လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ စိတ်အပျက်ရဆုံး ဖြစ်ခဲ့ရသူတွေကတော့ ကစားသမားတွေပဲ ဖြစ်ပါလိမ့်မယ်။ အားလုံးဟာ ချန်ပီယံလိဂ်၀င်ခွင့်အတွက် စိတ်အားထက်သန်နေကြပြီး လီဗာပူးလ်လို အသင်းကို သူတင်ကိုယ်တင်ဆော့နိုင်ခဲ့ပြီးမှ အိမ်ကွင်း ပရိသတ်တွေရှေ့မှာ ရှုံးနိမ့်ခဲ့ရတာဟာ ပျော်စရာကောင်းမှာ မဟုတ်တာတော့ အသေအချာပါပဲ။ ပရိသတ်တွေက အားမလိုအားမရဖြစ်ခဲ့ရချိန်မှာ ကစားသမားတွေကတော့ သူတို့ကိုယ်သူတို့ အပြစ်ဖို့နေကြမှာပါ။ဘာပဲဖြစ်ဖြစ် အမ်းမရိတ်မှာ ကြိုးကြာနီတွေကို ဒီလိုမျိုး တိုက်စစ်ဆင်ကစားနိုင်တာ မြင်ရတာကိုက ကျေနပ်စရာတစ်ခုပါပဲ။
စိတ်ပျက်နေမှာ ဖြစ်တဲ့ အသင်းဖော်တွေကို စီဒရစ်ကို အသင်းနဲ့အင်တာဗျူးလ်မှာ ဘယ်လိုအားပေးထားလဲဆိုတာ အာဆင်နယ် Official Website မှာ တင်ထားထားတာကို ဆီလျော်သလို ဘာသာပြန် တင်ဆက်လိုက်ရပါတယ်။
“ဘောလုံးပွဲတစ်ပွဲ ပြီးသွားတဲ့အခါ ရလဒ်ကို ကျွန်တော်တို့ ကြည့်ဖို့ လိုအပ်ပါတယ်”
“ဒီပွဲမှာ ကစားချိန်အများစုကို ကျွန်တော်တို့ ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ပထမဂိုးခွင့်ပြုပေးလိုက်ရတဲ့ နောက်မှာတောင် ကျွန်တော်တို့ ချေပဂိုးရဖို့ ၊တစ်ခုခုကြိုးစားကြည့်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာ နောက်ထပ်တစ်ဂိုး ထပ်ခွင့်ပြုခဲ့ရပြီး ကျွန်တော်တို့ အတော်လေးကံမကောင်းခဲ့ဘူးဆိုရပါမယ်”
“ဘောလုံးဆိုတာ ဒါပါပဲ။ ကျွန်တော်တို့ အကောင်းမြင်တတ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ လုပ်နေတဲ့အရာတွေကို ယုံကြည်မှုရှိဖို့ အက်စတွန်ဗီလာနဲ့ ပွဲစဉ်ကို ခေါင်းမော့ရင်ကော့ပြီး ချီတက်ရပါလိမ့်မယ်”
“အကောင်းမြင်စိတ်ထားတာက သိပ်အရေးကြီးပါတယ်၊ဒီလိုအကောင်းမြင်မှသာ စနေနေ့မှာ ကောင်းမွန်တဲ့ ခံစားချက်၊တုံ့ပြန်မှုတစ်ခုရရှိနိုင်မှာပါ။ကျွန်တော်တို့ ပြန်လာနိုင်ဖို့ အာရုံစိုက်ထားရပါမယ်။နှစ်ရက်နေရင် ကျွန်တော်တို့ ထပ်ကစားရဦးမှာပါ။ဒါကြောင့် ဒီပွဲကိုပဲ တည့်တည့်မတ်မတ်သွားဖို့ လိုအပ်ပြီး ကျွန်တော်တို့အတွက် အရမ်းကို အရေးကြီးတဲ့ပွဲစဉ်လည်း ဖြစ်ပါတယ်။အသင်းဟာ အကောင်းမြင်စိတ်ထားပြီး အဖြေကောင်းတစ်ခုပြန်ပေးနိုင်မယ်ဆိုတာ သေချာပါတယ်”
လာမယ့်စနေမှာ အာဆင်နယ်ဟာ ဗီလာပါ့ခ်မှာ အက်စတွန်ဗီလာနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အမှတ်ပေးဇယားမှာတော့ အာဆင်နယ်တို့ပွဲ ပွဲလျော့ကစားထားပြီး အဆင့် ၄ မှာရပ်တည်နိုင်ဆဲဖြစ်ပါတယ်။
Leave a Reply