ဂျာမန်သတင်းစာ Sport 1 ရဲ့ဖော်ပြလာချက်အရ အာဆင်နယ် ၊ နယူးကာဆယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ လီဗာကူဆင်အသင်းရဲ့ ပြင်သစ်တောင်ပံတိုက်စစ်မှုး မူဆာ ဒီယာဘီကို အပြိုင်စိတ်ဝင်စားနေကြတယ်လို့ ဖော်ပြလာပါတယ်။
အဆင့် ၄နေရာအတွက်တိုက်ပွဲဝင်နေတဲ့ ဂန်းနားတို့ဟာ ပြီးခဲ့တဲ့ပွဲစဥ်မှာ လိဗာပူးအသင်းကိုရှုံးနိမ့်ခဲ့ပေမယ့် အဆင့် ၄ နေရာမှာတော့ဆက်ရှိနေဆဲပါပဲ။
ဒီယာဘီဟာ အသက် ၂၂ အရွယ်သာရှိသေးပြီး ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းအပြဆုံးကစားသမားတွေထဲမှာပါဝင်နေပါတယ်။ လီဗာကူဆင်အတွက် ဒီရာသီမှာ ၃၂ ပွဲကစား ၁၆ ဂိုးသွင်းယူပြီး ၉ ကြိမ်ဖန်တီးပေးထားနိုင်တဲ့အထိ ခြေစွမ်းကောင်းတွေပြနေတာဖြစ်ပါတယ်။ ဒီကိန်းဂဏန်းဟာ အထင်ကြီးစရာဖြစ်ကြောင်း The Boot Room ကသုံးသပ်ရေးသားထားပြီး အချိန်အနည်းငယ်ယူပြီးတာနဲ့ တပြိုင်နက် အသင်းကြီးတွေမှာကစားဖို့အသင့်အနေအထားကိုရောက်ရှိတော့မယ်လို့ ဆိုပါတယ်။
သတင်းတွေအရတော့ အထက်ပါအသင်း ၃ သင်းက ဒီယာဘီကို စိတ်ဝင်စားလျှက်ရှိပြီး ကစားသမားကလည်း ပရီးမီးယားလိဂ်ကိုပြောင်းရွှေ့လာချင်နေတယ်လို့ သိရပါတယ်။ လီဗာကူဆင်ဟာ သူတို့ရဲ့ တိုက်စစ်မှုးကို ထိမ်းသိမ်းထားလိုပေမယ့် ပြောင်းရွှေ့ကြေးပေါင် ၅၀.၅ သန်းလောက်ရရင်တော့ ထွက်ခွာခွင့်ပြုဖွယ်ရှိကြောင်းလဲ ရေးသားထားပါတယ်။ Bild နဲ့ Rheinische Post တို့ကတော့ ရပ်တန့်လို့မရတော့တဲ့ အံ့သြစရာလူငယ်အဖြစ် ညွန်းဆိုရေးသားထားကြပါတယ်။
ပီအက်ဂျီကစားသမားဟောင်းဟာ ကရိုတုန်း အသင်းမှာ မအောင်မြင်တဲ့ အငှားကာလကိုဖြတ်သန်းပြီးနောက်မှာတော့ ဘွန်ဒက်စ်လီဂါမှာ အောင်မြင်မယ့်အချိန်တွေစတင်ခဲ့ပါတော့တယ်။ တတိယမြောက်ရာသီကို လီဗာကူဆင်အတူဖြတ်သန်းနေတဲ့တောင်ပံကစားသမားဟာ ၈၄ ပွဲကစားပြီး ၂၁ ဂိုးထိသွင်းယူပေးထားနိုင်သူဖြစ်ပါတယ်။ နိုင်ငံအသင်းနဲ့တော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ၄ ကြိမ်ထိပွဲထွက်ပေးထားပြီဖြစ်ပါတယ်။
အရပ်အမောင်းမြင့်မားခြင်းမရှိပေမယ့် ကြံ့ခိုင်မှုအားကောင်းပြီး ကျွမ်းကျင်မှုရှိတဲ့ ဒီယာဘီဟာ ပရီးမီးယားလိဂ်ကစားပုံနဲ့တော့ အံဝင်နိုင်ဖွယ်ရှိပါတယ်။
Leave a Reply