Gunners’ Side – နောက်ဆုံးရအာဆင်နယ်သတင်းများ(15Mar)

တော်ရဲရားအတွက် ဖီအိုဖက်ကငွေချေရန်အသင့်

နာမည်ကျော်သတင်းထောက် ဖေဘရီဇီယိုရိုမာနိုဟာ  အငှားချကွင်းလယ်လူ တော်ရဲရားအတွက် ပေါင် ၁၂.၆ သန်းကိုပေးချေပြီး  အပြီးသတ်ခေါ်ယူဖို့အတွက် ဖီအိုရင်တီးနားဖက်က အသင့်ရှိနေကြောင်းပြောဆိုလာခဲ့ပါတယ်။ အပြီးသတ်ခေါ်ယူခွင့်ပါတဲ့အငှားစာချုပ်အရ ဖီအိုတို့ဟာ အခြေအနေကို ဆုံးဖြတ်ပိုင်ခွင့်ရှိနေပြီး ကစားသမားဖက်ကလည်းခြေစွမ်းပြထားနိုင်တာကြောင့် အပြီးသတ်ခေါ်ယူလိုနေတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ  အငှားချကစားသမားတွေဖြစ်တဲ့ တော်ရဲရားနဲ့ ဂွမ်ဒူဇီတို့ကြောင်ပေါင် ၂၁ သန်းဝန်းကျင်ခန့်ရရှိမှာဖြစ်ပါတယ်။

ကွင်းလယ်ပစ်မှတ် ဒန်နီလိုကို ခေါ်ယူချင်သူတွေများလာပြီဖြစ်လို့ လက်မနှေးဖို့ သတင်းများဖော်ပြ

အီတလီသတင်းစာ Calciomercato ရဲ့ဖော်ပြလာချက်အရ ဘရာဇီးကွင်းလယ်လူ ဒန်နီလိုဟာ အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ထဲမှာ ပါဝင်နေတယ်လို့ဆိုလာပါတယ်။  ဒါ့အပြင် အသက် ၂၀ အရွယ်ကွင်းလယ်ကစားသမားလေးကို အီတလီကလပ်တွေကလည်း စောင့်ကြည့်နေကြတယ်လို့ အဆိုပါသတင်းမှာဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်း ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဇာကာရီယာကို အာဆင်နယ်တို့က အရင်သဘောကျခဲ့ပေမယ့်အဆုံးမှာတော့ ဂျူဗင်တပ်စ်အသင်းထံသို့ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။

သုံးသပ်မှုကို ရှင်းပြရင်း  အာဆင်နယ်အသင်းက အဆင့် ၄ ဝင်နိုင်ကြောင်း သေသေချာချာပြန်ပြောပြလာတဲ့ ဂယ်ရီနဗီးလ်

ဂယ်ရီနဗီးဟာ  အာဆင်နယ်အသင်းကို အပြည့်အဝမယုံသေးဘူးဆိုတဲ့သူ့ရဲ့ယူဆချက်ကိုပြောင်းလဲလိုက်ပြီဖြစ်ကြောင်း Sky Sports ရဲ့ အစီအစဥ်ကနေ အခုလိုပြောလာခဲ့ပါတယ်။  “ ကျွန်တော် အပြည့်အဝမယုံသေးဘူးလို့ပြောခဲ့တာက  သူတို့က ပွဲကြပ်တွေမကစားရသေးလို့ပြောတာပါ။ သူတို့အဆင့်၄ ဝင်နိုင်ပါတယ်။ ဝင်မယ်လို့လဲ ကျွန်တော်ထင်ပါတယ်။  ဒါပေမယ့်  ဗုဒ္ဓဟူးနေ့မှာကစားမယ့် လီဗာပူးနဲ့ပွဲ ၊ စနေမှာကစားမယ့် ဗီလာနဲ့ပွဲတွေမှာ ရလဒ်တွေကောင်းဖို့လိုအပ်သလို စပါး ၊ မန်ချက်စတာယူနိုက်တက်တို့နဲ့လည်ကစားဖို့ကျန်နေပါသေးတယ်။ အဲ့ဒီပွဲတွေက သေချာပေါက်ခက်ခဲမှာပါ  “ ဆိုပြီးပြန်လည်ရှင်းပြသွားခဲ့ပါတယ်။

ကြောက်စရာကောင်းတဲ့အသင်းဖြစ်ဖို့ တိုက်စစ်မှုးပဲလိုတော့ကြောင်း နာမည်ကျော်ဂျာနယ်လစ်သုံးသပ်

နာမည်ကျော် ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ပေါလ်ဘရောင်းက  အာဆင်နယ်တို့ဟာ  တစ်ရာသီကို ဂိုး ၂၀ ကနေ ၃၀ ထိသွင်းယူနိုင်တဲ့တိုက်စစ်မှုးတစ်ယောက်ကိုသာရရှိခဲ့မယ်ဆိုရင် အလွန်ကြောက်စရာကောင်းတဲ့အသင်းဖြစ်လာမယ်လို့  ခန့်မှန်းသုံးသပ်သွားခဲ့ပါတယ်။ လတ်တလောမှာတော့ အာဆင်နယ်အသင်းနဲ့ အနီးစပ်ဆုံးနာမည်ထွက်နေတဲ့ကစားသမားများဖြစ်အီဆက် ၊ ကဲဗက်လီဝင်နဲ့ ဒေးဗစ်တို့ကိုအဆိုပါဆောင်းပါးမှာ ညွန်းဆိုထားတာတွေ့ရပါတယ်။

မှတ်တမ်းများအရ အိုဇေးလ်ကိုမှီဖို့လိုသေးပေမယ့် ဆန်းချက်စ်ကို ကျော်ဖို့နီးစပ်နေတဲ့ အိုဒီဂတ်

တစ်ပွဲပြီးတစ်ပွဲ အထူးခြေစွမ်းပြသနေတဲ့ ကွင်းလယ်လူအိုဒီဂတ်ဟာ  စံချိန်ကောင်းတွေရရှိထားခဲ့တဲ့ ကစားသမားဟောင်းတွေဖြစ်ကြတဲ့ ဆန်းချက်နဲ့  အိုဇေးလ်တို့နဲ့ နှိုင်းယှဥ်ဖော်ပြခံနေရပါတယ်။ လက်ရှိကိန်းဂဏန်းများအရ အိုဒီဂတ်ဟာ ယခုရာသီမှာ  အခွင့်အရေး ၄၉ ကြိမ်ဖန်တီးထားနိုင်ခဲ့ပြီး ၊ ၂၀၁၇-၁၈ ရာသီတုန်းက ဆန်းချက်စ်ရဲ့မှတ်တမ်းဖြစ်တဲ့ ၅၁ ကြိမ်ကိုမှီဖို့ ၂ ကြိမ်သာလိုတော့တာဖြစ်ပါတယ်။ မီဆွတ်အိုဇေးရဲ့  တစ်ရာသီထဲ ၈၄ ကြိမ်ဆိုတဲ့မှတ်တမ်းကိုတော့ ယခုရာသီမှာလိုက်မှီဖို့လိုနေပါသေးတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: