ရှင်သန်လာသောအသင်း .. ရှင်သန်လာသော တိုက်စစ်မှုး

ပြီးခဲ့တဲ့အပတ်က အာဆင်နယ်ပရိတ်သတ်ဖြစ်တဲ့ အစီအစဥ်တင်ဆက်သူ ပီးယားစ်မော်ဂန်က အူဘာမီယန်ကို သတိရကြောင်းပြောဆိုလာခဲ့ပါတယ်။  ကာယကံရှင်ဖြစ်တဲ့ အူဘာကတော့   အရာအားလုံးက ကောင်းဖို့ဖြစ်လာကြောင်း၊ ခွဲခွာခြင်းဆိုပေမယ့် နှစ်ဖက်စလုံးအတွက်အဆင်ပြေကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။  ဒါပေမယ့် မော်ဂန်ရဲ့ ချီးကျူးသံဟာ တစ်ပတ်အကြာမှာပဲ နောက်ထပ်တစ်ကြိမ်ထွက်ပေါ်လာပြန်ပါတယ်။

ဘာစီလိုနာတို့ဟာ လုံးဝထင်မှတ်မထားတဲ့ရလဒ်အဖြစ် အယ်ကလပ်စီကိုပွဲမှာ ရီးရဲမက်ဒရစ်ကို ၀ – ၄ နဲ့အပြတ်နိုင်ခဲ့ကြပါတယ်။ ဒါဟာ ရူးသွပ်လောက်တဲ့အနေအထားဖြစ်ပါတယ်။ အထူးသဖြင့် ဖယိုဖရဲဖြစ်ပြီး တစစီပြန်ကောက်ထားရတဲ့ အခြေအနေကအသင်းတစ်သင်းဟာ နတ်ရေကန်ထဲကျတဲ့အလားပြန်လည်ရှင်သန်လာခဲ့တာဖြစ်ပါတယ်။ နည်းပြသစ်ဇာဗီ ၊ အသစ်ခေါ်ယူထားတဲ့ကစားသမားတွေနဲ့အတူ ရလဒ်တွေဆက်တိုက်ပြန်ကောင်းလာရာကနေ  ရီးရဲကိုပါ  ၄ ဂိုးပြတ်အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။​

ဒီနေရာမှာ နတ်ရေကန်ထဲကျခဲ့တာ ဘာစီလိုနာနဲ့အတူ တိုက်စစ်မှုး အူဘာမီယန်လဲ ပါဝင်ပါသေးတယ်။  အာဆင်နယ်အသင်းနဲ့အတူ စည်းကမ်းပိုင်း ပြသနာတွေတက်တဲ့အပြင် ခြေစွမ်းကပါ သိသိသာသာယိမ်းယိုင်နေခဲ့တဲ့  ဂါဘွန်တိုက်စစ်မှုးကြီးဟာ ဘာစီလိုနာမှာတော့ ခြေစွမ်းပြရုံအပြင် ဂိုးတွေပါသွင်းနေပြိဖြစ်ပါတယ်။  ကာတာလန်အသင်းအတွက်  ၁၁ ပွဲကစားပြီးချိန်မှာ  ၉ ဂိုးသွင်းပြီး ၁ ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အူဘာဟာ ဂိုးတွေနဲ့အတူ ကာတာလန်ပရိတ်သတ်ကို ဆက်တိုက်ဖျော်ဖြေနေတဲ့အပြင်  အယ်ကလပ်စီကိုမှာ ခြေစွမ်းပြပြီးနောက် လျှင်မြန်စွာပဲ  ဘာစီလိုနာတိုက်စစ်မှုးအဖြစ် နာမည်ရေးထိုးနိုင်ခဲ့ပါပြီ။

တဖက်မှာလည်း အာဆင်နယ်က ဥရောပဝင်ခွင့်အတွက် အိမ်မက်တွေအားကောင်းနေသလို  အူဘာမီယန်ကလည်း  ဘာကာရဲ့တောက်ပမှုနဲ့အတူ  ဥရောပဆုဖလားတစ်ခုရဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ အပြောင်းအလဲတွေများခဲ့သလို  ရာသီကုန်ခါနီးမှတက်လာတဲ့ ဇတ်ရှိန်များစွာထဲမှာ အူဘာမီယန်လဲအပါအဝင်ဖြစ်နေပါပြီ။

ဘယ်အသင်းမှာဖြစ်ဖြစ်တစ်ရာသီကို  ဂိုး ၂၀ ဝန်းကျင်သွင်းနေတဲ့ အူဘာမီယန်ဟာ ဒီရာသီမှာတော့ အသက်အရွယ် ၊ ပုံစံကောင်းမရရှိမှုတွေနဲ့အတူ  သူ့ရဲ့အချိန်တွေကုန်ဆုံးပြီလို့ ယူဆရတော့မယ့်အချိန်မှာပဲ အသင်းသစ်နဲ့အတူရှင်သန်ပြခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိစာချုပ်အနေအထားအရ  ရာသီကုန်အထိသာ ဘာကာနဲ့သက်တမ်းရှိတာဖြစ်ပေမယ့်  အခုအတိုင်းဆိုရင်တော့ သေချာပေါက်နောက်ရာသီမှာ  နူးကမ့်ရဲ့တိုက်စစ်မှုးတစ်ယောက်အဖြစ်ဆက်ရှိနေဖို့များပါတယ်။

အယ်ကလပ်စီကိုပွဲအပြီးမှာ ဘောလုံးသမားဘဝတစ်လျှောက်အူဘာမီယန် ဂိုးပေါင်း ၃၂၇ ဂိုးရထားပြီဖြစ်တဲ့ အူဘာမီယန်တစ်ယောက်သူ့ရဲ့ ကစားသမားဘဝနှောင်းပိုင်းမှာဘယ်လိုဆက်ပြီးရှင်သန်သွားမလဲ ၊ လီဝန်ဒေါစကီး  နဲ့  ဘန်ဇီမာတို့လို  ၃၅ ဝန်းကျင်အထိဆက်လက်တောက်ပမလားဆိုတာကိုတော့ စောင့်ကြည့်စရာကောင်းလာပြီဖြစ်ပါတယ်။

အာဆင်နယ်ပရိတ်သတ် ပီးယားစ်မော်ဂန်ကတော့ အူဘာ ကစားတာကို .. ခင်ဗျားစောင့်ကြည့်နေလား အာတီတာ  ဆိုပြီးမေးခွန်းထုတ်ပေါက်ကွဲနေပြီဖြစ်ပါတယ်။

အကယ်၍သာ ဘာစီလိုနာအသင်းနဲ့အတူ အူဘာမီယန်တို့ ဒီရာသီမှာ တစ်စုံတစ်ခုလုပ်ပြနိုင်ခဲ့မယ်ဆိုရင်တော့ ဘောလုံးလောကရဲ့ သိပ်ကိုလှပတဲ့ ရှင်သန်ခြင်းအစတစ်ခုကို မှတ်တမ်းတင်ရဦးမှာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: