နွေရာသီမှာ ရည်းစားရှာပါ

နွေရောက်ပြီလေ …

ရိုးတံကျဲကျဲ ပင်အိုတို့ အလှချင်းလဲပြိုင် …

နွေရောက်ပါပြီ။ ပင်အိုတို့ အလှချင်းပြိုင်နေတဲ့ ဒီလိုရာသီဥတုမျိုးဟာ သူ့အတိုင်းချည်းတောင် လွမ်းမောဖွယ်ရာ၊ အချစ်ရနံ့တို့ထုံသင်းကြိုင်လှိုင်နေတဲ့ ရာသီဥတုမျိုးပေါ့။

ဒီလိုရာသီဥတုမျိုးဟာ အမှတ်တရတွေ ပြည့်နှက်နေမယ့် အချစ်ဇာတ်လမ်းလေးတွေစတင်ဖို့ အကောင်းဆုံးအချိန်ဆိုရင် သင်ယုံနိုင်မလား။ မယုံမရှိပါနဲ့ နွေရာသီဟာ အချစ်ဇာတ်လမ်းလေးတွေ စတင်ပေါ်ပေါက်ဖို့ Relationship တွေစတင်ဖို့ အကောင်းဆုံး ရာသီပါ။

ဘာကြောင့်လဲလို့ သိချင်သွားပြီမဟုတ်လား … အခု ဆက်ပြောပြပေးပါမယ်။

1. Hanging out လုပ်ဖို့ သိပ်တွေးနေစရာမလိုဘူး

နွေရာသီဟာ Hanging out လုပ်ဖို့ သိပ်ကောင်းတဲ့ရာသီပါ။ ဒီလိုကာလမျိုးမှာ လူတွေက သိပ်ပြီး ရှည်ရှည်ဝေးဝေးတွေးမနေကြပဲ Hanging out လုပ်တတ်ကြတယ်။ ညနေနေဝင်ဆည်းဆာမှာ ဒင်နာလေးပဲစားမလား၊ အပေါင်းအသင်းတွေနဲ့ ရီဝေဝေလေးပဲ ပျော်ကြမလား၊ ဒီအချိန်က အကောင်းဆုံးပဲလေ။ ချစ်သူနေရသူနဲ့အတူ Hanging out ထွက်ဖို့ဆိုတာ သိပ်ကိုကောင်းတဲ့ ရာသီပေါ့။

2. ပျော်စရာအကောင်းဆုံး အားလပ်ရက်တွေရှိတယ်

မြန်မာပြည်မှာဆိုရင် နွေရာသီရဲ့ အကောင်းဆုံး အားလပ်ရက်တွေက  သင်္ကြန်ကာလလို့ ဆိုရပါလိမ့်မယ်။ သင်္ကြနွေဦး တူးပို့ တူးပို့နဲ့အတူ ချစ်သူစုံတွဲဖြစ်သွားကြသူတွေ အမြောက်အများပဲ မဟုတ်လား။ သင်္ကြန်ကာလတင်မဟုတ်ပါဘူး။ နွေရာသီရဲ့ တခြားအားလပ်ရက်တွေကလည်း တခြားအားလပ်ရက်တွေထက်ပိုပြီး ပျော်ဖို့ကောင်းပါတယ်။ သိပ္ပံနည်းကျ လေ့လာချက်တွေအရလည်း လူတွေဟာ နွေရာသီ အားလပ်ရက်တွေမှာ တခြားကာလတွေထက် ပိုပျော်ကြပါတယ်တဲ့။

3. လိင်မှုကိစ္စအတွက် ဆွဲဆောင်မှုအရှိဆုံးကာလဖြစ်တယ်

Relationship တစ်ခုမှာ လိင်မှုကိစ္စက အနည်းနဲ့အများမဆို မပါမဖြစ်ပါပဲ။ ဘိုလိုပြောရရင်တော့ Summer os So Hot for Sex ပါ။ နွေရာသီက လိင်မှုပျော်ရွှင်မှုအတွက် အရမ်း Hot တဲ့အချိန် (ပူလို့ Hot တာမဟုတ်ဘူးနော်) ပေါ့။ သိပ္ပံပညာရှင်တွေကတော့ လူတွေဟာ တောက်ပတဲ့ နေရောင်ကြောင့် လိင်စိတ်ပိုမိုနိုးထကြပါတယ်တဲ့။

4. ခရီးသွားလို့ သိပ်ကောင်းတဲ့ရာသီပေါ့

နွေရာသီဆိုတာနဲ့ ခရီးသွားခြင်းက အလိုအလျောက် တွယ်ဆက်ပါဝင်လာပါတယ်။ ချစ်သူခင်သူတွေနဲ့ Staycation ပဲဖြစ်ဖြစ် အားလပ်ရက်အပန်းဖြေခရီးပဲဖြစ်ဖြစ် သွားလို့ကောင်းတဲ့အချိန်ပေါ့။ သူငယ်ချင်းတွေနဲ့အတူ ခရီးတွေထွက်ရင်း ဘေးတီးကောင်းလို့ အတွဲဖြစ်သွားသူတွေက မြန်မာရုပ်ရှင်ထဲမှာတင်မကပါဘူး၊ တစ်ကမ္ဘာလုံးမှာရှိပါတယ်။ ကဲ FA ကိုကို မမတွေ ခရီးထွက်ဖို့ အမြန်ဆုံး စီစဉ်လိုက်တော့နော်။

5. အားလပ်ချိန် ပိုရှိတယ်

နွေရာသီမှာ ကျောင်းတွေ ပိတ်ကြတယ်၊ ရုံးပိတ်ရက်ရှည်တွေလည်းရှိတယ်။ ဒီတော့ ချစ်မှုရေးရာနဲ့ ရည်းစားရှာဖို့ အချိန်ပိုပေးနိုင်တယ်ဆိုရမယ်။ ချစ်သူရှိကြတဲ့သူတွေအတွက်လည်း ချစ်သူရည်းစားကို အချိန်ပိုပေးနိုင်တယ်ဆိုတဲ့ သဘောပေါ့။

6. ပိုကြည့်ကောင်းနေတတ်တယ်

လူတွေဟာ နွေရာသီဆိုရင် ပိုပြီးပျော်ရွှင်တတ်တာမို့ ပိုပြီးကြည့်လို့ကောင်းနေတတ်တယ်လို့ လေ့လာချက်တွေကဆိုပါတယ်။ ပူလွန်းလို့ ချွေးတဒီးဒီးကနေရင်တောင်မှ Sexy Look ဖြစ်နေတာမျိုးပေါ့။ ကဲ ဒီလိုအချိန်မျိုးမှာ အသေအချာ ရှိုးထုတ်ပြီး ချစ်သူရည်းစား အမြန်ရဖို့ စီစဉ်တာအကောင်းဆုံးမဟုတ်လား။

7. အမှတ်တရတွေ ပိုများတယ်

နွေရာသီဟာ လူတွေအတွက် အမှတ်တရအဖြစ်ဆုံး ရာသီလို့ သတ်မှတ်ကြပါတယ်။ နွေရာသီမှာဖြစ်ပျက်ခဲ့တာတွေကို ပိုမှတ်မိတတ်ကြပြီး ပိုတမ်းတတတ်ကြတာမျိုးပေါ့။ နွေရာသီမှာချစ်ခဲ့တဲ့သူကိုလည်း ပိုသတိရနေမယ်ဆိုတဲ့ သဘောမျိုးလည်း မှတ်ယူလို့ရနိုင်တာပေါ့နော်။

ကဲ ဘယ်လိုလဲ နွေရာသီက Relationship တစ်ခုစတင်ဖို့ ဘယ်လောက်တောင် ပြည်စုံလိုက်တဲ့ ရာသီဥတုလဲနော်။ သင်ရော ခုထ ဆင်ဂယ်ဖြစ်နေလို့ စိတ်ပျက်နေတာလား။ စိတ်မပျက်ပါနဲ့ ခုချိန်က နွေရာသီလေ။ အကွက်တွေရွှေ့လို့ အကောင်းဆုံးရာသီဆိုတာကို မမှိတ်မသုံမှတ်ယူပြီး စကြိုးစားလိုက်တော့ဗျို့

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: