တစ်ပွဲပြီးတိုင်း ကစားသမားတွေကို ချီးကျူးရတာ ကျွန်တော်တို့အလုပ်ဖြစ်လာပါပြီ – အီယန်ရိုက်

အာဆင်နယ်က အက်စ်တွန်ဗီလာကို အဝေးကွင်းမှာ တစ်ဂိုးဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာတော့ ဂန်းနားဂန္တ၀င်ကြီး အီယန်ရိုက်က အသင်းရဲ့ ဘုတ်အဖွဲ့ကို လာမယ့်နွေရာသီမှာ ကစားသမားကောင်းတွေခေါ်ယူတဲ့နေရာမှာ ငွေကြေးသုံးစွဲဖို့သတိပေးခဲ့ပါတယ်။ အီယန်ရိုက်ဟာ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ်ကိုလည်း ချီးကျူးခဲ့ပြီး တဖန်ပွဲထွက်ခွင့်ရခဲ့တဲ့ လီနိုကိုလည်း အထူးတလည် ချီးကျုးသွားခဲ့ပါတယ်။ 

အရင်တုန်းကဆို လူအများစု၊ ဘောလုံးဝေဖန်သုံးသပ်သူအများစုက အာဆင်နယ်အသင်းဟာ ဘယ်လောက်တောင်အားနည်းတဲ့ အသင်းဖြစ်တယ်၊ ခေါင်းဆောင်မရှိဘူး စသဖြင့် အသင်းရဲ့အားနည်းချက်တွေ ဝေဖန်ရတာကို  အရမ်း ပျော်ခဲ့ကြတာပါ၊ အခု အာဆင်နယ်ကို ကြည့်လိုက်စမ်းပါဦး” 

“လူတွေက အခုဆို လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းကို ဒါဟာ အာဆင်နယ်ပဲလို့ ပြောဖို့လိုအပ်နေပါပြီ။ လူငယ်တွေ တိုးတက်လာတာကို ကျွန်တော်တို့မြင်တွေ့နေရတယ်။ ဘန်ဝှိုက်၊ ဂါဘရီယယ်၊ တီယာနေး၊ အိုဒီဂတ်၊ ပါတေးတို့လို ကစားသမားကောင်းတွေကို ကျွန်တော်တို့ မြင်နေရပြီ။ သီတင်းပတ်တိုင်းမှာ ကစားသမား ငါးယောက်၊ ခြောက်ယောက်၊ ခုနစ်ယောက်၊ ရှစ်ယောက်လောက်အထိ သူတို့အကြောင်းတွေကို ကျွန်တော်တို့ ချီးကျုးပြောဆိုနေရပါတယ် ” 

ဒါက နည်းပြအဖွဲ့၀င်တွေနဲ့ကစားသမားတွေ လုပ်ရမယ့်အရာပါပဲ။ ကျန်တာကတော့ အသင်းပိုင်ရှင်တွေရယ်၊ အသင်းရဲ့စီမံခန့်ခွဲမှုနဲ့ အသင်းအတွက်ကိုက်ညီမယ့် ကစားသမားတွေ ခေါ်ယူလားဆိုတဲ့ အပေါ်ပဲ မူတည်ပါတော့တယ်။ ဆာကာပြောခဲ့သလိုပဲ မနှစ်က အသင်းဟာ ခံစစ်ကစားတဲ့နေရာတွေမှာ၊ အသင်းရဲ့အနိုင်ရလဒ်ကို ထိန်းသိမ်းရတဲ့နေရာတွေမှာ အားနည်းခဲ့ပြီး ရုန်းကန်ခဲ့ရပါတယ်။ ဒီနှစ်မှာတော့ သူတို့ပိုကောင်းလာခဲ့ပြီး ဒီထက်လည်း ပိုကောင်းချင်နေကြပါတယ်” 

အာတီတာ ဟာ ‌ဗီလာကို ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်မှာ ရမ်ဒေးလ်၊ မာတင်နယ်လီတို့ မပါ၀င်တဲ့ လူစာရင်းကို အသုံးပြုခဲ့ပါတယ်။ ဒီရာသီမှာ အသင်းနဲ့အတူ ပွဲထွက်ခွင့်နည်းပါးနေတဲ့ လီနိုနဲ့ပတ်သက်ပြီး အီယန်ရိုက်က ခုလို မှတ်ချက်ပေးခဲ့ပါတယ်။ 

ဒီပွဲစဉ်မှာ ခံစစ်ကို ချီးကျူးဖို့ လိုပါတယ်။ လီနိုဟာ တစ်ပွဲလုံးကောင်းကောင်း ကစားပြခဲ့ပါတယ်။ အိမ်ရှင်အသင်းဟာ မျှော်လင့်ထားသလောက်တော့ လီနိုကို ဖိအားမပေးနိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း အသင်းရဲ့ခံစစ်၊ ကွင်းလယ်ကစားပုံ၊ အရာတိုင်းက တကယ်ကို ကျစ်လစ်ပြီး  အဝေးကွင်းပွဲစဉ်တွေကို ဒီလိုအနိုင်ရတာဟာ သိပ်ကိုတော်ပါတယ်  ဆိုပြီး ဂိုးသမားကိုပါချီးကျူးသွားခဲ့တာပါ။

အာဆင်နယ်အသင်းရဲ့ နောက်ဆုံးမိနစ် အခိုက်အတန့်ကို ကြည့်ရှုပြီးအောင်ပွဲခံခဲ့တဲ့ အီယန်ရိုက်ရဲ့ ဗီဒီယိုကလည်း ဆိုရှယ်မီဒီယာပေါ်မှာ ရေပန်းစားခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: