိုမိုအကာအကွယ်ပေးသင့်တယ်လို့ ဆာကာရဲ့ ပြောဆိုလာမှုကို  အက်စတွန်ဗီလာနည်းပြလည်းဖြစ် ၊ လီဗားပူးဂန္တဝင်လဲဖြစ်တဲ့ စတီဗင်ဂျာရတ်က အခုလိုပြန်လည်ဝေဖန်လာခဲ့ပါတယ်။

“ ဆာကာ ဟာ အရည်အသွေးမြင့်တဲ့ ကစားသမားကောင်းတစ်ယောက်ပါ ။ ကျွန်တော်လဲသူ့ရဲ့ကစားပုံကို သိပ်ကြိုက်ပါတယ်။​ ဒါပေမယ့် အဂ်လန်ကစားဟန်ကိုတော့ သူ့အနေနဲ့ စောဒကတတက်လို့ တော့မဖြစ်နိုင်ပါဘူး။ ကျွန်တော့်ရဲ ခြေထောက်မှာ မြှပ်ထားတဲ့ Screw တွေအများကြီးပါ။  ကျွန်တော်ဟာ  ခွဲစိပ်မှု ၁၆ ကြိမ်ပြုလုပ်ခဲ့ရပါတယ်။  အခုဆိုရင် Gym သွားဖို့တောင် အတော်ကြိုးစားရပါတယ်။ ဒါဟာ အဂ်လန်မှာဘောလုံးကစားခြင်းအတွက်ပေးဆပ်ရတာပါပဲ။  ဒါပေမယ့် ဆာကာ က ဒါတွေကို အမြန်ဆုံးနားလည်မှာမယ့်သူပါ  “   လို့ထောက်ပြပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

အူဘာခြေစွမ်းပြသနိုင်လို့   အာတီတာကို ခနဲ့လာတဲ့  ပီးယားစ်မော်ဂန်

တိုက်စစ်မှုးဟောင်း အူဘာမီယန် ဟာ  El Classico ပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့အပြင် ဖန်တီးမှုပါပြုလုပ်ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့်  ပီးယားစ်မော်ဂန်ဟာ အာတီတာကို  “ ပွဲကြည့်နေလား “ ဆိုပြီးမေးခွန်းထုတ် ဝေဖန်လာခဲ့ပါတယ်။  မော်ဂန်ဟာ ပြီးခဲ့တဲ့ အပတ်ကလည်း  အူဘာကို သတိရလွမ်းဆွတ်ကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့သလို  ၊ လွန်ခဲ့တဲ့ရက်အနည်းငယ်ကလည်း သူ့ရည်မှန်းချက်က အဆင့် ၄ ထက်မြင့်ကြောင်းထုတ်ဖော်ပြောဆိုထားသူဖြစ်ပါတယ်။ ကာယကံရှင် အူဘာကတော့  အာဆင်နယ်နဲ့ လမ်းခွဲဖြစ်ခဲ့ခြင်းဟာ  ၂ ဦး ၂ ဖက် ကောင်းဖို့ဖြစ်လာကြောင်း တုန့်ပြန်ခဲ့ပါတယ်။

ဟာလန်းနဲ့အာဆင်နယ်အကြား ကိုယ်ပိုင်မှတ်ချက်ကို ထုတ်ပြောလာတဲ့ ကင်းဘဲလ်

အာဆင်နယ်ကစားသမားဟောင်းလဲဖြစ် ၊  Sky Sport နဲ့ ​talkSport ရဲ့ ဘောလုံးကျွမ်းကျင်သူလဲဖြစ်တဲ့ ကီဗင်ကင်းဘဲလ်က နည်းပြ အာတီတာအနေနဲ့  ကွင်းလယ်လူအိုဒီဂတ်ကို သေချာပေါက် ဟာလန်းအကြောင်းမေးမြန်းလိမ့်မယ်လို့ Stadium Astro နဲ့တွေ့ဆုံရာမှာ ခန့်မှန်းပြောဆိုလာခဲ့ပါတယ်။

“ ဟာလန်းကိုသူတို့ကြိုက်မှာအသေအချာပေါ့ဗျာ။  ပြောရရင် အာတီတာဟာ  အိုဒီဂတ်နဲ့တွေဆုံရင် ဟာလန်းအကြောင်းတွေ ပြောဖြစ်မယ်လို့ ထင်တယ်ဗျာ .. ဒါပေမယ့် အပြောင်းအရွှေ့ကလုပ်ပြီးသားဗျ ..  အာဆင်နယ်အတွက် အိုဒီဂတ် မကူညီပေးနိုင်လောက်ပါဘူး “ ဆိုပြီး ပြောဆိုလာတာဖြစ်ပါတယ်။

Advertisements

အာဆင်နယ်ရဲ့ အောင်ပွဲခံပုံကို ဝေဖန်သူထဲမှာ အဘွန်လဟော်လဲပါဝင်လာ ၊  အခုလိုဝေဖန်သူဟာ  ၃ ဦးထိရှိလာပြီဖြစ်

အက်စတွန်ဗီလာအသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ အဘွန်လဟော်က  အာဆင်နယ်ရဲ့အောင်ပွဲခံပုံကို ဝေဖန်လာပြီးတဲ့နောက်မှာတော့   အဆိုပါကိစ္စနဲ့ပတ်သတ်ပြီးပြောဆိုသူ  ၃ ဦးထိရှိလာခဲ့ပြီဖြစ်ပါတယ်။ ဝုဗ်နဲ့ပွဲစဥ်တုန်းက အသင်းခေါင်းဆောင် ကိုအာဒီ ၊ ယခုပွဲစဥ်မှာ အက်ရှ်လေယန်းအပါအဝင် အဘွန်လဟော်တို့ဟာ အာဆင်နယ်ရဲ့ အောင်ပွဲခံပုံကို အလွန်အကျူးဖြစ်ကြောင်းမှတ်ချက်ပေးကြတာပါ။

“  ဒီပွဲနိုင်လိုက်တာဟာ ကြီးကျယ်တဲ့အောင်ပွဲတစ်ခုဆိုတာ ကျွန်တော်နားလည်ပါတယ်ဗျာ။  ကျွန်တော်တို့လဲ ပရိတ်သတ်တွေနောက်မှာရှိနေတာပဲ။ ဒါပေမယ့် သူတို့က ချန်ပီယံလိဂ်ရသလိုအောင်ပွဲခံခဲ့ကြတာဗျ။ ဗီလာဆိုတာ သူတို့နိုင်သင့်တဲ့အသင်းတွေထဲက တစ်သင်းပါပဲဗျာ .. ကျွန်တော့်အထင်တော့ သူတို့က ပိုလွန်းပါတယ် “ ဆိုပြီး ပြောဆိုလာခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်က သူ့အလုပ်သူလုပ်နေရုံပဲ လို့  ကွန်တီဝန်ခံလာ

စပါးအသင်းနည်းပြ ကွန်တေက အာဆင်နယ်အသင်းက သူတို့ထက်ပိုပြီး  အဆင့် ၄ ရဖို့အခွင့်အလမ်းများလာကြောင်းကို မှတ်ချက်ပြုလာခဲ့ပါတယ်။

“  အာဆင်နယ်အသင်းရဲ့ ဖိအားက ပွဲတိုင်းကို ၃ မှတ်ရအောင်လုပ်သွားဖို့ပါပဲ “  ဆိုပြီး အခြားအသင်းရဲ့ ရလဒ်ကို စောင့်ဆိုင်းနေစရာမလိုတဲ့အခြေအနေကို မီးမောင်းထိုးပြခဲ့ပါတယ်။​ ဒါ့အပြင် အခြားအသင်းတွေဟာ နည်းပြနဲ့အသင်းကာလရှည်လက်တွဲပြီးသားဖြစ်ကြောင်း ၊ သူက တော့ ကာလတစ်ခုအတွင်းမှာ တည်ဆောက်နေရကြောင်း  ၊  အသင်းသားတွေဟာ အံ့သြစရာ ရလဒ်တွေကို ဖော်ဆောင်နေကြကြောင်းကို ပြောပြလာခဲ့တာဖြစ်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: