ဆာကာဟာ ကမ္ဘာကြီးပေါ်က ဘယ်အသင်းအတွက်မဆိုအသင့်ဖြစ်နေကြောင်း ချီးကျူးလာတဲ့ ဂန္တဝင်
အိုင်ယာလန်ဂန္တဝင်တစ်ဦးဖြစ်တဲ့ ကင်နင်ဂမ်က ဆာကာကို OTB အစီအစဥ်ကနေတစ်ဆင့် အခုလိုပဲ ချီးကျူးလာခဲ့ပါတယ်။
“ ဆာကာ က ကျွန်တော့်အတွက်တော့ အဖက်ဖက်က ထူးချွန်နေတဲ့ကစားသမားတစ်ယောက်ပါပဲ။ ဒီချာတိတ်ကလေးဟာ ကမ္ဘာပေါ်က ဘယ်လိုအသင်းကြီးမှာမဆိုကစားနိုင်တဲ့သူပါ။ သူဟာ ပီအက်စ်ဂျီ၊ ရီးရဲ နဲ့ မန်စီးတီးတို့လို့အသင်းတွေမှာကစားနိုင်ပါတယ်။ သူကတကယ်ကို စင်းလုံးချောကစားသမားတစ်ယောက်ပါ “ ဆိုပြီးမှတ်ချက်ပြုလာတာဖြစ်ပါတယ်။
မာတင်နယ်လီကို ကြိုတင်ခန့်မှန်းပေးခဲ့တဲ့ လိုင်နီကာ
ဂန္တဝင်ကြီး ဂယ်ရီလိုင်နီကာ က အာဆင်နယ်လူငယ်လေး မာတင်နယ်လီရဲ့ အလားအလာနဲ့ပတ်သတ်ပြီး ခန့်မှန်းချက်တစ်ခုကို ပြုလုပ်လာခဲ့ပါတယ်။ လီဗာပူးနဲ့ပွဲအပြီးမှာ သူ့ရဲ့ ကိုယ်ပိုင် Twitter အကောင့်မှတစ်ဆင့် “ မာတင်နယ်လီဟာ ကမ္ဘာ့အဆင့်မှီကစားသမားတစ်ယောက်ဖြစ်လာမှာပါ “ လို့ရေးသားခဲ့ပါတယ်။ မာတင်နယ်လီမှာ ယခုရာသီမှာ ပွဲထွက် ၁၅ ပွဲထိကစားထားပြီး ပရီးမီးယားလိဂ်မှာ ၅ ဂိုးသွင်း ၃ ကြိမ်ဖန်တီးပေးထားနိုင်ပါတယ်။
လက်ရွေးစင်အသင်းမှာပါဝင်လာတဲ့ ဂန်းနားများ
အဂ်လန် လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်ရဲ့လူစာရင်းမှာ အာဆင်နယ်ကစားသမား ၄ ဦးထိပါဝင်လာခဲ့ပါတယ်။ အဆိုပါကစားသမားများမှာ ဘန်ဝှိုက် ၊ စမစ်ရိုး ၊ ဆာကာ နဲ့ ဂိုးသမားရမ်းစ်ဒေးလ်တို့ ဖြစ်ကြပြီး ဘန်ဝှိုက်အဖို့ ဥရောပပွဲအပြီးမှာ ပထမဆုံးအကြိမ်ပြန်လည်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
ဟူစိန်အာဝါကို စိတ်ဝင်စားနေဆဲလို့ အီတလီသတင်းစာဖော်ပြလာ
Calciomercato ရဲ့ဖော်ပြချက်အရ အာဆင်နယ်တို့ဟာ လိုင်ယွန်ကွင်းလယ်လူ ဟူစိန်အာဝါကို စိတ်ဝင်စားနေဆဲဖြစ်တယ်လို့ သိရပါတယ်။ အာဆင်နယ်နဲ့အတူ စီးရီးအေအသင်းများကလည်း စောင့်ကြည့်နေကြကြောင်းအဆိုပါသတင်းမှာရေးသားထားပါတယ်။ အသက် ၂၃ နှစ်သာရှိသေးတဲ့ အာဝါရဲ့ စာချုပ်ဟာ ၂၀၂၃ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ Daily Cannon ကတော့ အာဝါကို Number 8 Role မှာထားကစားရင်အဆင်ပြေနိုင်ကြောင်းသုံးသပ်ထားခဲ့ပါတယ်။
မာတင်နယ်လီ လီဗာပူးလ်ကို ရောက်သွားမှာစိုးရိမ်နေတဲ့မော်ဂန်
အာဆင်နယ်ပရိတ်သတ်တစ်ဦးဖြစ်တဲ့ ပီးယားစ်မော်ဂန်က တိုက်စစ်မှုးလေး မာတင်နယ်လီ အနေနဲ့ တစ်ချိန်ချိန်မှာ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့သွားမှာကို စိုးရိမ်မိကြောင်းပြောဆိုလာပါတယ်။ အဆိုပါကစားသမားလေးကို လီဗာပူးလ်နည်းပြ ကလော့ပ်က အကြိမ်ကြိမ်ချီးကျူးဖူးသလို ၊ ကစားသမားကလည် လီဗာပူးလ်နဲ့တွေ့တိုင်း ခြေစွမ်းပြထားနိုင်ပါတယ်။
Leave a Reply