လီဗာပူးလ်နဲ့ ပွဲစဉ်ကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် အာဆင်နယ်အသင်းရဲ့ ချန်ပီယံလိဂ်၀င်ခွင့်နဲ့ ပတ်သက်ပြီး သုံးသပ်ခန့်မှန်းချက်တွေဟာ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခဲ့ပါတယ်။ လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် လက်ကျန်ပွဲစဉ်တွေမှာ မန်ယူ၊စပါး၊ချဲလ်ဆီးတို့ကိုလည်း ရင်ဆိုင်ရဖို့ ရှိနေတာကြောင့် ဒီလိုမျိူးထပ်မံ ရှုံးနိမ့်ရနိုင်မလားဆိုတဲ့ စိတ်ပူမှုအချို့လည်း ပရိသတ်တွေဆီမှာ ရှိလာခဲ့ပါတယ်။ မိနစ်ငါးဆယ်လောက်အသာရလာခဲ့တဲ့ ကစားပွဲကို ၉မိနစ်အတွင်း ဦးဆောင်ဂိုး နှစ်ဂိုးခွင့်ပြုလိုက်ရပြီး ပွဲသိမ်းခရာမှုတ်ချိန်မှာ ရှုံးနိမ့်ခဲ့ရတာဟာ အာတီတာနဲ့ အသင်းသားတွေအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့မှာပါ။
အာဆင်နယ်အနေနဲ့ စပါး၊ မန်ချက်စတာယူနိုက်တက်တို့နဲ့ အပြိုင် အဆင့်လေးနေရာကို လုရမှာ ဖြစ်ပြီး ရာသီကုန်မှာ မျှော်လင့်ထားသလို ပရီးမီးယားလိဂ်ထိပ်ဆုံးလေးသင်း စာရင်း ၀င်နိုင်မလားဆိုတာကို လီဗာပူးလ်ကစားသမားဟောင်းနဲ့ အားကစားသုတေသီ ကာရေဂါက ခုလိုပဲ ဆိုလာခဲ့ပါတယ်။
“အာဆင်နယ်ရဲ့ တိုက်ပွဲက ထိပ်ဆုံးလေးသင်းစာရင်း၀င်ဖို့ ဖြစ်ပါတယ်။ ချဲလ်ဆီး၊မန်စီးတီးနဲ့လီဗာပူးလ်တို့ကို ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်တွေမှာ ရလဒ်တွေမကောင်းခဲ့ပါဘူး။ဒီလို အသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ရချိန်မှာ ရလဒ်မကောင်းခဲ့တာတွေ မေ့လိုက်ပါ။ အရေးကြီးတာက ရမှတ်တွေဘယ်လောက်ရှာဖွေနိုင်မလဲဆိုတာပါပဲ။ အာဆင်နယ်ဟာ မန်ယူ၊စပါး၊၀က်စ်ဟမ်းတို့နဲ့ ယှဉ်ပြိုင်နေရတာပါ။”
“ ကွဲပြားခြားနားချက်ကတော့ ကျွန့်တော့အထင် အာဆင်နယ်က မန်ယူ၊စပါးတို့ထက် ပိုကောင်းတယ်လို့ ထင်ပါတယ်။ကစားသမားတစ်ဦးချင်းစီစွမ်းဆောင်ရည်အရဆိုရင် မန်ယူမှာ စီရော်နယ်ဒို၊စပါးမှာ ဟယ်ရီကိန်းတို့လိုမျိုး အံ့ဩဖို့ကောင်းတာတွေလုပ်ပြနိုင်တဲ့ ကစားသမားတွေရှိပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းရဲ့ ဖွဲ့စည်းပုံ၊ကစားပုံ၊စည်းလုံးညီညွတ်ပုံတွေက ချန်ပီယံလိဂ်၀င်ခွင့်အတွက် အလားအလာများတဲ့ အသင်းဖြစ်စေပါတယ်။ သူတို့မှာ နည်းပြကောင်းတွေလည်း ရှိပြီး ကျွန်တော့်အထင် သူတို့ လုပ်နိုင်မယ်(ချန်ပီယံလိဂ်၀င်ခွင့်ရနိုင်မယ်)လို့ ထင်ပါတယ်”
အခြားသော အားကစားသုတေသီတွေကတော့ ကာရေဂါနဲ့အတွေးအမြင်နဲ့ ဆန့်ကျင်နေပါတယ်။အခြားသော အားကစားသုတေသီတွေက အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်၀င်ခွင့်ရနိုင်ဖို့ မသေချာပဲ မန်ယူနဲ့ စပါးတို့ကသာ အရေးသာလိမ့်မယ်လို့ ထင်နေကြပါတယ်။
Leave a Reply