“အမ်းမရိတ်မှာ အမြှောက်တပ်သားတွေက ကြိုးကြာနီတွေကိုရင်ဆိုင်ရတဲ့အခါ “

လက်စတာစီးတီးကို ဂိုးပြတ်အနိုင်ရခဲ့တဲ့အောင်ပွဲထဲမှာပဲ မျောနေလို့မဖြစ်ပဲ နောက်ထပ်ခက်ခဲတဲ့ တိုက်ပွဲတစ်ခုကို အမ်းမရိတ်မှာ အမြှောက်တပ်သားတွေ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။အချိန်က‌တော့ မြန်မာစံတော်ချိန် ကြာသပတေးနေ့မနက် (၂:၄၅)နာရီဖြစ်ပြီး ပြိုင်ဘက်ကတော့ မာဆေးဆိုဒ်ကနေ လာမယ့် ဂျာဂင်ကလော့ပ်ရဲ့ ကြိုးကြာနီတွေပဲ ဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ် နောက်ဆုံးငါးပွဲဆက် အနိုင်ရထားတဲ့ အာဆင်နယ်ဟာ လက်ရှိအချိန်မှာ ခြေစွမ်းအရ‌ရော၊ ယုံကြည်မှုပိုင်းအရပါ အကောင်းဆုံးပုံစံမှာ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ မန်စီးတီးနဲ့ သူတင်ကိုယ်တင် မကြောက်မရွံ့ဆော့ကစားနိုင်ခဲ့သလို လီဗာပူးလ်အသင်းနဲ့ပွဲစဉ်မှာ ဒီလိုမျိုးထပ်စွမ်းဆောင်ပြနိုင်ဦးမလားဆိုတာတော့ စိတ်၀င်စားစရာကောင်းပါတယ်။ ဒီပွဲစဉ်ကိုသာ အနိုင်ရခဲ့ရင် ချန်ပီယံလိဂ်၀င်ခွင့်အတွက် အနီးကပ်ဆုံးပြိုင်ဘက် မန်ယူကို ၄မှတ်ဖြတ်ပြီး အဆင့်လေးနေရာမှာ ဆက်လက်ရပ်တည်နေနိုင်မှာဖြစ်တာကြောင့် အာတီတာနဲ့ အသင်းသားတွေကတော့ ဒီပွဲစဉ်ကို ဗိုလ်လုပွဲတစ်ပွဲလိုကစားဖို့ ပြင်ဆင်လာမှာပါ  

လက်စတာစီးတီးနဲ့ပွဲမှာသက်သက်သာသာအနိုင်ရခဲ့တဲ့ပွဲအကြောင်းကို နဲနဲပြန်ကြည့်ရအောင်ပါ။ 

အာဆင်နယ်တို့  ပုံစံကောင်းရနေတာတွေ ၊ ဆာကာ ခြေပေါ်တာတွေ ကိုခနထားလိုက်ပါတော့။ ဒီ Form တွေက လီဗာပူးလ်နဲ့ပွဲမှာလည်းဆက်ပြီး ရနေမယ့်သဘောရှိပါတယ်။ ထူးခြားတာကတော့ ပါတေးရဲ့  ပွဲကိုလွှမ်းမိုးနိုင်မှုက တော်တော်လေးသိသာလာတာပဲဖြစ်ပါတယ်။ Deep Lying Midfielder အနေနဲ့ကစားတာပိုသပ်ရပ်လာခဲ့သလို  ၊ ကန်ချက်တွေလဲ ပစ်မှတ်ဆီတည့်မတ်စပြုလာပါတယ်။

ပါတေးအစွမ်းပြနိုင်ဖို့အတွက် လိုအပ်တဲ့ကစားသမားတွေက အဓိကအနေနဲ့  ၃ ယောက်ရှိတယ်လို့ မှန်းမိပါတယ်။ သူတို့က ဘန်ဝှိုက်  ၊ ဆဲဒရစ် နဲ့ ဆာကာတို့ပဲဖြစ်ပါတယ်။  ပါတေးရဲ့ Function အရ တဖက်အသင်းကစားကွက်ကို ဖျက်ရင်း   ၊ တန်ပြန်တိုက်စစ်အတွက် Transition ကောင်းကောင်းလုပ်ပေးရတာဖြစ်ပါတယ်။  ဒါက ပထမဦးစားပေးဖြစ်ပြီး အသင်းက တိုက်စစ်ဆင်ချိန်မှာ  Attacking Role က သူတွေနဲ့ပြန်ချိတ်ပြီး  Killer Pass  ၊  Direct Pass တွေ ဖန်တီးရတာပါ။ ဒါကြောင့်  Goal Involvement တွေမှာ တနည်းတဖုံပတ်သတ်နေတာဖြစ်ပါတယ်။ ဒီတော့ခံစစ် ၊ တိုက်စစ်က သူနဲ့အတူ ဟန်ချက်ညီဖို့လိုပါတယ်။

နောက်တစ်ယောက်က ဘန်ဝှိုက်ပါ။ ဘန်ဝှိုက်ဟာ ဂါဘရီယယ်လိုမျိုး ခွန်အားသုံးပြီးခံစစ်ကိုကစားတဲ့ကစားသမားမျိုးမဟုတ်ပဲ  တဖက်အသင်းရဲ့တိုက်စစ်ကို ကြိုတင်ခန့်မှန်းပြီး action ယူတတ်တဲ့ Proactive Player ဖြစ်ပါတယ်။ ဒီအချက်ကြောင့် ဘန်ဝှိုက်မှာ အံ့သြစရာလုပ်ဆောင်မှုရော ၊ ဟာကွက်ရောရှိတတ်ပါတယ်။

ပရီးမီးယားလိဂ်နောက်ဆုံး ရှစ်ပွဲဆက် အနိုင်ရထားတဲ့ လီဗာပူးလ်ကလည်း ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးကို အကောင်းဆုံးဖိအားပေးနေတာဖြစ်ပါတယ်။အာဆင်နယ်ကိုသာ အနိုင်ရခဲ့ရင် လီဗာပူးလ်ဟာ မန်စီးတီးနဲ့ အမှတ်ကွာခြားချက်တစ်မှတ်သာရှိတော့မှာဖြစ်တာကြောင့် ဒီပွဲကို အနိုင်ရဖို့ မဖြစ်မနေ ကြိုးစားလာမှာဖြစ်ပါတယ်။ 

အာဆင်နယ်အနေနဲ့ ခြောက်ရက်အတွင်းမှာ ကစားပွဲသုံးပွဲကစားရမှာ ဖြစ်ပြီး ပထမဆုံးပွဲစဉ်(လက်စတာနဲ့ပွဲ)ကို အနိုင်ရရှိခဲ့ပြီးဖြစ်ပါတယ်။ လီဗာပူးလ်နဲ့ပွဲစဉ်ပြီးတာနဲ့ စနေနေ့မှာတော့ အက်စတွန်ဗီလာရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။ဒီပွဲစဉ်သုံးပွဲစလုံးဟာ ခက်ခဲတဲ့ပွဲစဉ်တွေချည်းပဲ ဖြစ်ပြီး အာဆင်နယ်အနေနဲ့ အချိန်တိုအတွင်းမှာ ချန်ပီယံလိဂ်အိပ်မက်အတွက် ခက်ခဲတဲ့စစ်ဆေးမှုတစ်ခုကို ကျော်လွှားရမှာ ဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းမှာတော့ ဒဏ်ရာရကစားသမားတိုမီယာဆုတစ်ယောက်သာ ရှိနေပါတယ်။ လီဗာပူးလ်အသင်းမှာ‌တော့ ဆာလက်က ဒီပွဲစဉ်မှာ ပါ၀င်နိုင်ဖို့ သိပ်မသေချာသေးပါဘူး။ 

ပထမအကျော့ တွေ့ဆုံခဲ့စဉ်မှာတော့ ပထမပိုင်းပွဲချိန်အတွင်း ဂျာဂင်ကလော့ပ်နဲ့အာတီတာတို့ကြား တင်းမာမှုတွေဖြစ်ခဲ့ပြီးနောက် ပွဲပိုဆူလာခဲ့ပြီးနောက် လီဗာပူးလ်က အာဆင်နယ်ကို ဂိုးပြတ်အနိုင်ရခဲ့ပြီး အာတီတာတို့အတွက် စိတ်ပျက်စရာ ရလဒ်တစ်ခုဖြစ်ခဲ့ပေမယ့် ဒီလိုရှုံးပွဲတွေကနေ အကောင်ဆုံးပြန်ထပြီး အသင်းဟာ ပိုကောင်းလာခဲ့ပါတယ်။ 

နောက်ဆုံးရှစ်ပွဲဆက်မရှုံးနိမ့်ထားတဲ့ လက်ရှိအာဆင်နယ်ဟာ အဲ့ဒီ့အချိန်တုန်းက အာဆင်နယ်ထက် အနည်းငယ်ကွဲပြားတဲ့ အဆင့်အတန်းတစ်ခုကို ရောက်နေပြီဆိုတာတော့ ငြင်းစရာမရှိပါဘူး။ ဒါပေမယ့် ကြိုးကြာနီတွေကို ချေမှုန်းလောက်ဖို့အထိ အသင်းမှာ လုံလောက်တဲ့သန်မာမှုမျိုးရှိရဲ့လားဆိုတာကတော့ အာတီတာနဲ့ အသင်းသားတွေပဲ သိပါလိမ့်မယ်။ 

အာဆင်နယ်နဲ့ လီဗာပူးလ်တို့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ EFL Cup ဆီမီးဖိုင်နယ် ပွဲစဉ်တွေမှာတော့ တစ်ပွဲသရေ၊ တစ်ပွဲရှုံးဆိုတဲ့ရလဒ်ကို ဂန်းနားတွေ ပိုင်ဆိုင်ထားခဲ့ရပါတယ်။ပထမအကျော့ အန်ဖီးမှာ တစ်ယောက်လျော့နဲ့ကစားခဲ့ပြီး ‌ပွဲချိန်နောက်ဆုံးမိနစ်တွေအထိ မရှုံးနိမ့်အောင် တိုက်ပွဲ၀င်ခဲ့တာကို အားလုံးအမှတ်ရနေကြဦးမှာပါ။ 

ဒီပွဲစဉ်ကို အနိုင်ရမယ်ဆိုရင်တော့  သိပ်ကို စိတ်ကျေနပ်စရာ ကောင်းမှာ ဖြစ်ပေမယ့် ရှုံးသွားမယ်ဆိုလည်း ဘာမှဖိအားကြီးကြီးမားမားခံစားစရာ၊စိတ်ပျက်စရာ မလိုပါဘူး။ အာတီတာနဲ့ အသင်းသားတွေ အကောင်းဆုံးပြင်ဆင်လာပြီး နောက်ဆုံးမိနစ်တွေအထိ အမြှောက်တပ်သားတွေသာ ဒီလိုတိုက်တာဆိုတဲဘ စိတ်ဓာတ်ကို ပြသနိုင်ရင်ပဲ ကျေနပ်စရာကောင်းလှပါပြီ။ ကျွန်တော်ကတော့ ဒီလိုပဲ တွေးထားပါတယ်။ တစ်ခါတစ်လေတော့ ရှုံးနိမ့်နိုင်ပါတယ်။ 

ဒီပွဲမှာအနိုင်ရဖို့အတွက် အောက်ပါအချက်တွေကိုလိုအပ်မယ်ထင်ပါတယ်။

  • မာတင်နယ်လီအနေနဲ့ ဖိအားကောင်းကောင်းပေးနိုင်ဖို့လိုပါတယ်။ သူ့ရဲ့ဖိအားပေးမှုဟာ Final Third မှာနေရာလွတ်များစွာကိုဖြစ်ပေါ်စေပါလိမ့်မယ်။
  • ပါတေးနဲ့ လာကာဇက်တို့ ကန်ခွင့်တွေရပါလိမ့်မယ်။ ဒါ့ထက်ပိုပြီးတော့ လာကာဇက်အနေနဲ့ One vs One တွေပါ ရကောင်းရနိုင်ပါလိမ့်မယ်။ သူ့အနေနဲ့မလွဲချော်ဖို့လိုပါတယ်။
  • ဆာကာရဲ့ Diagonal Run တွေက စိတ်ချရပါတယ်။ သူ့ကိုထိန်းရင်း အိုဒီဂတ်အတွက် နေရာလွတ်တွေထပ်ဖြစ်မလားကတော့ စောင့်ကြည့်ရပါမယ်။
  • ဆဲဒရစ်နဲ့ တီယာနေတို့ နေရာယူမှန်ဖို့လိုပါတယ်။ လီဗာပူးလ်တောင်ပံတွေကို သူတို့ယှဥ်ပြေးဖို့ခက်ပါလိမ့်မယ်။ အရေးအကြီးဆုံးကတော့ဘန်ဝှိုက်ပါ။ သူရဲ့ ကြိုတင်တွေးဆချက်တွေအလုပ်ဖြစ်ဖို့လိုပါလိမ့်မယ်။​ဒီအချက်ဟာ လီဗာပူးရှေ့တန်းရဲ့ Performance ကိုလည်းစကားပြောမှာဖြစ်သလို သူ့အတွက်လဲမှတ်ကျောက်ဖြစ်လာပါလိမ့်မယ်။

ဒါပေမယ့် အာတီတာက ပြောခဲ့သလိုပါပဲ၊ ဒါက ဘောလုံးပါ၊ ဘာတွေဖြစ်မလဲ ဘယ်သူမှ သေချာမသိနိုင်ပါဘူး။ကျွန်တော်တို့က ခန့်မှန်းကြည့်ရုံပဲရပါတယ်။ကျန်တာကိုတော့ ကွင်းထဲမှာပဲ ဆက်ကြည့်ကြတာပေါ့။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: