ခြင်ကိုက်လွန်းလို့ စိတ်ညစ်နေပြီလား

ပတ်ဝန်းကျင်မှာ အပေါများဆုံး အင်းဆက်တစ်မျိုးကို ပြောပါဆိုရင် ခြင်လို့ပဲ အတူတူ ဖြေဖြစ်ကြမယ်ထင်ပါတယ်။ ပရိသတ်ကြီးရော ဘာဖြေမှာလဲ ခြင် ပဲလား….

နေ့စဉ်မှာ ခြင်တွေကြောင့် စိတ်ညစ်နေရပြီဆိုရင်တော့ ခြင်ကင်းဝေးအောင် လုပ်ဆောင်နိုင်ဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။

ခြင်တွေ နဲ့ ကင်းကင်းနေနိုင်စေဖို့

နေထိုင်ရာ ပတ်ဝန်းကျင်ကို ခြင်ကင်းဝေးစေဖို့ဆိုရင် ဒီနည်းလမ်းလေးတွေက အသုံးတည့်မှာပါ။

  • ခြင်လုံဇကာအသုံးပြုပါ

နေအိမ်ရဲ့ တံခါးတွေနဲ့ ပြတင်းပေါက်တွေမှာ ခြင်လုံဇကာတွေတပ်ဆင်ပြီးနေအိမ်ထဲကို ခြင်တွေမဝင်ရောက်နိုင်အောင် ကာကွယ်ပါ။

  • ခြင်ထောင် သုံးပါ

ခြင်လုံဇကာတပ်ဖို့အဆင်မပြေဘူးဆိုရင်ခြင်ထောင်အသုံးပြုပေးလည်းရပါတယ်။ တရားထိုင် ခြင်ထောက်ကစလို့ အဆင်ပြေမယ့် ခြင်ထောင် အမျိုးအစားကို စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။

  • လေအေးပေးစက် အသုံးပြုပါ

နောက်ထပ်လုပ်လို့ရတဲ့ နည်းလမ်းတစ်ခုကနေအိမ်တံခါးတွေကို လုံအောင်ပိတ်ပြီး လေအေးပေးစက်ဖွင့်ထားလို့လည်း ရပါတယ်။ လေအေးပေးစက်မရှိဘူးဆိုရင် ပန်ကာဖွင့်ထားလို့ရပါတယ်။

  • ငှက်မွေးပါ

နေအိမ်မှာ ငှက်ကလေးတွေမွေးထားတာကလည်းခြင်တွေကို နှိမ်နှင်းရာမှာ ထိရောက်တဲ့နည်းလမ်းတစ်ခုပါ။ ကြက်လေးတွေ ငှက်လေးတွေကခြင်ကိုအစားအစာအဖြစ်စားသုံးကြပါတယ်။

ငှက်ကို သီးသန့်မမွေးနိုင်ဘူးဆိုရင်နေအိမ်အနီးဝန်းကျင်မှာ ငှက်အိမ်လေးတွေဆောက်လုပ်ပေးထားလိုက်ပါ။ အသိုက်လာဖွဲ့တဲ့ငှက်လေးတွေကခြင်နှိမ်နှင်းရေးကို တစ်ဖက်တစ်လမ်းက အကူအညီပေးပါလိမ့်မယ်။

  • ရေဝပ်နေတဲ့နေရာတွေထဲကိုကော်ဖီမှုန့်တွေဖြူးပေးပါ

ကော်ဖီမှုန့်မှာခြင်သားလောင်းလေးတွေကိုသေစေနိုင်တဲ့ အစွမ်းရှိပါတယ်။ကော်ဖီကြိုက်တတ်သူတွေဆိုရင်တော့ ဒီနည်းလမ်းကအဆင်ပြေတာပေါ့နော်။ သုံးပြီးသားကော်ဖီမှုန့်တွေကို နေအိမ်အနီးအပါးမှာရှိနေတဲ့ ရေဝပ်နေတဲ့ နေရာတွေမှာဖြူးပေးလိုက်ပါ။ ထုံးမှုန့် ဖြူးပေးလို့လည်း ရပါတယ်။

  • ခြင်ပြေးစေတဲ့အပင်တွေစိုက်ပါ

တိုက်ခန်းနဲ့နေသူတွေဆိုရင်တော့ ဝရံတာဒါမှမဟုတ် အခန်းတွင်းမှာ၊ခြံနဲ့နေသူတွေဆိုရင်တော့နေအိမ်အနီးဝန်းကျင် နဲ့ ခြံထဲမှာခြင်ပြေးစေတဲ့အပင်တွေစိုက်ထားပြီးခြင်ကင်းစင်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးလို့ရပါတယ်။ခြင်ပြေးစေဖို့ လာဗင်ဒါပန်းပင်၊ ပူစီနံပင်၊ကြောင်ဆေးပင်၊ ပင်စိမ်းပင်နဲ့ ကြက်သွန်ဖြူပင် (ကြက်သွန်မိတ်) တို့စိုက်ထားလို့ရပါတယ်။

  • ခြင်ဆေးသုံးပါ

ခြင်ပြေးအောင်အသုံးပြုလေ့ရှိတဲ့ အသုံးများတဲ့ နည်းလမ်းတစ်ခုပါ။ ခြင်ဆေးဆိုတဲ့နေရာမှာ ခြင်ဆေးခွေကိုအသုံးပြုနိုင်သလို ခြင်ပြေးစက်၊ခြင်ဆေးစပရေးဆိုပြီး ရွှေးချယ်စရာ အများကြီးပါ။  

နောက်ထပ် အသုံးပြုလို့ရတဲ့ နည်းလမ်း တစ်ခုကတော့ မီးခဲလေးတွေပေါ်ကို နနွင်းမှုန့် ဖြူးပေးတာမျိုးဖြစ်ပါတယ်။

ဒီနည်းလမ်းလေးတွေကတော့ ခြင်တွေတလောင်းလောင်းနဲ့ စိတ်အနှောင့်အယှက် ကြီးကြီးမားမားဖြစ်နေသူတွေကို စိတ်အေးချမ်းသာစေမယ့် နည်းလမ်းတွေပါ။ အားလုံးပဲ ခြင်ရန်ကင်းကင်းနဲ့ နေနိုင်ကြပါစေနော် …။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: