ပြိုင်ပွဲ မပြီးသေးဘူးလို့ အာဆင်နယ်ကို သတိပေးလိုက်တဲ့ စပါးကစားသမားဟောင်း

စပါးနဲ့လီဗာပူးလ်ကစားသမားဟောင်းဖြစ်သူ ဂျေမီရက်ပ်နက်က အာဆင်နယ်အနေနဲ့ ထိပ်သီးလေးသင်းတိုက်ပွဲအတွက် အဆင့်လေးနေရာမှာ ရပ်တည်ပြီး ထိန်းချုပ်ထားနိုင်ပေမယ့် နောက်ထပ်ဆက်သွားဖို့ အများကြီးကျန်သေးတယ်လို့ ဆိုပါတယ်။ 

အာတီတာရဲ့ အသင်းဟာ ထိပ်သီးလေးသင်းတိုက်ပွံ၀င်နေတဲ့ အသင်းတွေထဲမှာ အကောင်းဆုံးခြေစွမ်းကို ပြသထားနိုင်ထားတာကို ဂျေမီရက်ပ်နက်က ၀န်ခံခဲ့သလို ဂန်းနားတို့ရဲ့အလုပ်မပြီးမြောက်သေးဘူးလို့လည်း သတိပေးခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်မှာ အာဆင်နယ်က ဗီလာကို အဝေးကွင်းမှာ အနိုင်ရခဲ့သလို စပါးကလည်း ၀က်စ်ဟမ်းကို (၃-၁)ဆိုတဲ့ ရလဒ်နဲ့အနိုင်ရခဲ့ပါတယ်။ ဒီခါးသီးတဲ့ မြောက်လန်ဒန်ဒါဘီနှစ်သင်းဟာ ထိပ်တိုက်တွေ့ဆုံဖို့လည်း ရှိနေပါတယ်။ 

စပါးဟာ ဖေဖော်ဝါရီလမှာ ရလဒ်တွေဆိုရွားနေခဲ့ပေမယ့် လက်ရှိမှာတော့ ရလဒ်ကောင်းတွေ ပြန်ရယူနေပြီး  ‌ပရီးမီးယားလိဂ်နောက်ဆုံး ငါးပွဲမှာ လေးပွဲထိအနိုင်ရထားပါတယ်။ ဒါကြောင့် ဂျေမီရက်ပ်နက်ဟာ အာဆင်နယ်အနေနဲ့ စပါးရဲ့ မတည်ငြိမ်မှုကို အထင်မသေးသင့်ကြောင့် ၊ စပါးဟာ ကွန်တီရဲ့ လက်အောက်မှာ တည်ငြိမ်ကောင်းမွန်တဲ့ ပုံစံတစ်ခုကို ပြန်ရှာနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

စပါးနဲ့ ၀က်စ်ဟမ်းတို့ရဲ့ ပွဲစဉ်မတိုင်မီမှာ Sky Sportsရဲ့ အားကစားအစီအစဉ်မှာ ဂျေမီရက်ပ်နက်က ခုလိုပဲဆိုလာခဲ့ပါတယ်။ 

ထိပ်သီးလေးသင်းပြိုင်ပွဲအတွက် အာဆင်နယ်ကစား‌ပြနေတာကို ကြည့်ရတာ သဘောကျစရာကောင်းပါတယ်။ အက်စ်တွန်ဗီလာကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ သူတို့ဟာ စိတ်၀င်စားဖို့ကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး သူတို့ဟာ အကောင်းဆုံးကစားနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်း ရှေ့ဆက်သွားဖို့ ခရီးရှည်တစ်ခုကျန်ပါသေးတယ် ” 

စပါးအသင်းရဲ့ မတည်ငြိမ်မှုဟာ ကျွန်တော့်အတွက် ရူးလောက်စရာပါပဲ၊ ကွန်တီအတွက်လည်း ဒီလိုပဲ ဖြစ်မှာပါ။ စပါးပရိသတ်တွေက အခုဆို အသင်းက ဒီအပတ်မှာ နိုင်ရင် နောက်အပတ်မှာ ရှုံးတော့မယ်လို့ ထင်နေကြပါပြီ။ ဒါပေမယ့် မကြာခင် ဒါကို သူတို့ပြောင်းလဲနိုင်တော့မှာပါ” 

အာတီတာနဲ့အသင်းသားတွေဟာ ချန်ပီယံလိဂ်၀င်ခွင့်အတွက် လုပ်စရာတွေအများကြီးရှိသေးတယ်ဆိုတာ ကောဂ်းကောင်းနားလည်ကြပါတယ်။ ယုံကြည်မှုသာရှိရင် ဘာမဆို ဖြစ်နိုင်တယ်ဆိုတဲ့အတိုင်း စိတ်အားထက်သန်နေတဲ့ အာတီတာတို့လူစု ယုံကြည်မှုအပြည့်နဲ့ ၂၀၂၁-၂၂‌ ပရီးမီးယားလိဂ် ဘောလုံးရာသီ ကန့်လန်ကာချတဲ့အထိ အကောင်းဆုံးတိုက်ပွဲ၀င်သွားဖို့တော့ ရှိနေပါတယ်။  ကာယကံရှင်ကိုယ်တိုင်က  ခရီးရှည်ရှိသေးကြောင်း မကြာခန ဝန်ခံထားပေမယ့် ခန့်မှန်းသူ နဲ့ ကစားသမားဟောင်းတွေဟာ  အာဆင်နယ်အသင်းအနေနဲ့  အဆင့် ၄ အတွက်ပုံသေတွက်မရကြောင်း အင်တာဗျူးအစီအစဥ်တိုင်းလိုလိုမှာ သတိပေးနေတာကိုလည်းတွေ့ရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: