Gunners’ Side – နောက်ဆုံးရအာဆင်နယ်သတင်းများ (20Mar)

ဆာကာ ဟာ ဗီလာအတွက် ဆူးတစ်ချောင်းဖြစ်ခဲ့တယ်လို့ ဂျိုးကိုးလ်ပြော

အနိုင်ဂိုးရှင်ဖြစ်သလို Man Of the Match ကိုလည်းရရှိခဲ့တဲ့ ဆာကာကို   ကစားသမားဟောင်းဂျိုးလ်ကိုးက BT Sports ရဲ့အစီအစဥ်ကနေ အခုလိုပဲ ချီးကျူးသွားခဲ့ပါတယ်။

“  သူက တောက်ပနေတဲ့ လူငယ်ကစားသမားလေးတစ်ယောက်ပါ။  ဗီလာအတွက်တော့ ဆူးတစ်ချောင်းပေါ့ဗျာ။   ပွဲရဲ့အကောင်းဆုံးကစားသမားဆုကလည်း သူ့အတွက်ဖြစ်ခဲ့တာ တကယ့်ကိုထိုက်တန်ပါတယ် “  ဆိုပြီးပြောဆိုခဲ့တာပါ။

ကူတင်ညိုကို  ပေါင် ၃၃ သန်းခန့်နဲ့ အာဆင်နယ်ခေါ်ယူလိုတယ်လို့ စပိန်သတင်းစာတွေပြော

အာဆင်နယ်အသင်းဟာ ဗီလာမှ အငှားနဲ့ကစားနေတဲ့ ကူတင်ညိုကို ခေါ်ယူဖို့အသင့်ရှိနေကြောင်း စပိန်သတင်းဌာနများက ဖော်ပြနေကြပါတယ်။  ကစားသမားရဲ့တန်ကြေးအတွက်  ဘာကာတို့ဟာ ယူရိုသန်း ၄၀ (​ပေါင် ၃၃.၅၇) သန်းခန့်အလိုရှိနေပြီး ခြေစွမ်းပြနေတဲ့ကစားသမားကို ဗီလာကလည်း အပြီးဆက်ခေါ်ထားဖွယ်ရှိတယ်လို့ သိရပါတယ်။

မော်ရင်ဟိုကိုယ်တိုင် လာကာဇက်ကို ဖုန်းဆက်ခဲ့တယ်လို့ အီတလီရုပ်သံဖော်ပြ

အီတလီရုပ်သံလွှင့်ဌာန  Sport Mediaset ရဲ့ဖော်ပြချက်အရ စီးရီးအေကလပ်ရိုးမားအသင်းဟာ  အာဆင်နယ်တိုက်စစ်မှုးကိုစိတ်ဝင်စားနေပြီး  မော်ရင်ဟိုအနေနဲ့ ချဥ်းကပ်မှုတွေတောင်စတင်နေခဲ့ပြီဖြစ်ကြောင်း ပြောပြလာပါတယ်။   ပေါ်တူဂီနည်းပြဟာ သူကိုယ်တိုင်ပဲ​ လာကာဇက်ကို ချဥ်းကပ်ခဲ့ပြီး  ရိုးမားတို့ရဲ့ အနာဂတ်အစီအစဥ်တွေကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

ရိုက်ရဲ့ ချီးကျူးမှုကို ရရှိခဲ့တဲ့ လီနို

အသင်းအတွက်အရေးကြီးဆုံးကာကွယ်မှုတစ်ခုကို နောက်ဆုံးမိနစ်မှာပြုလုပ်ပေးသွားခဲ့တဲ့ ဂိုးသမားလီနိုကို ဂန္တဝင်ကြီးအီယန်ရိုက်က “  သူက ဝင်ကစားချိန်မှာ တကယ့်ကို ထူးထူးခြားခြားလုပ်ပြသွားတာပဲ “  လို့ ချီးကျူးလာခဲ့ပါတယ်။  လီနိုအနေနဲ့တစ်ပွဲလုံးမှာ ကာကွယ်မှုတွေသိပ်ပြီးမပြုလုပ်ခဲ့ရပေမယ့်  အလွန်အရေးပါတဲ့နောက်ဆုံးမိနစ်ဖရီးကစ်ကို ကာကွယ်ပေးပြီးအာဆင်နယ်အသင်းအတွက် Clean Sheet နိုင်ပွဲကိုရယူပေးနိုင်ခဲ့ပါတယ်။ လီနိုဟာ ရာသီကုန်မှာ အသင်းကထွက်ခွာဖို့နီးစပ်နေသူလည်းဖြစ်ပါတယ်။

လူငယ်ပရိတ်သတ်နဲ့ သူနဲ့ကြားအမြင်မတူရခြင်းအကြောင်းကို ပီးယားစ်မော်ဂန်ပြောပြလာ

အသက် ၅၆ နှစ်ရှိပြီဖြစ်တဲ့ အာဆင်နယ်ပရိတ်သတ်တစ်ဦးဖြစ်သူ ပီးယားစ်မော်ဂန်က သူ့ရဲ့အမြင်နဲ့ အာဆင်နယ်ပရိတ်သတ်တွေရဲ့အမြင်ဟာ မကြာခနကွဲလွဲနေတဲ့အပေါ်အခုလိုပဲ မှတ်ချက်ပြုလာပါတယ်။

“ ကျွန်တော်နဲ့ အာဆင်နယ်ပရိတ်သတ်တွေနဲ့ ကွဲပြားနေတဲ့အချက်ကတော့  ဆုဖလားမရတာ ၁၈ နှစ်ရှိနေပြီဖြစ်တဲ့ခံစားချက်နဲ့ ၊  အဆင့် ၄ ရတာကို ကြီးမားတဲ့အောင်မြင်မှုလို့ ထင်နေတဲ့ လူငယ်တွေရဲ့ အမြင်လို့ပဲထင်ပါတယ်။ ကျွန်တော့်ရည်မှန်းချက်တွေကတော့ပိုမြင့်တာပေါ့ဗျာ “ လို့သူ့ရဲ့ Twitter ကနေ တဆင့်ရေးသားခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: