Gunners’ Side – နောက်ဆုံးရ အာဆင်နယ်သတင်းများ(19Mar)

အာတီတာရဲ့ စောဒကတက်မှုကို ပြန်လည်ချေပလာတဲ့ကွန်တေ

ပွဲကျန်များကို ပြန်လည်ဖြည့်တင်းကစားရတဲ့ အခြေအနေနဲ့ပတ်သတ်ပြီး ဝေဖန်မှုပြုလုပ်ခဲ့တဲ့ အာတီတာကို စပါးနည်းပြ ကွန်တေကလည်း သူ့ရဲ့အမြင်အတိုင်း ပြန်လည်ထောက်ပြပြောဆိုလာခဲ့ပါတယ်။

“ မျှတတယ်  မမျှတဘူးဆိုတာကိုဝေဖန်မယ်ဆိုရင်  အာတီတာအနေနဲ့ စပါးနဲ့ပွဲတုန်းက အခြေအနေတစ်ခုကိုတော့သတိရဖို့လိုပါတယ်။ ဒီလောက်ပြောရင် လုံလောက်ပြီလို့ထင်ပါတယ်။ တစ်စုံတစ်ယောက်က အခြေအနေတွေကို မမျှတဘူးလို့ထင်ရင် စပါးအသင်းဟာ အာဆင်နယ်နဲ့ကစားရမယ့်ပွဲစဥ်ကိုရွှေ့ပေးခဲ့တာကို သတိရပါ” ဆိုပြီးပြောဆိုလာတာဖြစ်ပါတယ်။

အိုစီမန်ကို အာဆင်နယ်စိတ်ဝင်စားနေတယ်လို့ အီတလီဂန္တဝင်ပြော

စီးရီးအေဂန္တဝင်ဖြစ်တဲ့ အလက်ဇန်ဒရို အယ်တိုဘယ်လီက  အာဆင်နယ်နဲ့ နယူးကာဆယ်အသင်းတို့ဟာ နာပိုလီတိုက်စစ်မှုး ဗစ်တာအိုဆီမန်ကိုစိတ်ဝင်စားနေကြကြောင်း Canale 8 အစီအစဥ်ကို ပြောကြားလာခဲ့ပါတယ်။  ဒါ့အပြင်  Mirror သတင်းစာကလဲ အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ဂန်နားတို့ရဲ့ ထိပ်တန်းပစ်မှတ်ဖြစ်ကြောင်းရေးသားဖော်ပြလာပါတယ်။

ရာသီကုန်ခါနီးမှာ ပုံစံပျက်ယွင်းလာတဲ့ အငှားချလူငယ်ကစားသမား

ဂျာမန်သတင်းစာ Kicker ရဲ့ဖော်ပြချက်အရ  အာဆင်နယ်ကနေအငှားနဲ့လာရောက်ကစားနေတဲ့ မာဗရိုပါနို့စ်ရဲ့ အခြေအနေက အဆိုးဖက်ကို ဦးတည်နေပြီလို့ သိရပါတယ်။ အဆိုပါကစားသမားဟာ ရာသီစတုန်းက ခြေစွမ်းတောက်လျှောက်ပြနိုင်တာကြောင့် တန်ကြေးမြင့်မားလာပြီး  ခေါ်ယူလိုသူတွေပါပေါ်ထွက်လာခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာ ခြေစွမ်းသိသိသာသာပျက်ယွင်းလာနေပါတယ်။  ဂရိသားဟာ  နောက်ဆုံးကစားခဲ့တဲ့ပွဲစဥ်မှာ  ဒီရာသီအတွက်  ၄ ကြိမ်မြောက်ပင်နယ်တီပစ်ဒဏ်ကို လည်း ကျူးလွန်ဖြစ်ခဲ့တယ်လို့သိရပါတယ်။

တန်ဖိုးကြီးကစားသမားတွေခေါ်ယူရတာ ဖိအားများကြောင်း အာတီတာပြောဆို

စျေးကြီးတဲ့ကစားသမားတွေကို ခေါ်ယူတိုင်းဖိအားဖြစ်ပေါ်ရကြောင်း အာတီတာက အခုလိုပဲပြောပြလာပါတယ်။

“  ငွေကြေးအမြောက်အများသုံးပြီးကစားသမားတွေကိုခေါ်ယူတိုင်းမှာ စိတ်ပူစရာတွေကတော့ရှိစမြဲပါပဲ။ ပထမဦးဆုံးအသင်းရဲ့ငွေကြေးနဲ့ ရင်းနှီးမြှပ်နှံမှုတွေကို စနစ်တကျဖြစ်စေချင်တာကြောင့်လဲပါမှာပေါ့။ ဘာကိုပဲလုပ်လုပ်အသင်းရဲ့အကျိုးအမြတ်ကိုပဲ ဦးတည်ပြီးလုပ်ဆောင်လိုတဲ့စိတ်ကြောင့်   ဖြစ်နိုင်ချေအမြင့်ဆုံးတွေကိုပဲရွေးချယ်လုပ်ဆောင်ရမှာပါပဲ “  လို့ပြောခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်ကစားသမားတွေဆီကနေအကောင်းဆုံးတွေကို ရယူဖို့ ကြိုးစားသွားမယ်ဆိုပြီးလည်းပြောခဲ့ပါတယ်။

ကဲဗက်လီဝင်ဟာ အာဆင်နယ်ကစားကွက်နဲ့အံဝင်ကြောင်း ဂန္တဝင်ရှင်းပြလာ

ဂန္တဝင်ကြီးရေးပါလာကတော့ The Sun နဲ့တွေ့ဆုံရာမှတဆင့်   အဲဗာတန်အသင်းတိုက်စစ်မှုး ကဲဗက်လီဝင်ကို ခေါ်ယူဖို့တိုက်တွန်းလိုက်ပါတယ်။ ပါလာက   လီဝင်ဟာ အာဆင်နယ်အသင်းရဲ့ကစားပုံကို ပိုမိုပြည့်စုံစေမှာဖြစ်ကြောင်းပြောဆိုလာတာပါ။

“ သူက ဘောလုံးကိုကိုင်ထားနိုင်တယ် .. ကွင်းလယ်ကစားသမားတွေကို အလိုက်သင့်ဖြည့်ပေးနိုင်တယ်။ သူသာ အာဆင်နယ်မှာဆိုရင်  ဆာကာနဲ့ စမစ်ရိုးတို့အတွက် အကျိုးအမြတ်အများကြီးဖြစ်ထွန်းစေမှာပါပဲ “ လို့ ပြောလာတာဖြစ်ပါတယ်။ ကဲဗက်လီဝင်ဟာ  လက်ရှိအဲဗာတန်မှာ တစ်ပတ်ကို ပေါင် ၇၂၀၀၀ ရရှိနေပြီး ၊ အာဆင်နယ်အသင်းနဲ့ မနှစ်ကတည်းကသတင်းထွက်နေသူဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: